Latest News

Sunday, May 15, 2016

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး






· 
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးမှ မေလ၁၅ရက်နေ့၊ငပုတောမြို့နှင့်ကျောင်းကုန်းမြို့ ဆေးရုံများ သွားရောက်ပြီး ပြည်သူများတွေ့ဆုံ၊
Street Man to AJN ( Ayeyarwaddy Journalist Network )



ဒီနေ့ နေ့လယ်အိပ် ပျော်နေတုန်း မိန်းမကလာခေါ်တယ် ယောက်ျားရေ တိုင်း ၂လွှတ်တော်
ကိုယ်စားလှယ်ကမေးနေတယ်တဲ့။ လက်ဖက်ရည်ဆိုင်မှာတဲ့ ရောက်သွားတော့ သူတင်မဟုတ်ဘူး
တိုင်းလူမှုရေးဝန်ကြီးဒေါက်တာဒေါ်လှမြတ်သွေးပါထိုင်နေတာတွေ့ရတော့အားနာနာနဲ့ဝင်ထိုင်ဖြစ်
ခဲ့ပါတယ်။

ကြားတာကတော့ပညာရေးကိစ္စကျောင်းပညာရေးဌာနကိုလာတာပေါ့ အဆောင်အယောင်
မရှိရုတ်တရက်လာတော့ ပညာရေးမှုးလောက်ပဲသိတဲ့ဝန်ကြီးနဲ့ကိုယ်စားလှယ် ရုံးခန်းအဝမှာမိမိကိုယ်
ကိုမိတ်ဆက်ပြီးဝင်ခဲ့ရတယ်တဲ့ ။

လ္ဘက်ရည်သောက်အပြီး လ္ဘက်ရည်ဖိုးရှင်းဖို့ ကျွန်တော်ကထလိုက်တော့မရှင်းရပါဘူးတဲ့။ဒီလူငါးယောက်ထဲမှာ ကိုခင်မောင်ဇော်နဲ့သူမကလွဲရင်ဘယ်သူရှင်းတာမှမဖြစ်ရပါဘူးတဲ့ ။ချမှတ်ထားသောစည်းကမ်းပါတဲ့။
 နောက်လက်ဖက်ရည်ဆိုင်ရှေ့ကစတိုးဆိုင်မှာဝယ်စရာကိစ္စတွေကိုနေပူပူမှာကိုယ်ဖါသာထဝယ်ပြီး မေးစရာရှိတဲ့ဟာမေးပြီးနုတ်ဆက်ပြန်သွားတဲ့တိုင်းလွှတ်တော်ကိုယ်စာလှယ်ကိုခင်မောင်ဇော်နဲ့
လူမူရေးဝန်ကြီးဒေါက်တာဒေါ်လှမြတ်သွေးတို့ ပြန်ထွက်သွားရာနေပူပူနောက်ကြောအားငေးကြည့်ရင်းက
 နောက်ပိုင်းဘယ်လိုပြောင်းလဲမှု့ တွေလုပ်ကြရဦးမည် ကြီးလေးရှုပ်ထွေးလှသောနိုင်ငံအရေးတွေကြား
ဘယ်မျှပင်ပန်းကြီးစွာလုပ်ဆောင်ကြရမည်ကိုစဉ်းစားရင်းကကျွန်တော်လက်သန်းလေး ကျေနပ်စွာကြည့်ရင်းနဲ့မှင်စွန်းတာချင်းတူတူ ပင်ပင်ပန်းပန်းနဲ့တထောင့်တနေရာက ပြီးခဲ့လေသောတာဝန်တွေကိုကျေနပ်စွာ
ခံယူရင်းနဲ့ အနာဂါတ်မျိုးဆက်သစ်တို့အတွက် ဆက်လက်ချီတက်ရဦးမည်။
အောင်ကျော်ဇော/ကျောင်းကုန်း

No comments:

Post a Comment