Latest News

Wednesday, April 27, 2016

လာဘ်ပေးသော ပြည်သူနှင့် လက်ခံသောဌာနဆိုင်ရာဝန်ထမ်း နှစ်ဉ်ီးစလုံးကိုအရေးယူမည်


မျိုးမင်းပိုင်

လာဘ်ပေး လာဘ်ယူ ပပျောက်ရေး အတွက် တံဆို့ လက်ဆောင် လက်ခံ သူ ဌာနဆိုင်ရာဝန်ထမ်းများအပါဝင် လာဘ်ပေးသောပြည်သူများကိုပါ ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြိး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားလိုက်သည်။

ပေးတဲ့ သူကလည်းပဲ သူပေးတဲ့ သူရှိလို့ ယူတဲ့ သူရှိတာ ယူတဲ့ သူက ယူပြီးတော့ ပေးတဲ့  သူနာမည်ပါ သေသေချာချာ ပြောလိုက်လို့ ရှိရင် သူဘာလို့ ပေးရတာလဲ အခုပဲသိန်း ငါးဆယ် ကိစ္စ နည်းနည်း စဉ်းစားကြည့် ပါ ဟု ၄င်းကပြောသည်။

ဧပြီလ (၂၅)ရက်နေ့ ဝန်ကြိးချုပ်က သတင်းမီးဒီယာများနှင့်တွေ့ ဆုံစဉ် လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေး အဓိကလုပ်ဆောင်မည် ဟု ကြွေးကြော်ထားသော အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့ သို့  ပုံစံများဖြင့် ချဉ်းကပ်လုပ်ဆောင်မလဲဟု The Messenger Media ၏ မေးမြန်းမှုနှင့် ဆက်စပ်၍ အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ယင်းကဲ့ သို့  လာဘ်ပေး လာဘ်ယူ ပပျောက်ရေးအတွက် ရဲဝန်းထမ်းများအပါဝင် ပြည်သူ လူထုက ပူးပေါင်းပေးရန် နှင့် တံဆို့ လက်ဆောင် လက်ခံသူများရှိပါက ပြည်သူလူထုအနေဖြင့် နာမည် မှတ်ပုံနှင့်တကွ အစိုးရအဖွဲ့ သို့ တိုင်ကြားပေးရန်လည်း ၀န်ကြီးချုပ်ကပြောသည်.။

လာဘ်ပေးတဲ့ သူရော လာဘ်ယူတဲ့ သူရော အရေးယူတာကို လက်ခံပါတယ် သို့ ပေမဲ့  အခြေခံလူတန်းစားထဲမှာ မတရား ညစ်ပတ် ခံရတဲ့  အခါကျတော့ မပေးခြင်းပဲ ပေးရတာတွေရှိလာပါတယ် ဒီလိုမျိုးအခြေနေမှာ ပေးတဲ့  သူကိုပါအရေးယူမယ်ဆို ဘယ်သူမှ တိုင်ရဲမှာမဟုတ်တော့ ဘူး အဲ့ တော့ လတ်တလောပထမအဆင့် အနေနဲ့ တော့ ပေးတဲ့ သူကို ပညာပေးအဆင့် နဲ့ လုပ်ပြီး ယူတဲ့ သူကိုသာအရေးယူသင့်တယ် ယူတဲ့သူမရှိရင် ပေးတဲ့ သူဆိုတာ ရှိမှာ မဟုတ်ဘူး အဲ့ တော့ ယူတဲ့ သူကိုလည်း မယူအောင် လုံလောက်တဲ့ လစာဖန်တီးပေးသင့်တယ် ဟု တရားလွတ်တော် ရှေ့ နေ ဦးရောဘတ်စန်းအောင်က The Messenger Media သို့ ပြောသည်။

လာဘ်ပေးလာဘ်ယူမှုများသည် တရားဥပဒေစိုးမိုးမှုရှိမှသာလျှုင်ပျောက်မည်ဟု ယုံကြည်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်ပေးရန်လည်း ၀န်ကြီးချုက်က မီဒီယာများမှတစ်ဆင့် ပြည်သူ များသို့ မေတ္တာရပ်ခံလိုက်သည်။

သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာကုမ္ပဏီကြီး တစ်ခုက သမ္မတရုံးကိုယ်ရေးအရာရှိအား နှစ်သစ်ကူးလက်ဆောင် အဖြစ် ငွေသားကျပ်သိန်း ၅၀ပေးအပ်ခဲ့ ခြင်းမျိုး နောက်နောင်တွင် မပြုလုပ်ရန် နိုင်ငံတော် သမ္မတ ရုံးက ဧပြီလ (၂၀)ရက်နေ့ တွင် အသိပညာပေးကြော်ငြာချက်တစ်ဆောင်လည်း ထုတ်ပြန်ခဲ့ သည်။

အဂတိ လိုက်စားမှု အလေ့ အထ အချိန်တိုကာလအတွင်း ပပျောက်သွားစေရန် အတွက် လက်ဆောင် ပစ္စည်းလက်ခံခြင်းနှင့် ပတ်သတ်၍ လမ်းညွန်ချက်တစ်ရပ်ကိုလည်း ဧပြိလ (၁)ရက်နေ့ ကနိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

ယင်းကဲ့ သို့ ထုတ်ပြန်ထားသော်လည်း အချို့ ဌာနဆိုင်ရာ ၀န်ထမ်းများကြားတွင် လာဘ်ပေးလာဘ်ယူမှုများမှာရှိနေဆဲဖြစ်သည်ဟု ဒေသခံ အချို့ ကပြောသည်။

ကျနော် သင်္ကြန်မတိုင်ခင် မှတ်ပုံတင်ပျောက်လို့  မြို့ နယ် လ.၀.က ရရုံးမှာသွားလုပ်တော့ ပိုက်ဆံ ပေးဖို့ ပြောတော့ မပေးလို့ မရဘူး လားလို့ မေးတော့ မပေးရင်တော့ နင်လိုချင်တဲ့  မှတ်ပုံတင် အချိန်မှီရမှာမဟုတ်ဘူးဆိုပြီးပြောလို့  ကျနော် ငါးထောင်ပေးလိုက်ရတယ် ဟု သာပေါင်းဒေသခံတစ်ဦးကပြောသည်။

ဧရ၀တီတိုင်းဒေသကြီးတွင် လူဦးရေ ခြောက်သန်းကျော်နေထိုင်လျှက်ရှိရာ
ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင် နေသည့် အစိုးရ၀န်ထမ်းပေါင်း (၁၀၂၆၅၁ )ဦး ရှိသည်။

ပိုတို ကိုပြည့်ဖြိုး မန္တလေးအလင်းသတင်းစာ
မျိုးမင်းပိုင် လူလေးမောင်သုည



No comments:

Post a Comment