Latest News

Saturday, April 30, 2016

ကမ္ဘာ့တိရစ္ဆာန် ဆေးကုသရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးပေး

ပုသိမ် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စည်မြောင်း ၀န်ကြီးဌာန၊ မြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန မှ မြို့နယ် ဦးစီးမှူး ဒေါက်တာအောင်နိုင်နှင့်အဖွဲ့သည်ကမ္ဘာ့တိရစ္ဆာန် ဆေးကုသရေးနေ့ အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့ပေါ်ရှိသတ်မှတ်နေရာများတွင် အိမ်းမွေး တိရစ္ဆာန်ခွေးများကို ခွေးရူးရောဂါကာ ကွယ်ဆေးများ အခမဲ့လိုက်လံ ထိုးပေသည်။

ခွေးသည် အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး လူနှင့်နီးစပ်သည်။ ထို့ကြောင့်ခွေးများ တွင် ခွေးရူးရောဂါဖြစ်ပါက လူကို ကူးစပ်နိုင်ကြောင်း၊ ခွေးရူးရောဂါလူကို ကူးစပ်ပါက သေနိုင်ကြောင်း၊ ထို့ကြောင့် အိမ်းမွေးတိရစ္ဆာန် ခွေးများ ကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးသင့်ကြောင်း ဒေါက်တာအောင်နိုင် ကပြောကြားခဲ့ကြောင်း သိရှိရသည်။
MOI Webportal Myanmar


No comments:

Post a Comment