Latest News

Saturday, April 30, 2016

မြန်အောင် တာမိုင် ၂၅/၇ မှ၂၆/၁ ငါးဘတ်ချောင်းတာဘောင် မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကြည့်ရှု့စစ်ဆေး


မြန်အောင် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက မြန်အောင် တာမိုင် ၂၅/၇ မှ၂၆/၁ အတွင်းရှိ ငါးဘတ်ချောင်းတာဘောင် မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃၀ ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြင့်ဝေက ကြည့်ရှု့စစ်ဆေးရာ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန AE ဦးမြတ်သူလွင်နှင့် လုပ်ငန်း တာဝန်ခံတို့က တာဘောင်မြှင့်တင်ခြင်းပြီးစီးမှု အခြေအနေကို ရှင်းလင်းပြသကြသည်။

ငါးဘတ်ချောင်းတာသည် ယခင်နှစ်ဧရာဝတီမြစ်ရေကြီးချိန်တွင် တာဘောင်နှင့် တပြေးညီ မြစ်ရေရောက်ရှိ ခဲ့သောကြောင့်တာ၏ အနှိမ့်ဆုံးနေရာကို အမြင့်(၄)ပေ မြေသားမြှင့်တင်ခြင်း ဆောင်ရွက်သွားပြီး တာအမြင့် (၁၃) ပေ၊ တာအကျယ်(၁၄)ပေ ရှိအောင် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရ သည်။ ရွှေကျင်-ငါးဘတ်ချောင်း ရေကာတာကြီးကို ၂၀၁၅ ခုနှစ် ဧရာဝတီမြစ်ရေကြီးစဉ်က ဆည်မြောင်းဝန်ထမ်းများ၊ ဌာနဆိုင်ရာ များနှင့် ကျေးရွာသူ/ကျေးရွာသားများမှ တာထိပ်ပေါ်ရေကျော်ခြင်း မဖြစ်စေရန် ဝိုင်းဝန်းကာကွယ်ခဲ့ကြရကြောင်း သိရှိရသည်။
MOI





No comments:

Post a Comment