Latest News

Tuesday, July 2, 2019

ေရႊဘိုၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴးနွင့္ အႀကီးတန္းစာေရးကုိ အဂတိလိုက္စားမႈျဖင့္ အေရးယူ


စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ႏွင့္ အႀကီးတန္းစာေရး ေဒၚညိဳညိဳဝင္း (ခ) မညိဳ တို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ အေရးယူ
***************************************************
ေနျပည္ေတာ္ ဇူလိုင္လ( ၂ )ရက္
———————————–
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕နယ္၊ မင္းေက်ာင္းေက်းရြာအုပ္စုရွိ ေျမကြက္ႏွင့္ ဆန္စက္အတြက္ တံဆိပ္ေခါင္းဘိုး က်သင့္ေငြ က်ပ္သိန္း (၃၀)ကို ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴး ဦးေအာင္ေအာင္အား လက္ေရာက္ေပးအပ္ခဲ့ေၾကာင္း၊ ျမန္မာ့စီးပြားေရးဘဏ္သို႔ ေငြသြင္း ခ်လန္အရ နိုင္ငံေတာ္ရေငြမွာ ေငြက်ပ္ ၁,၈၇၈,၀၀ဝိ/- ျဖစ္၍ ပိုေငြ က်ပ္ ၁,၁၂၂,၀၀ဝိ/-ကို ၎ႏွင့္ ႐ုံးအဖြဲ႕အတြက္ဟုဆိုကာ ေငြေၾကးရယူခဲ့မႈအေပၚ ဥပေဒႏွင့္အညီ ေဆာင္ရြက္ေပးနိုင္ပါရန္ ဤေကာ္မရွင္သို႔ တိုင္ၾကားခဲ့ပါသည္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္သည္ ေရႊဘိုၿမိဳ႕ မင္းေက်ာင္းေက်းရြာအုပ္စု၊ ကြင္းအမွတ္(၂၈၁၀)၊ တပ္ၿမိဳ႕ေတာင္ကြင္း၊ ဦးပိုင္အမွတ္ A.2(21) ဧရိယာ (၀.၂၂၉) ဧက ႏွင့္ A.2(52) ဧရိယာ (၀.၂၃၀) ဧက စုစုေပါင္းေျမကြက္ (၂)ကြက္ ဧရိယာ (၀.၄၅၉) ဧက ႏွင့္ ယင္း ေျမကြက္ေပၚရွိ အေဆာက္အဦတို႔အား ကာလတန္ဖိုး သတ္မွတ္ျခင္း ႏွင့္ တံဆိပ္ေခါင္းခြန္ ေငြေပးသြင္းရန္အတြက္ ေငြက်ပ္ သိန္း(၃၀)ကို ပိုင္ရွင္၏ ကိုယ္စားလွယ္ထံမွ ေတာင္းခံရယူ ခဲ့ေၾကာင္း၊ ၂၉-၅-၂၀၁၉ ရက္စြဲပါ ပိုင္ရွင္အမည္ျဖင့္ ျမန္မာ့စီးပြားေရးဘဏ္သို႔ အမွန္တကယ္ တံဆိပ္ေခါင္းခြန္ ေပးသြင္းသည့္ ေငြသြင္းခ်လန္တြင္ တံဆိပ္ေခါင္းခြန္ က်သင့္ ေပးသြင္းေငြမွာ ၁,၈၇၈,၀၀ဝိ/- သာျဖစ္၍ ပိုေငြက်ပ္ ၁,၁၂၂,၀၀ဝိ/- အား ရယူခဲ့ျခင္းသည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴး ဦးေအာင္ေအာင္အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ လည္းေကာင္း၊ အႀကီးတန္းစာေရး ေဒၚညိဳညိဳဝင္း (ခ) မညိဳသည္ ၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွဴး ဦးေအာင္ေအာင္မွ အဂတိလိုက္စားမႈ က်ဴးလြန္ရာတြင္ အတူ ပူးေပါင္းႀကံစည္ျခင္း၊ အားေပးကူညီျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ေရႊဘိုၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွ အႀကီးတန္းစာေရး ေဒၚညိဳညိဳဝင္း (ခ) မညိဳ အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ အရလည္းေကာင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕မရဲစခန္းတြင္ ၂-၇-၂၀၁၉ ရက္ေန႔၌ ပထမ သတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္ရြက္လ်က္ရွိပါသည္။
ACC

Unicode Version

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နှင့် အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
***************************************************
နေပြည်တော် ဇူလိုင်လ( ၂ )ရက်
———————————–
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဘိုး ကျသင့်ငွေ ကျပ်သိန်း (၃၀)ကို မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်အား လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေသွင်း ချလန်အရ နိုင်ငံတော်ရငွေမှာ ငွေကျပ် ၁,၈၇၈,၀၀ဝိ/- ဖြစ်၍ ပိုငွေ ကျပ် ၁,၁၂၂,၀၀ဝိ/-ကို ၎င်းနှင့် ရုံးအဖွဲ့အတွက်ဟုဆိုကာ ငွေကြေးရယူခဲ့မှုအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။



တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်သည် ရွှေဘိုမြို့ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ ဦးပိုင်အမှတ် A.2(21) ဧရိယာ (ဝ.၂၂၉) ဧက နှင့် A.2(52) ဧရိယာ (ဝ.၂၃၀) ဧက စုစုပေါင်းမြေကွက် (၂)ကွက် ဧရိယာ (ဝ.၄၅၉) ဧက နှင့် ယင်း မြေကွက်ပေါ်ရှိ အဆောက်အဦတို့အား ကာလတန်ဖိုး သတ်မှတ်ခြင်း နှင့် တံဆိပ်ခေါင်းခွန် ငွေပေးသွင်းရန်အတွက် ငွေကျပ် သိန်း(၃၀)ကို ပိုင်ရှင်၏ ကိုယ်စားလှယ်ထံမှ တောင်းခံရယူ ခဲ့ကြောင်း၊ ၂၉-၅-၂၀၁၉ ရက်စွဲပါ ပိုင်ရှင်အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ အမှန်တကယ် တံဆိပ်ခေါင်းခွန် ပေးသွင်းသည့် ငွေသွင်းချလန်တွင် တံဆိပ်ခေါင်းခွန် ကျသင့် ပေးသွင်းငွေမှာ ၁,၈၇၈,၀၀ဝိ/- သာဖြစ်၍ ပိုငွေကျပ် ၁,၁၂၂,၀၀ဝိ/- အား ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုသည် မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်မှ အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အတူ ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မရဲစခန်းတွင် ၂-၇-၂၀၁၉ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
ACC

No comments:

Post a Comment