Latest News

Monday, May 16, 2016

ဧရာဝတီတိုင်းအစိုးရအဖွဲ့ နှင့် ဧရာဝတီမီဒီယာသမားများ ဘာလဲဘယ်လဲ

ဧရာဝတီတိုင်းအစိုးရနှင့် ဧရာဝတီမီဒီယာသမားများဘာလဲ၊ဘယ်လဲ။

ယခင်ကြံ့ ခိုင်ရေးပါတီမှ ၀န်ကြီးချုပ်ဦးသိန်းအောင်လက်ထက်တွင်
မီဒီယာများနှင့် ပြဿ      နာမဖြစ်ခဲ့သော်လည်း ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၀န်ကြီးချုပ်ဦးမန်းဂျော်နီလက်ထက်တွင် ၄၅ ရက်အတွင်း အဆင်မပြေမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်းဧရာဝတီတိုင်းသတင်းသမားတစ်ဦးက သူ၏ဖေ့ဘွတ်တွင်ရေးသားထားသည်ကိုတွေ့ ရှိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်းကို အင်တာဗျူး ရန်သွားရောက်ခွင့်တောင်းစဉ် ၀န်ကြီးမှ မချေမငံဆက်ဆံခဲ့ကြောင်း အဆိုပါမီဒီယာသမားမှရေးသားထားသည်။

ဧပြီ ၂၇ရက်နေ့ ကဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ ညွန်ကြားရေးမှူးများ တွေ့ဆုံပွဲတွင် သတင်းဝင်ရောက်ယူခွင့်မရရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီဂျာနယ်လစ်ကွန်ရက်မှအပြင်းအထန်ကန့် ကွက်ပြီးတိုင်းအစိုးရအဖွဲ့အားဝေဖန်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ ခဲ့သည်။
(၀န်ကြီးချုပ်သို့ အိတ်ဖွင့်ပေးစာ-http://www.timeayeyar.com/2016/04/blog-post_709.html)

NLD ၀န်ကြီးဦးဘဟိန်းဖက်မှယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းချက်တစ်စုံတရာကြားသိရလျှင် တိုင်းဧရာမှ ထပ်မံဖော်ပြပါမည်။

တိုင်းဧရာ
(ကိုယ့်ထမင်းကိုယ်စားဧရာဝတီသတင်းသမားများ)

 https://www.facebook.com/salaizamte?fref=nf
 https://www.facebook.com/profile.php?id=100009689268591




No comments:

Post a Comment