Latest News

Thursday, April 7, 2016

ရာဇဝတ္မႈမ်ားအတြက္ သူမ ရွိသည္

 ခပ္နိမ့္နိမ့္ ႏွစ္ထပ္တိုက္ အ ေဆာင္ရဲ႕ အဝင္ဝမွာ ခ်ိတ္ဆြဲထား တဲ့အျပာေရာင္ ေအာက္ခံေပၚမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဇလြန္ၿမိဳ႕မရဲ စခန္း ဇလြန္ၿမိဳ႕လို႔ စာလံုးျဖဴနဲ႔ ေရး ထားပါတယ္။

ႏွစ္ထက္တိုက္လို႔ ဆိုေပမယ့္ မခမ္းနား။ အေဆာက္အအံုနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာေတာ့ ေၾကြၿပား နဲ႔ သီးသန္႔သပ္သပ္ရပ္ရပ္ ေဆာက္ လုပ္ထားတဲ့ေနရာမွာ ႏိုင္ငံေတာ္ အလံကို အေလးျပဳႏိုင္ရန္နဲ႔ မနီး မေဝး ေဘးနားမွာ သစၥာအဓိ႒ာန္ (၄)ခ်က္ ”ငါတို႔သည္ႏိုင္ငံေ တာ္ႏွင့္ ႏိုင္ငံသားတို႔၏ သစၥာကို ေစာင့္သိ ႐ိုေသပါမည္။

ငါတို႔သည္ တရားဥပေဒႏွင့္ အညီ တိတိက်က် မွန္မွန္ကန္ကန္ ရပ္တည္ ေဆာင္ရြက္ပါမည္။

ငါ့အား အထက္မွေပးအပ္ ေသာ အမိန္႔ႏွင့္ တာဝန္ကို ေက် ပြန္စြာထမ္းေဆာင္ပါမည္။

ငါ့ႏိုင္ငံေတာ္၊ ငါ့ႏိုင္ငံသား၊ ငါ့တပ္ဖြဲ႕အတြက္ ငါ၏အသက္ကို စြန္႔လႊတ္ရန္ အဓိ႒ာန္ျပဳပါ၏”

အေဆာင္အအံု အခန္းတြင္း မွာေတာ့ အမႈစစ္ ႐ံုးခန္းေနရာ၊ စခန္းမွဴး ႐ံုးခန္းေနရာနဲ႔ အက်ဥ္း သားမ်ားကို ထိန္းသိမ္းထားတဲ့ေန ရာမွ လြဲၿပီး ဟိုတစ္လံုး ဒီတစ္လံုး ျဖန္႔ခင္းထားေနတဲ့ ထိုင္ခံုေလး မ်ားႏွင့္သာ။

စခန္းမွဴး အခန္းထဲကို ဝင္ လိုက္တဲ့အခါ ႏိုင္ငံေတာ္အလံနဲ႔ အတူ သမၼတႀကီး ဓာတ္ပံုကို ခ်ိတ္ ဆြဲထားၿပီး အဲဒီေအာက္မွာေတာ့ သပ္ ရပ္စြာ စီရီထားတဲ့ လုပ္ငန္း ေဆာင္ရြက္မႈ တာဝန္ခြဲတန္းမွတ္ တမ္းမ်ားအျပင္ ဇလြန္ၿမိဳ႕ရဲ႕ ေျမပံု ကိုလည္း ေတြ႔ျမင္ရပါတယ္။

”အမႈစစ္႐ံုးခန္း”လို႔ေတြ႔တာ နဲ႔ေဝ့ဝဲၾကည့္မိေတာ့ အမ်ိဳးသမီး တစ္ဦးက တရားခံတစ္ဦးကို စစ္ ေဆးေမးျမန္းေနတဲ့ ျမင္ကြင္း။

ထူး ျခားတာက အဲဒီအမ်ိဳးသမီးက သက္လတ္ပိုင္းအရြယ္၊ မိန္းမသား ဆိုေပမယ့္ မ်က္ႏွာတစ္ခုလံုး ၿပံဳးရယ္တာမ်ိဳးမရွိ။ တရားခံကို စိုက္ ၾကည့္ေနတဲ့ သူမရဲ႕မ်က္လံုး ေတြက ေျပးေပါက္မရွိေအာင္ အ မွန္တရားတစ္ခုကို ဝန္ခံဖို႔ တြန္း အားေပးေနတဲ့ အၾကည့္မ်ိဳး။

တရားခံရဲ႕ ထြက္ဆိုခ်က္ကို ”ေသခ်ာလား” ဆိုၿပီး တိက်ျပတ္ သားစြာ တုံ႔ျပန္လိုက္တဲ့သူမရဲ႕အသံ က အခန္းက်ဥ္းတစ္ခုလံုး ျမည္ ဟိန္းသြားပါတယ္။

တရားခံလည္း တုံ႔ခနဲျဖစ္သြား သလို အခန္းတြင္းမွာလည္း တိတ္ ဆိတ္သြား ျပန္တယ္။

အမႈစစ္အၿပီး အမႈစစ္႐ံုးခန္း ထဲကထြက္လာတဲ့ သူမရဲ႕မ်က္ႏွာ တစ္ခုလံုးက ေက်နပ္တဲ့ အေျဖ တစ္ခုကိုရသလိုမ်ိဳး ခ်က္ခ်င္း ေျပာင္းလဲ သြားၿပီး သူမရဲ႕ အမူအ ရာက ခက္ထန္ မာေက်ာေနတဲ့ မ်က္ႏွာမဟုတ္ေတာ့ပါ။ အၿပံဳးမ်ား၊ ေဖာ္ေရြသည့္စကားမ်ား၊ ႏွစ္လို ဖြယ္ေကာင္း တဲ့ အမူအရာမ်ားကို တအံ့တၾသ ျမင္ေတြ႕ခဲ့ရပါတယ္။

