Latest News

Monday, March 30, 2020

လှိုင်သာယာ၌ နိုင်ငံခြားသား ၃၁ ဦး တည်းခိုမှုကို သတင်းပို့တိုင်ကြားထားခြင်းမရှိ၍ ဟိုတယ်မန်နေဂျာအား အရေးယူ

လှိုင်သာယာ၌ နိုင်ငံခြားသား ၃၁ ဦး တည်းခိုမှုကို သတင်းပို့တိုင်ကြားထားခြင်းမရှိ၍ ဟိုတယ်မန်နေဂျာအား အရေးယူ

လှိုင်သာယာမြို့နယ်တွင် မတ် ၂၅ ရက် နံနက် ၁၀ နာရီက တရားမဝင်နိုင်ငံခြား သားများ လာရောက်နေထိုင်မှု ရှိ၊ မရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်၊   လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ (အရှေ့ ပိုင်း)နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးရာ  Golden  Hlaing Thar Yar Hotel တွင် လာရောက်တည်းခို နေထိုင်သည့် နိုင်ငံခြားသား ၃၁ ဦး အတွက်   သတင်းပို့တိုင်ကြားခြင်း မရှိသောကြောင့် ဟိုတယ်မန်နေဂျာ အား   အရေးယူထားကြောင်း   သိရ သည်။

အမှတ်(၆)ရပ်ကွက် ကျန်စစ်သား လမ်းမကြီးရှိ Golden  Hlaing Thar Yar Hotel တွင် နိုင်ငံခြားသား အမျိုး သား ၂၉ ဦးနှင့် အမျိုးသမီးလေးဦးတို့ အနက် အမျိုသားသုံးဦးသာ သတင်းပို့ တိုင်ကြားထားပြီး  ကျန်  ၃၁  ဦးမှာ တိုင်ကြားထားခြင်းမရှိခြင်း၊ အခန်း အမှတ်  (၆၃၂၃)တွင်   လာရောက် တည်းခိုသည့်      တရုတ်နိုင်ငံသား Mr.  Zhou  Minguah  တစ်ဦးနှင့် ရွှေပြည်သာတွင်   နေထိုင်သူ   မစု သက်ငယ်(၂၀နှစ်)တို့နှစ်ဦးအား တွေ့ရှိ ရ၍           လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်    အမှတ်(၆)ရပ်ကွက် ပီမိုးနင်းသွယ်ရှိ Hlaing Thar Yar International Hotel တွင် နိုင်ငံခြား သား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး သုံးဦး၊ ပေါင်း ၂၆ ဦးတွင် အမျိုးသား ရှစ်ဦးမှာ    မြို့နယ်(လဝက)ရုံးသို့ တိုင်ကြားထားပြီး   ကျန်အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီးသုံးဦးမှာ မတ် ၂၅   ရက်တွင်  ရောက်ရှိလာသူများ ဖြစ်သောကြောင့် ၂၄ နာရီအတွင်း သတင်းပို့တိုင်ကြားရန်  အသိပေး ထားပြီး   စက်မှုဇုန်(၃)   မင်းကြီး မဟာမင်းခေါင်လမ်းရှိ    Eastern Myanmar Hotel တွင် တွေ့ရှိရသည့် နိုင်ငံခြားသား ၁၉ ဦးတို့မှာ အွန်လိုင်းမှ တစ်ဆင့် ပေးပို့တိုင်ကြားထားသူများ ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က   လှိုင်သာယာ မြို့နယ်(အရှေ့ပိုင်း)အတွင်းရှိ ဟိုတယ် သုံးခုကို     ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်   ထိန်းချုပ်ရေးအတွက် စစ်ဆေးရာ၌    သတင်းပို့တိုင်ကြား ထားခြင်းမရှိသော Golden Hlaing Thar  Yar   Hotel   မန်နေဂျာအား မြို့နယ်      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ     ဦးစီးမှူးရုံးမှ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။
စက်မှုဇုန်ဧရိယာနှင့်   ရပ်ကွက်၊ ကျေးရွာတို့၌   တည်းခိုခန်းများနှင့် ဟိုတယ်ကြီးများရှိရာ စက်ရုံမန်နေဂျာ၊ အိမ်ရှင်၊ ဟိုတယ်မန်နေဂျာတို့ မြို့နယ် (လဝက)ရုံးတွင် သတင်းပို့တိုင်ကြား ရမည်ဖြစ်ပြီး ယခုအချိန်သည် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးကို နိုင်ငံတော်မှ ပြည်သူနှင့်အတူပူးပေါင်းဆောင်ရွက်ရာ၌          နိုင်ငံ ခြားသားများ   တည်းခိုနေထိုင်မှုကို လည်း    ပူးပေါင်းအဖွဲ့မှ    စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း    သိရ သည်။

မြန်မာ့အလင်း

No comments:

Post a Comment