Latest News

Wednesday, May 25, 2016

ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေရေး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ


ဝါးခယ်မ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက် နံနက်မှစကာ ကျောင်းအသီးသီးရှိ ဆရာ၊ ဆရာမများက ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း သိရသည်။
ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေရေး ၂၀၁၆ -၂၀၁၇ ပညာသင်နှစ် ပြည်လုံးကျွတ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ (၂၅) ရက်မှ (၃၁) ရက်အထိ သတ်မှတ်ဆောင်ရွက်ထားရှိပြီး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်အတွက် အခမဲ့ထောက်ပံ့မှုများနှင့်အတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ကျောင်းအပ်နှံမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၅ - ၂၁၀၆ ပညာသင်နှစ်တွင် ၀ါးခယ်မမြို့နယ်အတွင်း အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေးမှာ ၃၆၁၀၉ ဦး၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးမှာ ၁၅၅၈၇ ဦးနှင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၅၆၁၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)







No comments:

Post a Comment