”အလုပ္မွာ ကိုယ္က မိန္းမ သားဆိုၿပီး အားႏြဲ႕တာ တစ္ခါမွ မျဖစ္ဘူး”လို႔ ေဒၚေအးေအးမာက ျပတ္သားစြာဆိုပါတယ္။

မိန္းမ ေယာက်္ားခြဲျခား ဆက္ ဆံတာကိုအစ္မကေတာ့ မွားတယ္ ျမင္တယ္။ လူတစ္ေယာက္စီတိုင္းမွာလုပ္ကိုင္ႏိုင္တဲ့ မတူညီတဲ့အ ရည္အခ်င္းရွိတယ္။ ေယာက်္ားမွာ လည္းေယာက်္ား၊ မိန္းမမွာလည္း မိန္းမ သူ႔ေနရာနဲ႔သူ ေတာ္ၾက တတ္ၾကထက္ျမက္ၾကပါတယ္ လို႔ ေဒၚေအးေအးမာက ရယ္ကာ ဆက္ ေျပာခဲ့ပါတယ္။

အခန္းတစ္ခုကို သူမဝင္လိုက္ တာနဲ႔ အေဆာင္အေယာင္မ်ားကို တစ္ခုခ်င္းစီခြာခ်ကာ သာမန္ အ မ်ိဳးသမီးတစ္ဦးလိုပဲ အၿပံဳးမ်ား က ေဝေဝဆာဆာ။

”အစ္မက ေဘာင္းဘီရွည္ကို ပဲအၿမဲဝတ္ရတာအမႈျဖစ္တာနဲ႔ ခ်က္ ခ်င္း ထေျပးလို႔ရေအာင္” လို႔ ေရ တစ္ခြက္ကို တစ္ရွိန္ထိုးေမာ့ေ သာက္ ၿပီး သူမ စကားဆက္ပါတယ္။

ေဒၚေအးေအးမာဟာ ဧရာ ဝတီတိုင္းတစ္ခုလံုး အမႈစစ္မိန္း ကေလး ဒုရဲအုပ္အျဖစ္ နာမည္ ေက်ာ္ခဲ့ေပမယ့္ တိုးတိုးတိတ္တိတ္ တာဝန္ထမ္းေဆာင္ၿပီး အမႈမ်ားစြာ ကို ေဖာ္ထုတ္ႏိုင္ခဲ့သူျဖစ္ပါတယ္။ သူမဟာ ဇလြန္ၿမိဳ႕မ ရဲစခန္းရဲ႕ အရာရွိေလးဦးရွိတဲ့အနက္ ဒုရဲ အုပ္တစ္ဦးျဖစ္ၿပီး သူမကို ၁၉၇၆ ခုႏွစ္မွာ ဦးညြန္႔ေမာင္ + ေဒၚျမ သိန္းတို႔က ဇလြန္ၿမိဳ႕နယ္၊ က်ံဳရွ ေက်းရြာမွာ ေမြးဖြားခဲ့ပါ တယ္။ ေမာ င္ႏွမငါးဦးရွိတဲ့အနက္ ဒုတိယ ေျမာက္သမီး ျဖစ္ပါတယ္။

၁၉၉၇ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ အေျခခံတပ္သားအျဖစ္ဝင္ေရာက္ ခဲ့ၿပီး ႏိုင္ငံတာဝန္ကို နယ္ေျမေနရာ မေရြးခ်ယ္ဘဲ ေက်ပြန္စြာ ထမ္း ေဆာင္ခဲ့ပါတယ္။

ေဒၚေအးေအးမာရဲ႕ ဖခင္ျဖစ္ သူဟာလည္း ၂ဝဝ၆ ခုႏွစ္မွာဇလြန္ ၿမိဳ႕နယ္ ဒုရဲအုပ္အျဖစ္နဲ႔ သက္ျပည့္ ပင္စင္ယူခဲ့ၿပီး လက္ရွိမွာ မိသားစု စီးပြားေရးလုပ္ငန္းျဖစ္တဲ့ လယ္ လုပ္ငန္းကို လုပ္ေဆာင္ေနပါတယ္။ ညီအစ္မသံုးဦးကေတာ့ ေက်ာင္း ဆရာမမ်ားျဖစ္ၾကၿပီး ႏို႔ညႇာေမာင္ ျဖစ္သူကေတာ့ အထက္တန္းေရွ႕ ေနတစ္ဦးျဖစ္ေပမယ့္ မိဘမ်ားနဲ႔အ တူ ရြာမွာပဲ မိသားစုလုပ္ငန္းကို ဦး ေဆာင္လုပ္ကိုင္ေနပါတယ္။

”အေဖက ဆယ္တန္းမေအာင္ ဘူး။ အလုပ္ေပၚ သစၥာရွိတယ္ ႀကိဳးစားတယ္။ အဲဒီကေနတစ္ဆင့္ အရာရွိျဖစ္သြားတာပါ။ ကြၽန္မ လည္း အေဖလိုပဲ ဒီအလုပ္ကို ျမတ္ ႏိုးလို႔ လုပ္ခဲ့တာပါ” လို႔ ေဒၚေအး ေအးမာက ေျပာပါတယ္။

အေဖက အမႈေတြအမ်ားႀကီး ေဖာ္ထုတ္ႏိုင္ခဲ့တဲ့အျပင္၊ သြား ေရာက္ဖမ္းဆီးတဲ့အခါမွာ လက္ နက္ေတြလည္းရလာတယ္။ ဓားျပ မႈမွာ လည္း ေသနတ္ရလာခဲ့တယ္။ အေဖကအလုပ္ေပၚမွာ သိပ္သံ ေယာဇဥ္ႀကီးတာ၊ အေဖ့သမီးျဖစ္ တဲ့အတြက္ ဂုဏ္ယူခဲ့ရတယ္လို႔ ေဒၚေအးေအးမာက ဆက္ေျပာပါ တယ္။

၂ဝဝဝ ခုႏွစ္မွာေတာ့ ေဒၚေအးေအးမာဘြဲ႕ရခဲ့ပါတယ္။

” ၄ဝေအာက္လို႔ ေခၚတဲ့အ တြက္ ကံေကာင္းသြားတာပါ။ သင္ တန္းမွာကိုယ္က ၃၆ႏွစ္ဆိုေတာ့ ႀကီးေနတယ္ ၂၃ ႏွစ္အရြယ္ေတြနဲ႔
ယွဥ္ၿပီးေတာ့လုပ္ရတယ္။ က်န္ခဲ့ မလားဆိုၿပီးပိုႀကိဳးစားရတယ္” လို႔ ၿပံဳးၿပီး ေျပာျပခဲ့ပါတယ္။

အရာရွိ မေခၚတဲ့ ၁၄ ႏွစ္တာ ကာလအၿပီး ျပည္ထဲေရးဝန္ႀကီး ဌာန ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ၂ဝ၁၂ ခုႏွစ္မွာ ျပန္လည္ေခၚ ယူခဲ့တဲ့အ တြက္ ဝင္ေရာက္အေရြး ခ်ယ္ခံ၊ ၿပီးေတာ့ သင္တန္းေတြကို အဆင့္ဆင့္တက္ေရာက္ခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္ ဧၿပီ ၂၂ ရက္ေန႔မွာ ေရ တာရွည္မွ ဇလြန္ၿမိဳ႕နယ္သို႔ ဒုရဲ အုပ္ျဖစ္ တာဝန္က်ခဲ့ပါတယ္။

၂ဝ၁၅ ခုႏွစ္ ေမလ ဇလြန္ ၿမိဳ႕နယ္မွာ စတင္တာဝန္ထမ္း ေဆာင္ခဲ့ၿပီး ပထမဆံုး စစ္ေဆးရ တဲ့ အမႈမွာ (၃၂၆) အျပင္းအထန္ နာ က်င္ေစမႈျဖစ္ၿပီး အမႈ စုစုေပါင္း ၅၈ မႈကို စစ္ေဆးရာမွာအားလံုး တရားစြဲဆိုႏိုင္ခဲ့ပါတယ္။

”ပထမဆံုးစစ္ေဆးရတဲ့အမႈ က ဓားထိုးမႈေပါ့။ မိန္းမသားမို႔လို မလုပ္ႏိုင္ဘူး ထင္တာလံုးဝမႀကိဳက္ ဘူး။ အေျပာလည္းခံရပါတယ္။ ဒါေပမဲ့ ကြၽန္မလိုခ်င္တဲ့ ပန္းတိုင္ က ဘာလဲ။ အဲဒီ ပန္းတိုင္ကို မ ေရာက္ေရာက္ေအာင္ သြားတယ္။ အဲဒါက ကြၽန္မအတြက္ခြန္အားပဲ။ ၂ဝ၁၆ ဒီ၂လအတြင္းမွာေတာ့အမႈ ဆယ္မႈစစ္ၿပီးၿပီ” လို႔ အမႈစစ္စာ ရြက္ေတြကို ငံု႕ၾကည့္ၿပီး ေဒၚေအး ေအးမာက ေျပာျပခဲ့ပါတယ္။

ရဲတစ္ေယာက္ရဲ႕ တစ္ေန႔တာ တာဝန္ေတြဟာ မနက္ ၇ နာရီ ခြဲမွ ည ၉ နာရီထိ ထမ္းေဆာင္ ရၿပီး၊ အေရးေပၚျဖစ္ပါကလည္း မိသား စုအေရးထက္ ဦးစားေပးၿပီး တာ ဝန္ကို ေက်ပြန္ေအာင္လုပ္ေဆာင္ ရတာ ေတြ႔ရပါတယ္။

”အမႈခန္း စစ္ေဆးတာ၊ ပတ္ ဝန္းက်င္သန္႔ရွင္းေရး၊ လက္နက္ တိုက္ခြၽတ္တာကအစ အစ္မ စစ္ ေဆးၿပီး ကိုယ္တိုင္ လုပ္ေဆာင္ တယ္” လို႔လည္း ေျပာပါတယ္။

ရဲလုပ္သားေတြရဲ႕တာဝန္က ႏိုင္ငံေတာ္လုံၿခံဳေရး၊ ႏိုင္ငံေတာ္အ ႀကီးအကဲမ်ားလံုၿခံဳေရး၊ ျပည္သူ လံုၿခံဳေရး စတာေတြကို သူတို႔ရဲ႕ အသက္ကို စြန္႔လႊတ္ၿပီးေဆာင္ရြက္ ဖို႔ အဓိ႒ာန္ျပဳထားၾကပါတယ္။ ဒါေပမဲ့ ရဲတပ္ဖြဲ႕လို႔ ဆိုလိုက္တာနဲ႔ တခ်ိဳ႕က အျမင္မၾကည္၊ လာဘ္စား ေနတယ္လို႔သာ ျမင္ေနတတ္ၾက ပါတယ္။

