Latest News

Saturday, May 14, 2016

စိုက်ပျိုးရေးနှင့် အထွေထွေသမ၀ါယမ နောက်တိုးအသင်းသား ၈၃၂ ဦးအတွက် အသေးစားအရင်းအနှီိးချေးငွေများပေးအပ်



ဝါးခယ်မ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ်အတွင်းရှိ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေသမ၀ါယမအသင်း ၂၂ သင်းမှ နောက်တိုးအသင်းသား တောင်သူလယ်သမားများသို့ အသေးစား အရင်းအနှီးချေငွေ ပေးအပ်ပွဲကို မြို့နယ်သမ၀ါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ ၁၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သမ၀ါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေသမ၀ါယမအသင်းများ၏ ချေးငွေဆိုင်ရာ ကိစ္စရပ်များပြောကြားကာ မြို့နယ် သမ၀ါယမအသင်းစု ဥက္ကဋ္ဌဦးတင်ဝင်းက ယခုထုတ်ချေးပေးသောချေးငွေများကို အချိန်နှင့်တပြေးညီ ထုတ်ချေးပေးခြင်းဖြစ်ပြီး အသေးစားချေးငွေထုတ်ယူထားသော တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းခွင်များ၌ အကျိုးရှိရှိထည့်သွင်းအသုံးပြုကြရန်နှင့် အဆိုပါချေးငွေများကို သက်မှတ်ရက်အမှီ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားရန်မှာကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သမ၀ါယမဦးစီိးဌာနမှ ၀န်ထမ်းများ၊ အသင်းစု ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ အခြေခံ စိုက်/ထွေ သမ၀ါယမအသင်း ၂၂ သင်းမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၀ါးခယ်မမြို့နယ်အတွင်းရှိ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေသမ၀ါယမအသင်း ၂၂ သင်းမှ နောက်တိုးအသင်းသားများဖြစ်သော ကျွန်းကုန်းတိုက်နယ်မှ ၃၉ ဦး၊ ကျုံတိုင်တိုက်နယ်မှ ၃၉၈ ဦး၊ ကျုံမငေးတိုက်နယ်မှ ၈၂ ဦး၊ ရွှေလောင်းတိုက်နယ်မှ ၁၉၂ ဦး၊ မောင်းဒီးတိုက်နယ်မှ ၆၉ ဦးနှင့် ငှက်ပျောချောင်းတိုက်နယ်မှ ၅၂ ဦး စုစုပေါင်း ၈၃၂ ဦးအတွက် အသေးစားချေးငွေကျပ် ၈၃၂ သိန်းအား တာဝန်ရှိသူများက တိုက်နယ်အသီးသီးမှ အသင်း ဥက္ကဋ္ဌများထံသို့ လွှဲပြောင်းပေးအပ် ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)
Hlwann Thiha










No comments:

Post a Comment