Latest News

Sunday, April 24, 2016

ဇီးချိုင်တံတား ကျိုးမှုနှင့်ပတ်သက်ပြီး ကြားရတဲ့အသံ။

ဇီးချိုင်တံတား ကျိုးမှုနှင့်ပတ်သက်ပြီး ကြားရတဲ့အသံ။ ....................................... ဇီးချိုင်တံတား ၃ လလောက်နဲ့ ကျိုးကျသွား ရခြင်း မှာ ၁။ တံတားတိုင်ကို ပိုင်မရိုက်ပဲ သာမန်လက်နဲ့ပဲရိုက်ထားလို့ ပင်လယ်သဲထဲကို တိုင်ကျွံ ကျနစ်ဝင်သွားတာပါ။ ၂။ တံတားရေလယ်တိုင် ၃ တိုင်စိုက်ရမဲ့အစား ၂ တိုင်ပဲစိုက်ထားပါတယ်။ ၃။ အခြားသစ်မာသားသုံးမယ်လို့ပြောပေမယ့် အပေါစားတောင်သရက်သားကိုပဲသုံးထားပါတယ်။ ၄။ သံမူလီတောင်မှ မစွဲ ပဲ ဖြစ်ကတတ်ဆန်းလုပ်ထားတာကြောင့် ကျိုးကျသွားရတာပါ။ တံတားဆောက်ပြီးတဲ့အခါမှာ အဲဒီသတ်မှတ်စံချိန်စံညွှန်းအတိုင်းဆောက်ထားပါတယ်ဆိုပြီး တံတားစိစစ်လက်ခံရေး ဥက္ကဋ္ဌ ဦးမျိုးဝင်း "ဟိုင်းကြီးကျွန်းမြို့ နယ်အုပ်ချုပ်ရေးမှူး" နှင့်အဖွဲ့ဝင် ဦးဝင်းရွှေ "ဇီးချို င်အုပ်ချုပ်ရေးမှူး" တို့က လက်ခံလက်မှတ်ထိုးပြီး ဒီနှစ် "၂၀၁၆" ဇန်နဝါရီလက တံတားဖွင့်လှစ်ခဲ့တာပါ။ အခု ဧပြီလ ၁၈ ရက်မှာ ကျိုးကျသွားတာဆုတော့ ၃ လလောက်နဲ့ ကျိုးကျ သွား ရတာပါ။ ဧရာဝတီတိုင်း ဒေသ ကြီး ဝန်ကြီချု ပ် ဦးမန်းဂျော်နီ့်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ တို့ အဖွဲ့ဒီနေ့ "၂၃.၄.၂၀၁၆" ညနေ ဇီးချိုင်ကို လာစစ်ဆေးမယ်ဆိုတော့ အဲဒီလာဘ်စားပြီး အရည်အသွေးမမီလုပ်ထားကြတဲ့ သူတို့အပြစ်ကို ဖုန်းကွယ်ဖို့ တံတားကျိုးကျစဉ်က ဖြတ်မောင်းလာတဲ့ကားသမားလေးကို အခုတရားစွဲထားကြတယ်။ အရင်ကသူတို့အကျင့်ဟောင်းအတိုင်း “ကျားစာကျွေးတာ”ပါ။ အများသိစေရန်တင်ပြလိုက်ရပါသည်ခင်ဗျား။ အမှန်တရားပေါ်ပေါက်စေရန် ကျေးဇူးပြု ပြီး Share လုပ်ပေးကြပါခင်ဗျား။ U Tin Hlaing Zeejaing







No comments:

Post a Comment