Latest News

Wednesday, October 23, 2019

ဒေါ်အောင်ဆန်းစုကြည် ၏ ဂျပန် အင်တာဗျုး


နိူင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု
ကြည် မှ တိုင်းပြည်အား ဒီမိုကရေစီ စနစ်သို့လုံးဝဥသုံ ပြောင်းလဲသွားနိူင်ရေး အတွက် ဖွဲ့
စည်းပုံကို ပြောင်းလဲဖို့ လိုအပ်နေပြီး ရွေး
ကောက်ပွဲ မတိုင်မီ ဖြစ်ဖွယ်မရှိဟု Nikkei
Asia Interview နှင့် သီးသနိတွေ့ဆုံ မေး
မြန်းခန်းတွင် ထုတ်ဖေါ် ပြောကြားလိုက်ပါ
တယ်။

"ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ဝိသေသ
လက္ခဏ များ ရှိနေခြင်းကို နိူင်ငံတကာ
အသိုက်အဝိုင်းမှ ဂရုပြုခြင်း မရှိသလောက်
နည်းပါးနေမှုကို ကျမ စိတ်ပျက်မိပါတယ်၊ လူ့
အခွင့်အရေးနဲ့ ပါတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်
မကင်း ဖြစ်နေမှုတွေကိုလည်း ကျမ နားလည်
မိပါတယ်"

တိုကျိုတွင် ပြုလုပ်ခဲ့သော မိနစ် သုံးဆယ်ကြာ
အင်တာဗျုးတွင် ယခုလို ပြောကြားလိုက်ခြင်း
ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့မှုများ
သည် အကြမ်းဖက် တိုက်ခိုက်လာခြင်းအား
တုန့်ပြန်ခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း ဆိုပါ
တယ်။

၂၀၁၅ ရွေးကောက်ပွဲတွင် သူမ၏ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် သည် သမိုင်းတွင်မည့်
အောင်ပွဲရရှိလာခဲ့ခြင်းနှင့်အတူ နိူင်ငံအတွင်း
ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများ ရရှိ
လာတော့မည်ဟူသော မျှော်လင့်ချက်များ မြင့်တက်လာခဲ့ကြပါတယ်။

လက်တွေ့တွင်တော့ စစ်တပ်က ၂၀၀၈ ဖွဲ့စည်း
ပုံအရ လွှတ်တော်ကိုယ်စားလှယ် ၂၅% ကို ရရှိ
ထားပြီး အာဏာကို သိသိသာသာ ဆုပ်ကိုင်
ထားဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံပါ ထိုအပိုဒ် နှင့် အခြားအပိုဒ်များ
အား ဒီမိုကရေစီသို့ လုံးဝဥသုံ အသွင်းကူး
ပြောင်းနိူင်ရေး အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အပိုဒ်ကပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်ပါတ်သက်ပြီး စစ်တပ်ကို ဗီတိုအာဏာ အပ်နှင်းထားပြန်တဲ့ အတွက် အောင်မြင်
အောင် လုပ်နိူင်ပါ့မလားအပေါ် သံသယတွေ
ရှိလာခဲ့ကြပါတယ်။ လွှတ်တော်ကနေ ဖွဲ့စည်း
ပုံ ပြင်ဆင်ရေး ဆွေးနွေးဖို့ ပူးတွဲကော်မီတီ ဖွဲ့
စည်းပေးပြီးလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်
သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို
ပြောခဲ့ပါတယ်၊ "စစ်တပ်က အတော်ကို စိတ်ပါ
လက်ပါ မရှိ ဖြစ်နေတာကြောင့် နောက်နှစ်
အတွင်း ကျမတို့ အနေနဲ့ ဖွဲ့စည်းပုံ ပြင်နိူင်
စွမ်း ရှိလိမ့်မယ် လို့ ကျမတို့ က နောက်
ရွေးကောက်ပွဲ အတွက် မျှော်လင့်ချက်တွေ
တည်ဆောက် ပေးနေခဲ့တာ မဟုတ်ပါဖူး"
(ဤသည်ကပင် လူထု ကို တစွန်းတစမှ မျော်လင့်ချက်တွေပေးပြီး လိမ်ညာ လှည့်ဖျားရမယ့်
အလုပ်ကို အာဏာရဖို့ အတွက်တောင် လုပ်ဖို့
ရည်ရွယ်ချက် မရှိတဲ့ သူမ၏ ဖြောင့်မတ်သော
ကိုယ်ကျင့်တရားကို အတိုင်းသား မြင်နေရပါတယ်- စာရေးသူ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့မှူများ အပေါ်
ဆိတ်ဆိတ် နေခဲ့မှုအတွက် သူမအပေါ် ဝေဖန်
မှုတွေ တိုးမြင့်လာခဲ့ရပါတယ်။

"ဒီကိစ္စက အခြားသူတွေ ဖြစ်ဖို့ ကြိုးစားနေ
သလို ဘာသာရေး ပြဿနာ တခု မဟုတ်ပါဖူး၊
စီးပွားရေး နဲ့ လူမှုရေး တွေ ထဲထဲဝင်ဝင် ပါတ်
သက်နေပါတယ်"

သူမ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း မငြိမ်
သက်မှုတွေ ဖြစ်လာနေတာကို ရိပ်စားမိတဲ့
အတွက် ကိုဖီ အာနန် ကော်မရှင်ကို ခန့်အပ်
ခဲ့ပါတယ်၊ အာနန် အစီရင်ခံစာ ထွက်ပြီးပြီး
ချင်းမှာပဲ အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြစ်ပေါ်လာခဲ့ရပါတယ်၊

"ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရမှာကို
မလိုလားတဲ့သူတွေ၊ ပြဿနာရဲ့ အဖြေကို မရှာ
ချင်တဲ့ လူတွေ ရှိနေတယ်လို့ ကျမတို့
သဘောရပါတယ်"

ဇူလိုင်လထဲမှာ အမေရိကန်က ဗိုလ်ချုပ်မှုးကြီး
မင်းအောင်လှိုင်နဲ့ အခြား အထက်တန်းအရာ
ရှိကြီးများကို ဒဏ်ခတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ထို့အတွက် အမေရိကန်၊ အီးယူတို့နှင့်
စီးပွားရေးအရ ဆက်ဆံရေး တိုးချဲ့နိူင်ဖို့ အဖြေရှာဖို့ လိုအပ်မှု ရှိမရှိ မေးမြန်းခဲ့ရာမှာ
"ကျမတို့ ဒီပြသာနာကို ဖြေရှင်းချင်နေတယ်ဆိုတာကလည်း အခြားနိူင်ငံတွေနဲ့ စီးပွားရေး အရ ရှေ့လျောက်ဆက်ဆံသွားနိူင်ဖို့ အတွက်မဟုတ်ပဲ ကျမတို့ နိူင်ငံမှာ ငြိမ်းချမ်းရေးနဲ့
တည်ငြိမ်ဖို့ က မရှိမဖြစ် လိုအပ်နေတာ​
ကြောင့်ပါ"

အမေရိကန်ဖက်က တုန့်ပြန်လာမှုများ
ကြောင့် တရုတ်နဲ့ ဆက်ဆံရေးကို ပြန်ပြီး
အာရုံထား လာရပြန်ပါတယ်။ မြန်မာသည်
လည်း တရုတ်၏ ရပ်၀န်း နှင့် လမ်း စီမံချက်
တွင် မဟာဗျုဟာအရ အရေးပါတဲ့ နိူင်ငံ ဖြစ်လာပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ သြဇာ ကြီးထွားလာနေမှုကို သိတ်အရေးထား သည့် ပုံမျိုး မပြပဲ
"တရုတ် နဲ့ ကျမတို့ ဆက်ဆံရေးကောင်းနေပါ
တယ်၊ ဒီလိုပဲ ကမ္ဘာပေါ်မှာရှိတဲ့ နိူင်ငံတိုင်းနဲ့
ဆက်ဆံရေး ကောင်းအောင် ထိမ်းသိမ်းသွား
လိုပါတယ်"

"ကျမတို့ နိူင်ငံ က အတော်လေး ကို ကြားနေ
တဲ့ သဘောရှိပါတယ်၊ ကျမ အမြင်ကတော့
လွတ်လပ်ရေး ရပြီးကထဲက နိူင်ငံခြားရေး မူဝါဒ အဖြစ် ရှိလာခဲ့တာပါပဲ၊ ဒီအတွက်လည်း
ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေက နှစ်ဥိး နှစ်ဖက်
အကျိုး ရှိသင့်ပါတယ်"

နောက်နှစ် ရွေးကောက်ပွဲကျင်းပချိန်မှာ
နိူင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ဦးဆောင်
ဦးရွက် ပြုလာခဲ့တာ နှစ်ပေါင်းသုံးဆယ် ရှိလာ
နေပြီ ဖြစ်တဲ့ သူမ အဖို့ အသက် အားဖြင့်
၇၅ နှစ်ထဲ ရောက်လာပြီ ဖြစ်တဲ့အတွက် သူမနေရာ ကို ဆက်ခံဖို့ လျာထားမှု ရှိမရှိ ဆိုသည်
အပေါ် အခုလို ပြောကြားသွားခဲ့ပါတယ်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ
သတ်မှတ်ထားပြီးသား အင်္ဂါစဥ်ရှိပြီးသားဖြစ်
လို့ ဒါကိုပဲ ဆက်လက် ထိမ်းသိမ်းသွားမယ်လို့
မျှော်လင့်ကြောင်း ဖြေဆိုသွားပါတယ်။ ဒါကို
ကြည့်ရင် ပါတီ ရှိ ဝါရင့် ခေါင်းဆောင်ပိုင်းမှ
ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

အနားယူဖို့ အစီအစဥ် ရှိမရှိ မေးခွန်းကိုတော့
"ကျမတို့မှာ အစီအစဥ်တွေ အများကြီး ရှိနေ
ပါတယ်၊ အနာဂါတ် အတွက်ဆို အစီအစဥ် တ
ခုတည်း အပေါ် မူသေ သတ်မှတ်ထားလို့ မရပါဖူး"

(အင်တာဗျုး အပြည့်အစုံ ကို ဆက်လက်
တင်ပြပါမယ်)
Hla Soe Wai
https://asia.nikkei.com

No comments:

Post a Comment