Latest News

Thursday, April 14, 2016

ရေအလှူပြုလုပ်သည့်ကား လူငယ်တစ်စုက ဖျက်ဆီးပြီး ယာဉ်ပေါ်ပါသူများကို ရိုက်နှက်


ပုသိမ်မြို့နယ် သလပ်ခွာရဲစခန်းအပိုင် သဲဖြူကျေးရွာကုန်းအဆင်း(ပုသိမ်-ငွေဆောင်လမ်း)တွင် ဧပြီလ ၁၃ ရက်( သင်္ကြန်အကျနေ့)က ရေအလှူပေးပြီး ပြန်လာသည့် ကုန်တင်ကား သုံးစီးနှင့် ရေသယ်ယာဉ်များကို မူးယစ်နေသော လူငယ်တစ်စုက ရိုက်နှက်ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့မှ မနောဖြူလူမှုကူညီရေးအသင်းနှင့် ရန်ကုန်မြို့မှ ပေါ်ဦး ကုန်စည်ကားဂိတ်မှ ကုန်ကားများ ပူးပေါင်းကာ ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ သောက်သုံးရေပြတ်လပ်လျက်ရှိသော ကျေးရွာများသို့ ရေအလှူပြုလုပ်ပြီး ပြန်လာစဉ် ဆိုင်ကယ် ခြောက်စီးနှင့် လူငယ် ၁၂ ဦးခန့်က ရေအလှူပြုလုပ်သည့်ကားကို တားပြီး ရိုက်နှက်ဖျက်ဆီးကာ ယာဉ်ပေါ်ပါသူများကို လိုက်လံ ရိုက်နှက်ခဲ့ကြောင်း၊ ထို့ကြောင့် ရေအလှူယာဉ်မှာ မှန်များကွဲကျေပြီး ကားတံခါးပျက်စီးခဲ့ကြောင်း ၊ ရိုက်နှက်ဖျက်ဆီးသူများကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း မနောဖြူလူမှုကူညီရေးအဖွဲ့မှ နာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက မိန့်ကြားသည်။

"ရိုက်နှက်ဖျက်ဆီးသူတွေကို ဖမ်းဆီးရမိထားပါပြီ။ စခန်းမှာ ဆက်လက်စစ်ဆေးနေတုန်းပါ" ဟု သလပ်ခွာရဲစခန်းမှ ရဲအုပ်ဝင်းထွဋ်က ဆိုသည်။

သောက်သုံးရေအလှူကားကို ရိုက်နှက်ဖျက်ဆီးပြီး ယာဉ်ပေါ်ပါလူများကို ရိုက်နှက်ခဲ့သည်ဟုဆိုသော ကိုအုန်းစိုးအပါအဝင် အထပ်သားကုန်းရွာနှင့် ကျီးပင်ကုန်းရွာမှ ရွာသား ၁၂ ဦးကို သလပ်ခွာရဲစခန်းမှ (ပ)၃၄/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၂၅/၄၂၇/၂၉၄တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

(ဓာတ်ပုံ- မနောဖြူ)
The Voice Weekly




No comments:

Post a Comment