”ကြၽန္မကေတာ့ မတရားတာ ကိုတရားေအာင္ လုပ္ေပးဖို႔အတြက္ ရဲလုပ္ငန္းကိုလုပ္တာပါ။ ဒါကြၽန္မ ခံယူခ်က္ပါ” လို႔ ေလသံ ျပတ္ျပတ္ သားသားန႔ဲ ေဒၚေအးေအးမာက ေျပာပါတယ္။

”မုဒိမ္းမႈေတြ လာတိုင္တန္း တာ တခ်ဳိ႕ဆိုေတာ္ေတာ္ေနာက္က် တာေတြ႔ရတယ္။ ဒါက်ဴးလြန္သူ ကိုလြတ္ေျမာက္ဖို႔ အခြင့္အေရးေပး တာနဲ႔အတူတူပဲ။ ဘာအမႈပဲျဖစ္ျဖစ္ ဘယ္လိုအမႈပဲျဖစ္ျဖစ္၊ ျဖစ္ျဖစ္ခ်င္း လာတိုင္ပါ ျပည္သူေတြ ကြၽန္မတို႔ ရဲတပ္ဖြဲ႔နဲ႔ပူးေပါင္းေစခ်င္ပါ တယ္။ ျပည္သူေတြမပါရင္ ကြၽန္မတို႔လုပ္ ငန္းေႏွာင့္ေႏွးတယ္” လို႔ ေဒၚေအး ေအးမာက ျဖစ္စဥ္ေတြကို ရွင္းျပ ခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ရဲ႕ လုပ္ထံုးလုပ္နည္း မ်ား၊ တာဝန္မ်ားက သစၥာအဓိ႒ာန္ (၄)ခ်က္နဲ႔ အၿမဲဒြန္တြဲေနေၾကာင္း သူမက ရွင္းျပၿပီး၊ လာမယ့္ မတ္လ ၃၁ ရက္မွာ တက္လာမယ့္ အစိုးရ ေခါင္းေဆာင္သစ္ေပၚမွာလည္း သူမရဲ႕ သေဘာထားမ်ားကိုပြင့္ ပြင့္လင္းလင္းေျပာျပခဲ့ပါတယ္။
”ဘယ္ေခါင္းေဆာင္ပဲ တက္ တက္၊ဘယ္သူပဲတက္တက္ ကြၽန္မတို႔က ျပည္သူထဲက ျပည္သူေတြ ျဖစ္ တယ္။ ျပည္သူ႕အက်ိဳး ကိုလုပ္ ေနတဲ့ ျပည္သူေတြျဖစ္တဲ့အတြက္ ကြၽန္မကေတာ့ ကြၽန္မတာဝန္ကို ေက်ပြန္ေအာင္ထမ္းေဆာင္မွာပဲ” လို႔ တည္တည္ ၾကည္ၾကည္နဲ႔ ေဒၚေအးေအးမာက ေျပာပါတယ္။

”တာဝန္ေတြေၾကာင့္ မိသား စုနဲ႔ ေဝးကြာခဲ့ၿပီး၊ သားေလးကို အခ်ိန္ျပည့္ မၾကည့္ႏိုင္တဲ့အတြက္ စိတ္မေကာင္းျဖစ္ခ့ဲရတယ္” လို႔ သူမက ေျပာျပခဲ့ပါတယ္။

ေဒၚေအးေအးမာ နယ္မွာ တာဝန္ထမ္းေဆာင္ေနတုန္းမွာ ေတာ့ သားျဖစ္သူနဲ႔အတူ သြားရ ေပမယ့္ တာဝန္ေတြေၾကာင့္ သား ကို အခ်ိန္ျပည့္ မၾကည့္ႏိုင္သလို ခင္ပြန္းသည္နဲ႔ မိဘတို႔ အေပၚ လည္း ဝတၱရားမေက်ပြန္ႏိုင္တဲ့အ တြက္ စိတ္မေကာင္းျဖစ္မိတယ္ လို႔ သူမက တိုးတိတ္စြာ ေျပာျပခဲ့ပါ တယ္။

ဒုရဲအုပ္ ေဒၚေအးေအးမာရဲ႕ ခင္ပြန္းက တပ္ၾကပ္ ဦးေက်ာ္ေက်ာ္ ျဖစ္ၿပီးလက္ရွိ ဇလြန္ၿမိဳ႕နယ္ရဲ စခန္းမွာ တာဝန္ထမ္းေဆာင္ၿပီး ၂ဝ၁၅ ခုႏွစ္မွသာ မိသားစုသံုးဦး စုစုစည္းစည္း ေနထိုင္ႏိုင္ခဲ့တယ္ လို႔ သိရပါတယ္။

”သားေလးက ေလးႏွစ္ပဲရွိ ေသးတယ္။ ရဲအလုပ္ကိုေတာ္ ေတာ္ ဝါသနာပါတာေတြ႔ရတယ္။ အစ္မကေတာ့ ပံ့ပိုးေပးဖို႔ အဆင္ သင့္ပါပဲ” လို႔ အသံျမႇင့္ၿပီး ေဒၚ ေအးေအးမာက ဂုဏ္ယူစြာ ေျပာ ျပခဲ့ပါတယ္။

