Tuesday, April 5, 2016
ဟင်္သာတမြို့ အလုပ်ရုံမှ အလုပ်သမ (၃) ဦးပျောက်ဆုံးနေ
ကနောင်စုရပ်ကွက်၊ ရန်ရှင်း(၇)လမ်း၊ စိန်စင်္ကြာလွယ်အိတ်ထုတ်လုပ်ငန်းမှ နေ့စားအလုပ်သမနှစ်ဦးနှင့် ညအိပ်အလုပ်ဆင်းအလုပ်သမ တစ်ဦးတို့သည် (၃-၄-၂၀၁၆) ရက်နေ့ ညနေ(၃)နာရီ တွင် အသုတ်စားမည်ဟုပြောဆို၍ စက်ရုံမှပြင်ပသို့ထွက်ခွာသွားပြီး ယနေ့အချိန်ထိပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ပျောက်ဆုံးသွားသော အလုပ်သမများဖြစ်သည့် မလင်းလင်းအိ (၁၇)နှစ်၊ မမေဇင်ဖူး(၁၆)နှစ်၊ မအိမာအောင်(၁၅) နှစ် တို့၏ လက်ကိုင်ဖုန်းများအား ပိတ်ထားသဖြင့် ၊ အလုပ်ရုံတာဝန်ရှိသူမှ မိဘများထံ အကြောင်းကြားခဲ့ပြီး၊ မြို့မရဲစခန်း၊ ဟင်္သာတတွင်လည်း လူပျောက်တိုင်ကြားထားကြောင်း သိရသည်။
မိန်းကလေးငယ်များ၏ အသက်သည် ငယ်ရွယ်လွန်းပြီး ၊ ဆုံးဖြတ်မှုအသိညာဏ် နည်းပါးသောအရွယ်ဖြစ်သဖြင့် မိဘများမှာ စိုးရိမ်ပူပန်နေကြသဖြင့် ကူညီပြီးစုံစမ်းပြီး ဟင်္သာတမြို့မရဲစခန်အးသို့ အသိပေးအကြောင်ကြားပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဟင်္သာတမြို့ အလုပ်ရုံမှ အလုပ်သမ (၃) ဦးပျောက်ဆုံးနေ
Reviewed by timeayeyar
on
8:01 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment