Wednesday, May 11, 2016
ပုသိမ်မြို့မရဲစခန်း ရက် ၁၀၀ စီမံချက်အရ ဆိုင်ကယ်ထိုင်ခုံ အောက်မှငွေ ခိုးယူသူများအား ဖမ်းဆီး
ပုသိမ်မြို့မရဲစခန်း ရက် ၁၀၀ စီမံချက်အရ ဆိုင်ကယ်ထိုင်ခုံ အောက်မှငွေ ခိုးယူသူများအား ဖမ်းဆီးနိုင်မှု
(၁.၅.၂၀၁၆ ) ရက်နေ့ည ၉ နာရီခန့်ဦးကြည်ဝင်းသည် ၎င်း ဆိုင်ကယ်ဖြင့် ကင်မလင်းကျွန်းလမ်း မြကန်သာဆိုင်ရှေ့ တွင် ကြံရည်ဝယ်ပြီးနောက် ပြန်စဉ်ဆိုင်ကယ်ထိုင်ခုံအောက် မှ ငွေ၆ သိန်းကျော်ပျောက်ဆုံးသဖြင့် ခိုးယူသွားသူများအား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ပုသိမ်မြို့မရဲစခန်းမှ (ပ) ၁၅၂/၁၆ ပုဒ်မ
၃၇၉ ဖြင့်အမှုဖွင့်စုံစမ်းခဲ့သည်။
အမှုအား ရက် ၁၀၀ စီမံချက်အရ ရဲအုပ်ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ပုသိမ်ခရိုင်မှုနှိမ်အဖွဲ့ ရဲအုပ် ငြိမ်းချမ်းကျော်နှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမှုအရ ပြစ်မှုကျုး လွန်သူများဖြစ်သော မျိုးထိုက်အောင် (ခ) ပေါက်ချောင် ထန်းကုန်းလေးလမ်း ပုသိမ်မြို့ မျိုးဇော် ထန်းကုန်းလေးလမ်း ပုသိမ်မြို့ ထက်ပိုင်ဇေ(ခ) ရှတီ တို့ (၃) ဦးအား ဖမ်းဆီးကာ ခိုးယူသွားသည့်ငွေများအားသိမ်းဆည်းနိုင်ခဲ့ပါသည်။
တရားခံများ ပြစ်မူကျုးလွန်သည့် ပုံသဏာန်မှာ ဆိုင်ကယ် တစ်စီးအား ၃ ယောက်အတူစီးနင်းလာပြီး မြကန်သာဆိုင် ရှေ့တွင် ကြံရည်ဝယ်နေသော ဦးကြည်ဝင်းအား မျိုးဇော်နှင့် ရှတီမှ လူကွယ်ပေးပြီး ပေါက်ချောင်မှ ဆိုင်ကယ်ဖင်ထိုင်ခုံ အောက်မှ ငွေ ၆ သိန်းအား ခိုးယူခဲ့ကြောင်း ကနဦးစစ် ချက်များအရ ပေါ်ပေါက်ခဲ့
အမှုပေါ်ပေါက်အောင်ကူညီခဲ့သူများအား ပုသိမ်မြို့နယ် ရဲ တပ်ဖွဲ့မှ အထူးကျေးဇူးတင်ကြောင်းနှင့် ပုသိမ်မြို့တွင် ဆိုင် ကယ်ထိုင်ခုံအောက်မှ ငွေခိုးယူမှုများ လျော့နည်းသွားမည် ဟု ရက် ၁၀၀ စီမံချက်အရ ယုံကြည်ကြောင်း ပုသိမ်မြို့သူ / သားများအား သိစေအပ်ပါသည်။
ကျေးဇူးတင်ပါသည်
Zaw Min Tun
ပုသိမ်မြို့မရဲစခန်း ရက် ၁၀၀ စီမံချက်အရ ဆိုင်ကယ်ထိုင်ခုံ အောက်မှငွေ ခိုးယူသူများအား ဖမ်းဆီး
Reviewed by timeayeyar
on
4:50 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment