Latest News

Tuesday, April 26, 2016

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုင်ကလုန်းရှယ်တာ ၄၅ လုံးလိုအပ်နေ

မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လူအများနားခို တိမ်းရှောင်နိုင်ရန် ဆိုင်ကလုန်းရှယ်တာ ၄၅ လုံးလိုအပ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

ဆိုင်ကလုန်းရှယ်လ်တာများလိုအပ်နေသော ဒေသများမှာ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုက လေးမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် ငပုတောမြို့နယ်အတွင်းရှိ ကမ်းခြေဒေသများဖြစ်ကြောင်း သိရသည်။

“ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ် အနည်းအများ ကိုမူတည်ပြီး လိုအပ်ချက်နေရာတွေကို စာရင်း ပြုစုထားတာ ဆိုင်ကလုန်းရှယ်လ်တာ ၄၅ လုံး လိုအပ် နေတယ်၊ အလှူရှင်လည်း ရှာနေ ပါတယ်၊ ဌာန အနေနဲ့လည်း နိုင်သလောက် တစ်နှစ်ကို တစ်လုံးလောက် ဆောက်နိုင်ဖို့ကြိုးစား နေပါတယ်”ဟု လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းလက်ရှိတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နိုင်ငံတကာမှ အလှူရှင်များ လှူဒါန်း ထားသော ဆိုင်ကလုန်းရှယ်လ်တာ ၄၅ လုံးရှိနေပြီး ၃၅ လုံးကို အခြေခံပညာစာသင်ကျောင်း များအဖြစ်အသုံးပြုခွင့်ပေးထားပြီး အခြားဆိုင်ကလုန်းရှယ်လ်တာများကို ကျေးလက်ဆေးပေးခန်းများ ဖွင့်လှစ်ခွင့်ပေးထား ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

“ကိုယ်ဒေသအတွက် အရေးကြီးတဲ့အဆောက်အဦး တွေဖြစ်တာနဲ့အညီ တည်ဆောက်ပြီးသွား ရင်လည်း ဒီအဆောက်အဦးတွေ ရေရှည်ထိန်းသိမ်းဖို့က ကျေးရွာဒေသခံတွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ၀ိုင်းဝန်း စောင့်ရှောက်ပေးသင့်တယ်၊ ဒါမှ အရေးကြုံလာရင် ခိုလှုံနိုင်ဖို့ တောင့်တောင့်တင်းတင်း အဆောက်အဦး
တစ်ခုအမြဲတမ်းဒေသမှာ အားကိုးစရာအဖြစ်ရှိနေမှာပါ။”ဟု Beautiful Land (လှပသောမြေ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လူအများ ခိုလှုံနိုင်ရန် ရေဒါဏ်၊လေဒါဏ်ခံနိုင်သော ဆိုင်ကလုန်းရှယ်တာကဲ့သို့ ခိုင်ခံ့သော အဆောက်အဦးများ မရှိခဲ့သဖြင့် နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်တွင် ခိုလှုံရာဘုန်းတော်ကြီး ကျောင်းပြိုကျသဖြင့် လူရာနှင့်ချီကာ သေဆုံးခဲ့သည့် ဖြစ်ရပ်များကြုံတွေ့ခဲ့ရသည်။
myitmakhamediagroup

No comments:

Post a Comment