”ဒုရဲအုပ္ဆိုေပမယ့္ အစ္မက အေမတစ္ေယာက္ပါ။ ဇနီးတစ္ ေယာက္ပါ။ အသည္းႏွလံုးရွိပါ တယ္။ ဒါေပမဲ့ အစ္မအလုပ္က လူတစ္ေ ယာက္ ႏွစ္ေယာက္ကို လံုၿခံဳေအာင္ ကာကြယ္တဲ့အလုပ္ မဟုတ္ဘူး။ အစ္မနယ္ပယ္ထဲက ျပည္သူေတြကို လံုၿခံဳေအာင္ ကာ ကြယ္တဲ့ တာဝန္”လို႔ ေခါင္းငံု႔ကာ တိုးတိတ္စြာ သူမက ေျပာျပခဲ့ပါ တယ္။

အျပင္က ေခၚသံတခ်ိဳ႕ေၾကာင့္ ထြက္သြားတဲ့သူမရဲ႕ ေျခလွမ္းေတြ က ေယာက်္ားတစ္ေယာက္ထက္ ေျခလွမ္းက်ဲသည္။ ေနပူေသာ္ လည္း အမႈျဖစ္တယ္လို႔ သတင္း ရတာနဲ႔ စခန္းမွဴးကို အေၾကာင္း ၾကားၿပီး ဆိုင္ကယ္ကိုစက္ႏႈိးရင္း ”အခု သားေလးထမင္း စားခ်ိန္။ အစ္မ သူ႕ကုိ ခြံ႕ေကြၽးတဲ့ ထမင္း သူစားရခဲပါတယ္” လို႔ ေျပာခဲ့တဲ့ သူမအသံက သူမ ေမာင္းထြက္ သြားတဲ့ ဆိုင္ကယ္အရွိန္ေၾကာင့္ လြင့္တက္လာတဲ့ ဖုန္မႈန္႕ေတြနဲ႔အ တူ ေလထဲကို ပ်ံတက္သြားပါေတာ့ တယ္။

ထူးထူး
Popular Myanmar
.........................
ရာဇဝတ်မှုများအတွက် သူမ ရှိသည်

ခပ်နိမ့်နိမ့် နှစ်ထပ်တိုက် အ ဆောင်ရဲ့ အဝင်ဝမှာ ချိတ်ဆွဲထား တဲ့အပြာရောင် အောက်ခံပေါ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဇလွန်မြို့မရဲ စခန်း ဇလွန်မြို့လို့ စာလုံးဖြူနဲ့ ရေး ထားပါတယ်။

နှစ်ထက်တိုက်လို့ ဆိုပေမယ့် မခမ်းနား။ အဆောက်အအုံနဲ့ မျက်နှာချင်းဆိုင်မှာတော့ ကြွေပြား နဲ့ သီးသန့်သပ်သပ်ရပ်ရပ် ဆောက် လုပ်ထားတဲ့နေရာမှာ နိုင်ငံတော် အလံကို အလေးပြုနိုင်ရန်နဲ့ မနီး မဝေး ဘေးနားမှာ သစ္စာအဓိဋ္ဌာန် (၄)ချက် ”ငါတို့သည်နိုင်ငံေ တာ်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။

ငါတို့သည် တရားဥပဒေနှင့် အညီ တိတိကျကျ မှန်မှန်ကန်ကန် ရပ်တည် ဆောင်ရွက်ပါမည်။

ငါ့အား အထက်မှပေးအပ် သော အမိန့်နှင့် တာဝန်ကို ကျေ ပွန်စွာထမ်းဆောင်ပါမည်။

ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်ဖွဲ့အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏”

အဆောင်အအုံ အခန်းတွင်း မှာတော့ အမှုစစ် ရုံးခန်းနေရာ၊ စခန်းမှူး ရုံးခန်းနေရာနဲ့ အကျဉ်း သားများကို ထိန်းသိမ်းထားတဲ့နေ ရာမှ လွဲပြီး ဟိုတစ်လုံး ဒီတစ်လုံး ဖြန့်ခင်းထားနေတဲ့ ထိုင်ခုံလေး များနှင့်သာ။

စခန်းမှူး အခန်းထဲကို ဝင် လိုက်တဲ့အခါ နိုင်ငံတော်အလံနဲ့ အတူ သမ္မတကြီး ဓာတ်ပုံကို ချိတ် ဆွဲထားပြီး အဲဒီအောက်မှာတော့ သပ် ရပ်စွာ စီရီထားတဲ့ လုပ်ငန်း ဆောင်ရွက်မှု တာဝန်ခွဲတန်းမှတ် တမ်းများအပြင် ဇလွန်မြို့ရဲ့ မြေပုံ ကိုလည်း တွေ့မြင်ရပါတယ်။

”အမှုစစ်ရုံးခန်း”လို့တွေ့တာ နဲ့ဝေ့ဝဲကြည့်မိတော့ အမျိုးသမီး တစ်ဦးက တရားခံတစ်ဦးကို စစ် ဆေးမေးမြန်းနေတဲ့ မြင်ကွင်း။

ထူး ခြားတာက အဲဒီအမျိုးသမီးက သက်လတ်ပိုင်းအရွယ်၊ မိန်းမသား ဆိုပေမယ့် မျက်နှာတစ်ခုလုံး ပြုံးရယ်တာမျိုးမရှိ။ တရားခံကို စိုက် ကြည့်နေတဲ့ သူမရဲ့မျက်လုံး တွေက ပြေးပေါက်မရှိအောင် အ မှန်တရားတစ်ခုကို ဝန်ခံဖို့ တွန်း အားပေးနေတဲ့ အကြည့်မျိုး။

တရားခံရဲ့ ထွက်ဆိုချက်ကို ”သေချာလား” ဆိုပြီး တိကျပြတ် သားစွာ တုံ့ပြန်လိုက်တဲ့သူမရဲ့အသံ က အခန်းကျဉ်းတစ်ခုလုံး မြည် ဟိန်းသွားပါတယ်။

