Latest News

Saturday, May 14, 2016

ကျုံပျော်မြို့နယ် ကမ်းနာမဲဇလီကျေးရွာနှင့် ကန်ကလေးကျေးရွာ ကြားက ဘောတံတား


ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ကမ်းနာမဲဇလီကျေးရွာနှင့် ကန်ကလေးကျေးရွာ ကြားတွင် ငဝန်မြစ်အတွင်းသို့စီးဝင်သော ကမ်းနားမဲဇလီချောင်းတည်ရှိပါသည်။ကျေးရွာနှစ်ခုကိုဆက်သွယ်ထားသောဘောတံတား ဟာဖြတ်သန်းခအလွန်တောင်းခံပါသည်။ လူကြီးတစ်ဦးကို ၂၅၀ ခလေး၁၀၀ ထော်လာဂျီး အသွားအပြန်၁၅၀၀ ပေးဆောင်နေရပါသည်။ ကမ်နားမဲဇာလီကျေးရွာဘက်တွင် အထက်တန်းကျောင်းတည်ရှိပါသည်။

ထိုဘောတံတားကိုကျေးရွာမှ ပေးဆောင်နေရသောအခွန်အခမှ နှစ်ပေါင်းများစွာရှိ၍ ထိုသို့ပေးဆောင်နေရပါသော်လည်း ကျေးရွာဖွံ့ဖြိုးသင့်သည်မှာ အမှန်ပင်ကြာပါသည်။မကြာမီ မိုးရာသီကိုရောက်ရှိတော့မည်။ကျောင်းသားကျောင်းသူများ အတွက် အသက်အန္တာရယ် ရင်း၍ ပညာသင်ကြားနေရပါသည် ။သို့ဖြစ်ပါ၍ တံတားအသစ် တည်ဆောက်ပေးပါရန်နှင့် လက်ရှိတံတားကြေးမှာလဲ အလွန်ပင်များပြားသောကြောင့် ကျေးရွာနေကျေးလတ်ပြည်သူများ ကရင်တိုင်းရင်းသားလူမျိုးများ အပေါ်အခက်အခဲ ဖြစ်နေပါသည်။

သို့ဖြစ်ပါ၍ ဦးမန်းဂျော်နီ ဦးဆောင်သောဧရာဝတီတိုင်းဝန်ကြီးချုပ်မှ စည်ပင်တံတားအခွန်အခ ကိစ္စနှင့် တံတားအသစ်တည်ဆောက်ပေးနိုင်ပါရန် အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။
(သင့်၏ Share တစ်ချက်ဖြင့် အများပြည်သူများအတွက် ကူညီပါ)
Ko Phyo Lay 



No comments:

Post a Comment