Latest News

Friday, May 20, 2016

အနီရောင်အဆင့် ဖြစ်လာပြီး ကုန်းတွင်း ဖြတ်ကျော်မယ့် မုန်တိုင်းသတိပေးချက်


"ရွန်နူ" ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသဖြင့် လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်း‌ခြေဒေသကို ကော့ဘဇားမြို့နှင့် စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၄၀)မှ (၄၅)မိုင်ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၂၁.၅.၂၀၁၆)ရက်နေ့မှ (၂၃.၅.၂၀၁၆)ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။
Ref : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန



No comments:

Post a Comment