Latest News

Monday, April 18, 2016

သနားစရာအဘွားအိုအတွက်နေစရာ အိမ်

ပေးစာကဏ္ဍ။
.................................
ပုသိမ် စက်မှုမြို့တော် စီမံကိန်းနားကအခုမြင်ရတဲ့ တဲစုတ်ကလေးမှာ အဘွားအိုတယောက်နေပါတယ်။
ကျနော်က ရှမ်းရွာကို မကြာခဏ သွားတော့ လမ်းသွားရင်းတဲစုတ်ကလေးမှာ ဖြစ်သလို နေနေတဲ့ အဘွားကို မကြာခဏ တွေ့ဖြစ်နေတယ်။
အသက်ကလည်းကြီးငွေမရှိ ဆင်းရဲတော့ တဲကလေးပြိုသော်လည်းဒီနေရာလေးကိုပဲ ခိုကပ်ပြီး
ဖြစ်သလို ဆက်နေရတာပေါ့။
အခုလို သေလောက်အောင် ပူနေတဲ့အချိန်မှာ ဒီလို စုတ်ပြတ်နေတဲ့နေရာမှာ နေရတဲ့ သက်ကြီးရွယ်အို
တယောက်အတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
သိန်းပေါင်း ထောင်သောင်းချီ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေတဲ့ ပုသိမ်စက်မှုမြို့တော်စီမံကိန်းက လုပ်ငန်းရှင်များ
သနားစရာအဘွားအိုအတွက်နေစရာ အိမ်သေးသေးတလုံးလောက်နေရာပေး တည်ဆောက်လှူဒါန်းပေးရင်
အရမ်းကောင်းမယ် ထင်မိတယ်ဗျာ။
Salai Zamte

No comments:

Post a Comment