တရားခံလည်း တုံ့ခနဲဖြစ်သွား သလို အခန်းတွင်းမှာလည်း တိတ် ဆိတ်သွား ပြန်တယ်။

အမှုစစ်အပြီး အမှုစစ်ရုံးခန်း ထဲကထွက်လာတဲ့ သူမရဲ့မျက်နှာ တစ်ခုလုံးက ကျေနပ်တဲ့ အဖြေ တစ်ခုကိုရသလိုမျိုး ချက်ချင်း ပြောင်းလဲ သွားပြီး သူမရဲ့ အမူအ ရာက ခက်ထန် မာကျောနေတဲ့ မျက်နှာမဟုတ်တော့ပါ။ အပြံုးများ၊ ဖော်ရွေသည့်စကားများ၊ နှစ်လို ဖွယ်ကောင်း တဲ့ အမူအရာများကို တအံ့တသြ မြင်တွေ့ခဲ့ရပါတယ်။

”အလုပ်မှာ ကိုယ်က မိန်းမ သားဆိုပြီး အားနွဲ့တာ တစ်ခါမှ မဖြစ်ဘူး”လို့ ဒေါ်အေးအေးမာက ပြတ်သားစွာဆိုပါတယ်။

မိန်းမ ယောကျ်ားခွဲခြား ဆက် ဆံတာကိုအစ်မကတော့ မှားတယ် မြင်တယ်။ လူတစ်ယောက်စီတိုင်းမှာလုပ်ကိုင်နိုင်တဲ့ မတူညီတဲ့အ ရည်အချင်းရှိတယ်။ ယောကျ်ားမှာ လည်းယောကျ်ား၊ မိန်းမမှာလည်း မိန်းမ သူ့နေရာနဲ့သူ တော်ကြ တတ်ကြထက်မြက်ကြပါတယ် လို့ ဒေါ်အေးအေးမာက ရယ်ကာ ဆက် ပြောခဲ့ပါတယ်။

အခန်းတစ်ခုကို သူမဝင်လိုက် တာနဲ့ အဆောင်အယောင်များကို တစ်ခုချင်းစီခွာချကာ သာမန် အ မျိုးသမီးတစ်ဦးလိုပဲ အပြံုးများ က ဝေဝေဆာဆာ။

”အစ်မက ဘောင်းဘီရှည်ကို ပဲအမြဲဝတ်ရတာအမှုဖြစ်တာနဲ့ ချက် ချင်း ထပြေးလို့ရအောင်” လို့ ရေ တစ်ခွက်ကို တစ်ရှိန်ထိုးမော့ေ သာက် ပြီး သူမ စကားဆက်ပါတယ်။

ဒေါ်အေးအေးမာဟာ ဧရာ ဝတီတိုင်းတစ်ခုလုံး အမှုစစ်မိန်း ကလေး ဒုရဲအုပ်အဖြစ် နာမည် ကျော်ခဲ့ပေမယ့် တိုးတိုးတိတ်တိတ် တာဝန်ထမ်းဆောင်ပြီး အမှုများစွာ ကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ဇလွန်မြို့မ ရဲစခန်းရဲ့ အရာရှိလေးဦးရှိတဲ့အနက် ဒုရဲ အုပ်တစ်ဦးဖြစ်ပြီး သူမကို ၁၉၇၆ ခုနှစ်မှာ ဦးညွန့်မောင် + ဒေါ်မြ သိန်းတို့က ဇလွန်မြို့နယ်၊ ကျံုရှ ကျေးရွာမှာ မွေးဖွားခဲ့ပါ တယ်။ မော င်နှမငါးဦးရှိတဲ့အနက် ဒုတိယ မြောက်သမီး ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အခြေခံတပ်သားအဖြစ်ဝင်ရောက် ခဲ့ပြီး နိုင်ငံတာဝန်ကို နယ်မြေနေရာ မရွေးချယ်ဘဲ ကျေပွန်စွာ ထမ်း ဆောင်ခဲ့ပါတယ်။

ဒေါ်အေးအေးမာရဲ့ ဖခင်ဖြစ် သူဟာလည်း ၂ဝဝ၆ ခုနှစ်မှာဇလွန် မြို့နယ် ဒုရဲအုပ်အဖြစ်နဲ့ သက်ပြည့် ပင်စင်ယူခဲ့ပြီး လက်ရှိမှာ မိသားစု စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လယ် လုပ်ငန်းကို လုပ်ဆောင်နေပါတယ်။ ညီအစ်မသုံးဦးကတော့ ကျောင်း ဆရာမများဖြစ်ကြပြီး နို့ညှာမောင် ဖြစ်သူကတော့ အထက်တန်းရှေ့ နေတစ်ဦးဖြစ်ပေမယ့် မိဘများနဲ့အ တူ ရွာမှာပဲ မိသားစုလုပ်ငန်းကို ဦး ဆောင်လုပ်ကိုင်နေပါတယ်။

”အဖေက ဆယ်တန်းမအောင် ဘူး။ အလုပ်ပေါ် သစ္စာရှိတယ် ကြိုးစားတယ်။ အဲဒီကနေတစ်ဆင့် အရာရှိဖြစ်သွားတာပါ။ ကျွန်မ လည်း အဖေလိုပဲ ဒီအလုပ်ကို မြတ် နိုးလို့ လုပ်ခဲ့တာပါ” လို့ ဒေါ်အေး အေးမာက ပြောပါတယ်။

အဖေက အမှုတွေအများကြီး ဖော်ထုတ်နိုင်ခဲ့တဲ့အပြင်၊ သွား ရောက်ဖမ်းဆီးတဲ့အခါမှာ လက် နက်တွေလည်းရလာတယ်။ ဓားပြ မှုမှာ လည်း သေနတ်ရလာခဲ့တယ်။ အဖေကအလုပ်ပေါ်မှာ သိပ်သံ ယောဇဉ်ကြီးတာ၊ အဖေ့သမီးဖြစ် တဲ့အတွက် ဂုဏ်ယူခဲ့ရတယ်လို့ ဒေါ်အေးအေးမာက ဆက်ပြောပါ တယ်။

၂ဝဝဝ ခုနှစ်မှာတော့ ဒေါ်အေးအေးမာဘွဲ့ရခဲ့ပါတယ်။

” ၄ဝအောက်လို့ ခေါ်တဲ့အ တွက် ကံကောင်းသွားတာပါ။ သင် တန်းမှာကိုယ်က ၃၆နှစ်ဆိုတော့ ကြီးနေတယ် ၂၃ နှစ်အရွယ်တွေနဲ့
ယှဉ်ပြီးတော့လုပ်ရတယ်။ ကျန်ခဲ့ မလားဆိုပြီးပိုကြိုးစားရတယ်” လို့ ပြံုးပြီး ပြောပြခဲ့ပါတယ်။

အရာရှိ မခေါ်တဲ့ ၁၄ နှစ်တာ ကာလအပြီး ပြည်ထဲရေးဝန်ကြီး ဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂ဝ၁၂ ခုနှစ်မှာ ပြန်လည်ခေါ် ယူခဲ့တဲ့အ တွက် ဝင်ရောက်အရွေး ချယ်ခံ၊ ပြီးတော့ သင်တန်းတွေကို အဆင့်ဆင့်တက်ရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ ရေ တာရှည်မှ ဇလွန်မြို့နယ်သို့ ဒုရဲ အုပ်ဖြစ် တာဝန်ကျခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် မေလ ဇလွန် မြို့နယ်မှာ စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး ပထမဆုံး စစ်ဆေးရ တဲ့ အမှုမှာ (၃၂၆) အပြင်းအထန် နာ ကျင်စေမှုဖြစ်ပြီး အမှု စုစုပေါင်း ၅၈ မှုကို စစ်ဆေးရာမှာအားလုံး တရားစွဲဆိုနိုင်ခဲ့ပါတယ်။

”ပထမဆုံးစစ်ဆေးရတဲ့အမှု က ဓားထိုးမှုပေါ့။ မိန်းမသားမို့လို မလုပ်နိုင်ဘူး ထင်တာလုံးဝမကြိုက် ဘူး။ အပြောလည်းခံရပါတယ်။ ဒါပေမဲ့ ကျွန်မလိုချင်တဲ့ ပန်းတိုင် က ဘာလဲ။ အဲဒီ ပန်းတိုင်ကို မ ရောက်ရောက်အောင် သွားတယ်။ အဲဒါက ကျွန်မအတွက်ခွန်အားပဲ။ ၂ဝ၁၆ ဒီ၂လအတွင်းမှာတော့အမှု ဆယ်မှုစစ်ပြီးပြီ” လို့ အမှုစစ်စာ ရွက်တွေကို ငုံ့ကြည့်ပြီး ဒေါ်အေး အေးမာက ပြောပြခဲ့ပါတယ်။

ရဲတစ်ယောက်ရဲ့ တစ်နေ့တာ တာဝန်တွေဟာ မနက် ရ နာရီ ခွဲမှ ည ၉ နာရီထိ ထမ်းဆောင် ရပြီး၊ အရေးပေါ်ဖြစ်ပါကလည်း မိသား စုအရေးထက် ဦးစားပေးပြီး တာ ဝန်ကို ကျေပွန်အောင်လုပ်ဆောင် ရတာ တွေ့ရပါတယ်။

”အမှုခန်း စစ်ဆေးတာ၊ ပတ် ဝန်းကျင်သန့်ရှင်းရေး၊ လက်နက် တိုက်ချွတ်တာကအစ အစ်မ စစ် ဆေးပြီး ကိုယ်တိုင် လုပ်ဆောင် တယ်” လို့လည်း ပြောပါတယ်။

ရဲလုပ်သားတွေရဲ့တာဝန်က နိုင်ငံတော်လုံခြံုရေး၊ နိုင်ငံတော်အ ကြီးအကဲများလုံခြံုရေး၊ ပြည်သူ လုံခြံုရေး စတာတွေကို သူတို့ရဲ့ အသက်ကို စွန့်လွှတ်ပြီးဆောင်ရွက် ဖို့ အဓိဋ္ဌာန်ပြုထားကြပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့လို့ ဆိုလိုက်တာနဲ့ တချို့က အမြင်မကြည်၊ လာဘ်စား နေတယ်လို့သာ မြင်နေတတ်ကြ ပါတယ်။

”ကျွန်မကတော့ မတရားတာ ကိုတရားအောင် လုပ်ပေးဖို့အတွက် ရဲလုပ်ငန်းကိုလုပ်တာပါ။ ဒါကျွန်မ ခံယူချက်ပါ” လို့ လေသံ ပြတ်ပြတ် သားသားနဲ့ ဒေါ်အေးအေးမာက ပြောပါတယ်။

