Wednesday, December 11, 2019
ယဉ်ကျေးခြင်းဖြင့်ကူညီပါ
ကျနော် ရခိုင်အရေးစဖြစ်ပြီး နိုင်ငံတကာ mainstream media တွေ မြန်မာနိုင်ငံကိုစပြီး တိုက်ခိုက်တဲ့အချိန်ကနေစပြီးတော့ သူတို့ရဲ့ page တွေအောက်မှာ ထိရောက်သည်ဖြစ်စေ မထိရောက်သည်ဖြစ်စေ comment section တွေမှာ ချက်ကျလက်ကျ fact တွေ link တွေနဲ့ တုန့်ပြန်မှုတွေလုပ်ခဲ့ပါတယ်။ သူတို့ပြောတဲ့ထဲမှာ မှားတာတွေရော မှန်တာတွေရော ပါပါတယ်။ မှားတာတွေပိုများပါတယ်။
မနေ့က ICJ မှာအဖွင့်အဆိုပြုခြင်းတွေအတိုင်းပါပဲ ယနေ့ကမ္ဘာမှာမြန်မာကိုထင်တဲ့မြင်တဲ့အမြင်က ဗုဒ္ဓဘာသာအစွန်းရောက်တွေနေတဲ့နိုင်ငံ၊ ပြီးတော့ အင်မတန်မယဉ်ကျေးတဲ့ မိုက်ရိုင်းတဲ့လူတွေနေတဲ့နိုင်ငံဆိုပြီးတော့ပဲဖြစ်ပါတယ်။ အစွန်းရောက်ကိစ္စကတော့ အားလုံးသိကြတဲ့အတိုင်း မီးမွှေးတဲ့သူတွေရှိတယ် မီးရှို့တဲ့သူတွေရှိတယ်။ အဲ့ဒီ့ထဲပါသွားတဲ့ အစစ်တွေလည်းရှိတယ်။ ဆိုတော့ အဲ့ဒီ့ကိစ္စကတော့ တော်တော်လေးရှင်းရခက်ပါတယ်။ ဒါပေမယ့် ကျနော်အရှိကိုအရှိအတိုင်းပဲ comment section တွေမှာ ပြောပြခဲ့တယ်။ ဘယ်သူမှမယုံပါဘူး။ ဒါကခဏထားပါ။ စိတ်ပျက်စရာအကောင်းဆုံးကဘာလဲဆိုတော့ ကျနော်ကဒီဖက်မှာ အချက်အလက်နဲ့ရှင်းပြဖို့ကြိုးစားနေတဲ့အချိန်မှာ တစ်ချို့တော်တော်များများမြန်မာအကောင့်တွေက မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲကြဆိုကြပါတယ်။ မြန်မာလိုတွေရော broken English တွေရော စုံလို့။ အဲ့ဒီတော့ Online ပေါ်မှာတစ်ခြားလူမျိုးတွေအတွက်က world media ကပြောနေတာတွေ မမှားလောက်ဘူးပဲဆိုပြီး တစ်ခါတည်းဖြစ်သွားကြရော။
မနေ့က ICJ မှာပြောနေတာတွေကို live ကြည့်နေရင်း စိုးရိမ်တဲ့အတိုင်းပဲ အောက်ကနေ ဆဲဆိုတဲ့မန့်တွေတက်လာပါတယ်။ အဲ့ဒီ့ထက်ပိုဆိုးတာက လူမျိုးရေးနဲ့ပတ်သက်တဲ့ဟာတွေပါ။ အခု အရင်ကလိုမဟုတ်တော့ပါဘူး။ Unicode ဆိုတော့ ဘာသာပြန်ရတာ အရမ်းလွယ်သွားပြီ။ ပြီးတော့ media တွေကလည်း comment တွေအကုန်လုံးကိုလိုက်ဖတ်ကြည့်နေကြတယ်။ ကောင်းတာကိုရှာတာမဟုတ်ပါဘူး။ အဆိုးဆုံးတွေကိုရှာနေကြတာ။ ပြီးရင် အခါသင့်ရင်သင့်သလို အဲ့ဒီ့အဆိုးဆုံးသော comment တွေကို highlight တွေနဲ့ သူတိုရဲ့ channel တွေမှာတင်ပြကြမှာဖြစ်ပါတယ်။
တစ်သက်လုံးက မြန်မာလူမျိုးတွေဟာ ယဉ်ကျေးပျူငှါတယ်ဆိုတဲ့အမြင်ဟာ အခုကမ္ဘာမှာမရှိတော့ပါဘူး။ ယနေ့မြန်မာဟာ သမိုင်းမှာအကျည်းတန်ဆုံးအခြေအနေတစ်ခုမှာရောက်နေပါတယ်။ ဒါကို ပေါ့ပေါ့တန်တန်မတွေးမိကြပါစေနဲ့။ နိုင်ငံ့ပုံရိပ်ကို အဖတ်ဆယ်နိုင်ဖို့အတွက် အားလုံးမှာတာဝန်ရှိပါတယ်။ ပါတီမတူတာတွေ နိုင်ငံရေးအမြင်မတူတာတွေ လူပုဂ္ဂိုလ်စွဲတွေ ဘေးဖယ်ထားရမယ့်အချိန်ပါ။ တစ်ဦးတစ်ယောက်ချင်းဆီအနေနဲ့ ဘာမှမလုပ်ပေးနိုင်ရင်တောင် social media page တွေ international news page တွေမှာ မဆဲမဆိုခြင်းအားဖြင့်ကူညီပေးကြပါ။ Comment ပေးချင်ပြီဆိုရင်လည်း အချက်အလက်နဲ့ (မဆဲမဆိုပဲ) comment ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ယဉ်ကျေးခြင်းဖြင့်ကူညီပါ
Zen Kyi
ယဉ်ကျေးခြင်းဖြင့်ကူညီပါ
Reviewed by timeayeyar
on
11:25 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment