Latest News

Sunday, May 15, 2016

‎နှစ်တန်းကျောင်းသူနှစ်ဦးအားနာရီနဲ့ချီပြီးအတန်းပြင်ထုတ်အပြစ်ပေးသောပုသိမ်မြို့‬ အလက(၁) ဒုတိယတန်း (က)မှ ဆရာမဒေါ်နီနီ


ဖေဖော်ဝါရီလအတွင်းက ပုသိမ်မြို့ အလက(၁)တွင်စာသင်ကြားနေသောဒုတိယတန်းကျောင်းသူနှစ်ဥအား ဆရာမဖြစ်သူကအချိန်နှစ်နာရီခန့်အတန်းပြင်ထုတ်ကာလက်ပိုက်မတ်တပ်ရပ်ခိုင်းကာဒဏ်ပေးခဲ့
သည်ဟုသိရသည်။
ပုသိမ်အလက၁မှ ဆရာမဒေါ်နီနီကသူမရှေ့ တွင်စာရေးနေစဉ် နောက်မှ လိုက်ရေးသောကြောင့် ကျောင်းသူများကို ယခုလိုဒဏ်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပုသိမ်မြို့ မြို့ နယ်ပညာရေးနှင့်တိုင်းတာဝန်ရှိလူကြီးများတိုင်ကြားစစ်ဆေးချက်များရယူပြီးသော်လည်း အရေးယူမှုတစ်စုံတရာမရှိသေးကြောင်းကြားသိရပါသည်။
...............................................................
သက်ဆိုင်ရာ ပုသိမ်မြို့ မြို့နယ်ပညာရေးနဲ့ တိုင်းပညာရေးမှတာဝန်ရှိလူကြီးမင်းများ ဒီအမှူနဲ့ပတ်သက်ပြီး စစ်ဆေးချက်များလဲရယူခဲ့ပြီး အတန်းတင်စာမေးပွဲမဖြေခင်မှစသည်မှာ ယခုပညာသင်နှစ်အသစ်သို့ရောက်ရှိပါတော့မည်။အမှူစစ်ဆေးပြီးရက်ပိုင်းအကြာ လူကြီးမင်းတို့ပုံနှင့် အမှူစစ်သည့် အသံဖိုင်ပါ recording များကျနော့်ထံတွင်ရှိပါသောကြောင့် အမှူအားအမှန်အကန်ဆုံးဖြတ်စေလိုကြောင်းပိုစ့်တင်သည့်အခါ လူကြီးမင်းတို့ဘက်မှ လျိုဝုက်သင့်သည့်ကိစ္စဟုပြောကာ ၎င်း ပိုစ့်အားဖျက်ပေးပါရန် လူလွှတ်ပြီးတွေ့ဆုံရန်ခေါ်သောတစ်ခါသာ ဆက်သွယ်ခဲ့ပြီး ယခုချိန်ထိ ဆက်သွယ်လာခြင်းမရှိသေးပါသဖြင့် တိုင်ကြားသူဘက်မှ အမှူနှင့်ပတ်သက်သည့်ကြေနပ်လောက်သည့်အဖြေအား စောင့်မျှော်နေပါသည်။


တိုင်ကြားသူ
သန်းဇော်သက်

No comments:

Post a Comment