”မုဒိမ်းမှုတွေ လာတိုင်တန်း တာ တချို့ဆိုတော်တော်နောက်ကျ တာတွေ့ရတယ်။ ဒါကျူးလွန်သူ ကိုလွတ်မြောက်ဖို့ အခွင့်အရေးပေး တာနဲ့အတူတူပဲ။ ဘာအမှုပဲဖြစ်ဖြစ် ဘယ်လိုအမှုပဲဖြစ်ဖြစ်၊ ဖြစ်ဖြစ်ချင်း လာတိုင်ပါ ပြည်သူတွေ ကျွန်မတို့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းစေချင်ပါ တယ်။ ပြည်သူတွေမပါရင် ကျွန်မတို့လုပ် ငန်းနှောင့်နှေးတယ်” လို့ ဒေါ်အေး အေးမာက ဖြစ်စဉ်တွေကို ရှင်းပြ ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း များ၊ တာဝန်များက သစ္စာအဓိဋ္ဌာန် (၄)ချက်နဲ့ အမြဲဒွန်တွဲနေကြောင်း သူမက ရှင်းပြပြီး၊ လာမယ့် မတ်လ ၃၁ ရက်မှာ တက်လာမယ့် အစိုးရ ခေါင်းဆောင်သစ်ပေါ်မှာလည်း သူမရဲ့ သဘောထားများကိုပွင့် ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
”ဘယ်ခေါင်းဆောင်ပဲ တက် တက်၊ဘယ်သူပဲတက်တက် ကျွန်မတို့က ပြည်သူထဲက ပြည်သူတွေ ဖြစ် တယ်။ ပြည်သူ့အကျိုး ကိုလုပ် နေတဲ့ ပြည်သူတွေဖြစ်တဲ့အတွက် ကျွန်မကတော့ ကျွန်မတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်မှာပဲ” လို့ တည်တည် ကြည်ကြည်နဲ့ ဒေါ်အေးအေးမာက ပြောပါတယ်။

”တာဝန်တွေကြောင့် မိသား စုနဲ့ ဝေးကွာခဲ့ပြီး၊ သားလေးကို အချိန်ပြည့် မကြည့်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

ဒေါ်အေးအေးမာ နယ်မှာ တာဝန်ထမ်းဆောင်နေတုန်းမှာ တော့ သားဖြစ်သူနဲ့အတူ သွားရ ပေမယ့် တာဝန်တွေကြောင့် သား ကို အချိန်ပြည့် မကြည့်နိုင်သလို ခင်ပွန်းသည်နဲ့ မိဘတို့ အပေါ် လည်း ဝတ္တရားမကျေပွန်နိုင်တဲ့အ တွက် စိတ်မကောင်းဖြစ်မိတယ် လို့ သူမက တိုးတိတ်စွာ ပြောပြခဲ့ပါ တယ်။

ဒုရဲအုပ် ဒေါ်အေးအေးမာရဲ့ ခင်ပွန်းက တပ်ကြပ် ဦးကျော်ကျော် ဖြစ်ပြီးလက်ရှိ ဇလွန်မြို့နယ်ရဲ စခန်းမှာ တာဝန်ထမ်းဆောင်ပြီး ၂ဝ၁၅ ခုနှစ်မှသာ မိသားစုသုံးဦး စုစုစည်းစည်း နေထိုင်နိုင်ခဲ့တယ် လို့ သိရပါတယ်။

”သားလေးက လေးနှစ်ပဲရှိ သေးတယ်။ ရဲအလုပ်ကိုတော် တော် ဝါသနာပါတာတွေ့ရတယ်။ အစ်မကတော့ ပံ့ပိုးပေးဖို့ အဆင် သင့်ပါပဲ” လို့ အသံမြှင့်ပြီး ဒေါ် အေးအေးမာက ဂုဏ်ယူစွာ ပြော ပြခဲ့ပါတယ်။

”ဒုရဲအုပ်ဆိုပေမယ့် အစ်မက အမေတစ်ယောက်ပါ။ ဇနီးတစ် ယောက်ပါ။ အသည်းနှလုံးရှိပါ တယ်။ ဒါပေမဲ့ အစ်မအလုပ်က လူတစ်ေ ယာက် နှစ်ယောက်ကို လုံခြံုအောင် ကာကွယ်တဲ့အလုပ် မဟုတ်ဘူး။ အစ်မနယ်ပယ်ထဲက ပြည်သူတွေကို လုံခြံုအောင် ကာ ကွယ်တဲ့ တာဝန်”လို့ ခေါင်းငုံ့ကာ တိုးတိတ်စွာ သူမက ပြောပြခဲ့ပါ တယ်။

အပြင်က ခေါ်သံတချို့ကြောင့် ထွက်သွားတဲ့သူမရဲ့ ခြေလှမ်းတွေ က ယောကျ်ားတစ်ယောက်ထက် ခြေလှမ်းကျဲသည်။ နေပူသော် လည်း အမှုဖြစ်တယ်လို့ သတင်း ရတာနဲ့ စခန်းမှူးကို အကြောင်း ကြားပြီး ဆိုင်ကယ်ကိုစက်နှိုးရင်း ”အခု သားလေးထမင်း စားချိန်။ အစ်မ သူ့ကို ခွံ့ကျွေးတဲ့ ထမင်း သူစားရခဲပါတယ်” လို့ ပြောခဲ့တဲ့ သူမအသံက သူမ မောင်းထွက် သွားတဲ့ ဆိုင်ကယ်အရှိန်ကြောင့် လွင့်တက်လာတဲ့ ဖုန်မှုန့်တွေနဲ့အ တူ လေထဲကို ပျံတက်သွားပါတော့ တယ်။

ထူးထူး
Popular Myanmar

No comments:

Post a Comment