Latest News

Wednesday, April 27, 2016

မူလအသားအရေတိုင်း မပုတ်မသိုးပဲတည်ရှိနေ သည့်ငါပြေမဆရာတော်ဘဒ္ဒန္တ ၀ဏ္ဏသာမိ


မြန်မာပြည် တွင် မပုတ်မသိုးပဲရှိနေသာ ဆရာတော်ကြီးများ ၏ ရုပ်ကလပ်တော်များရှိခဲ့ ပါတယ်
အခြားဆရာတော် ကြီးများ၏ရုပ်ကလပ်တော်များသည် မပုတ်မသိုးပဲ ရှိခဲ့ သော်လည်းနှစ်ကာလ
ကြာသည့် အခါ အသားအရောင်သည် မဲနက်သည် အရောင်ပြောင်းလဲသွားတတ်ပါတယ်
ယခု ကျွန်တော် ပြန်လည် ဖူးမြော်ခွင်ရခဲ့ သောဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ နယ် ငါးပြင်မကျေးရွာ ဆရာတော်ဘဒ္ဒန္တ ၀ဏ္ဏသာမိဆရာတော် ဘုရားကြီး သည် ပျံလွန်တော် မူသည်မှာသုံးနှစ်တိုင်းရှိနေပြီ ဖြစ်သော်လည်း မူလအတိုင်းရှိနေပါတယ်
ဆရာတော်ကြီး ကဖေဖော်ဝါရီလ ၅ရက်နေ့ က သက်တော် ၁၀၀ ၀ါတော် ၈၀ မှာ ပြန်လွန်တော် မူခဲ့ တာပါ ပျံလွန်တော် မမူခင်မှာ သူ ဘယ်နေ့ ဘယ်ရက် ပျံလွန်တော် မူမည်ကို ပင် ဒကာတစ်ဦးအားကြိုတင် ပြောထားခဲ့ ပါတယ်။
ဆရာတော်ကြီးသည် ရခိုင်ပြည်နယ် ကျောက်ဖြုမြို့ နယ် စနဲမင်းပြင်အုပ်စု ပေါက်ပြင်ကျေးရွာတွင် ခမည်းတော် ဦးစံရွှေ မယ်တော် ဒေါ်စံဦး တို့ မှ ၁၂၇၅ ခုနှစ် ကဆုန် လဆန်း (၄)ရက်နေ့ တွင် ဖွားမြင်ခဲ့ ပြီး ဒေသခံ ဒကာတော် တွေ ပြောပြချက်အရတော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံခဲ့ ပြိး နေ့ စဉ် တရားထိုင်ခဲ့ တယ်လို့  သိရပါတယ်
နောက်ထက် ထူးခြားတာကတော့ဆရာတော်ကြီး သတ်တော်ထင်ရှားရှိစဉ်က့ မော်တင်ဘုရားပွဲသွားဖူးမယ့် ငါးပြေမရွာသားတွေကို မသွားဖို့  သွားမယ်ဆိုလည်း ကုန်လမ်းကသွား ရေလမ်းက မသွားနဲ့ လို တားမြစ်ခဲ့ ပါတယ် ဒီလိုတားခဲ့ တာကို သေလည်းအများနဲ့ ပဲ ပျော်ပျော်ပဲ သေမယ်ဆိုပြီးရေလမ်းကသွားခဲ့ တဲ့  ငါးပြေမရွာသူ ရွာသား သုံးဆယ်ကျော်ဟာ စက်လှေတိမ်းမှောက်သေခဲ့ ကြရတယ်လို့  သိရပါတယ်။
ယခုအခါ ဆရာတော်ကြီး ရုပ်ကလပ်အားဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့ တဲ့  ငပုတောမြို့ နယ် ငါးပြေမ ရွာမှာပဲ စံကျောင်းဖြင့် ထားရှိ တည်ထားကိုးကွယ်ထားပါတယ် ။
လတ်တလောမှာ တော့ မူလအတိုင်းမပုတ်မသိုးပဲရှိနေတယ့်ဆရာတော်ကြီး ဟာ ရဟန္တာ မထေရ် မြတ်လား ဆိုတဲ့  မေးခွန်းတွေကိုလည်း ခဏခဏ မေးခွးန်တွေ ရှိနေတယ်လို့  နိုင်ငံတော် သံဃာ့ ၀န်ဆောင် ပစ္စိမာရုံကျောင်းတိုက်ဆရာတော် အရှင်ခေမိန္ဒက မိန့် ပါတယ်
မည်သို့ ပင်ဆိုစေဗုဒ္ဓသာသနာ မှေးမိန်းဆုတ်ယုတ်လာတဲ့  ယနေ့ ကာလ အချိန်
မြန်မာပြည်သာသနာမှာ ခုလို သီလသမာဓိ နဲ့ ပြည့် စုံတဲ့ ဘုရားသားတော် ရဟန်းသံဃာတော်တွေရှိနေတယ်ဆိုတာကို
ပြည်တွင်းပြည်မ ဘုရားဖူးများသွားရောက်လေ့ လာ နိုင်အောင်နဲ့  ဖူးမြော်နိုင်ဖို့  မှတ်တမ်းဓတ်ပုံများကို မျှဝေလိုက်ပါတယ်
မျိုးမင်းပိုင် ဧပြီလ ၂၇ ရက် ၂၀၁၆ ခုနှစ်




No comments:

Post a Comment