Latest News

Monday, May 16, 2016

ခရီးသည်တင်မှန်လုံ Express ယာဉ် ဝါယာရှောခ့်ဖြစ်ကာမီးလောင်



ပန်းတနော်၊ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရုံးတောကျေးရွာအနီး၊ ပန်းတနော်-အိမ်မဲ ကားလမ်း မိုင်တိုင် အမှတ် ၁၅/၃ နှင့် ၁၅/၄ အကြားတွင် မေ ၁၅၊ နံနက် ၁၁း၃ဝ နာရီအချိန်က လပွတ္တာမှ ရန်ကုန်သို့ ယာဉ်မောင်း ဦးမောင်ကြီး (၅ဝ) နှစ် ၊ ယာဉ်နောက်လိုက် ဦးသန်းထွန်း တို့ မောင်းနှင်လာသော ယာဉ်အမှတ် ၈ဇ/၆၃၅၄ ၊ ပန်တာ အမျိုးအစား ၊ ဖြူ/နီကြားရောင် ခရီးသည်တင်မှန်လုံ Express ယာဉ်သည် ကားအင်ဂျင်နောက်ခန်းအတွင်းမှ ဝါယာရှောခ့်ဖြစ် ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းသည့်နေရာသို့ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်သိန်းဦးပါ ၉ ဦးတို့မှ မီးသတ်ယာဉ် ၂ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂း၂ဝ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ဒုရဲမှူး မြင့်သိန်းဦးပါ ၉ ဦး၊ ရုံးတောကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးနှင့်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ ဆယ်အိမ်မှူးတို့မှ ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့သည်။ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂ဝဝ ခန့်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။
-
ပန်းတနော် (ပြန်/ဆက်)
MOI






No comments:

Post a Comment