Latest News

Friday, June 28, 2019

ပုသိမ္ၿမိဳ႕၌ တရားခံအား လုယူရန္ အားထုတ္မႈ


၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၇ ရက္ေန႔ ၁၆၀၀ အခ်ိန္ ပုသိမ္ၿမိဳ႕ (၁၃)ရပ္ကြက္ရွိ ခ႐ိုင္တရား႐ုံး၌ ဒုရဲအုပ္ ဇင္မင္းသူ ဦးစီးအဖြဲ႕သည္ တရားခံမ်ားအား တရား႐ုံးထုတ္တာဝန္ထမ္းေဆာင္ေနစဥ္ ပုသိမ္နယ္ေျမရဲစခန္း မယ(ပ)၁၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အမႈမွ တရားခံျမင့္ဦး(၅၂)ႏွစ္အား ႐ုံးထုတ္ၿပီး တရား႐ုံးအခ်ဳပ္သို႔ ျပန္လည္ပို႔ေဆာင္ရန္ ရဲဒုတပ္ၾကပ္ ရဲထက္ေအာင္္ႏွင့္ ျမင့္ဦးအား ေခၚေဆာင္လာခဲ့ပါသည္။ ထိုသို႔ ေခၚေဆာင္လာစဥ္ တရား႐ုံးေလွ်ာက္လမ္း (တရားသူႀကီးနားေနခန္း) ေရွ႕အေရာက္၌ ကိုေဇာ္(၄၇)ႏွစ္က ရဲဒုတပ္ၾကပ္ ရဲထက္ေအာင္၏ လည္ဂုတ္အား က်ဥ္စက္ျဖင့္တို႔သျဖင့္ လဲက်သြားစဥ္ တရားခံျမင့္ဦးမွာ ႐ုန္းကန္ ထြက္ေျပးရန္ ႀကိဳးစားခဲ့၍ ရဲတပ္ၾကပ္ႀကီး ျမင့္လြင္မွ လုံးေထြးခ်ဳပ္ေႏွာင္ထားခဲ့ပါသည္။

၎ေနာက္ ကိုေဇာ္မွာ တရား႐ုံးဝင္ေပါက္ ဘက္သို႔ ထြက္ေျပးသြားခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ဝိုင္းဝန္းဖမ္းဆီးခဲ့ရာ ၎အား police တံဆိပ္ပါ အရွည္ ၆ လက္မခြဲခန္႔ရွိ ဓာတ္မီးက်ဥ္စက္ ၂ လက္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး တရား႐ုံးဝင္ေပါက္၌ ဆိုင္ကယ္ျဖင့္ အသင့္ေစာင့္ဆိုင္းေနေသာ တရားခံ၏သားအႀကီးျဖစ္သူ ေနလႈိင္ထြန္း(၃၂)ႏွစ္အား ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ခ႐ိုင္တရား႐ုံးႏွင့္ ေပ ၅၀ ခန္႔အကြာရွိ လမ္းဆုံ၌ YGN 7K/×××× Honda Insight ယာဥ္ျဖင့္ အသင့္ ေစာင့္ေနေသာ တရားခံ၏ သားအလတ္ျဖစ္သူ ရာဇာဟိန္းထက္(၂၀)ႏွစ္အား ထပ္မံဖမ္းဆီးရမိခဲ့ပါသည္။ အဆိုပါယာဥ္ေပၚမွ ဓာတ္မီးက်ဥ္စက္ ၂ လက္၏ ဘူးခြံ ၂ ခုအား သိမ္းဆည္းရမိခဲ့သျဖင့္ ပုသိမ္ၿမိဳ႕မရဲစခန္း (ပ)၄၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၃၃/၂၂၅-ခ/၂၂၄/၁၁၄(လူသတ္ရန္ အားထုတ္မႈ၊ တာဝန္ထမ္းေဆာင္ေနသည့္ ျပည္သူ႔ဝန္ထမ္းအား ျပင္းထန္နာက်င္ေစမႈ၊ ဥပေဒႏွင့္အညီ ဖမ္းဆီးထားသည္ကိုကယ္လႊတ္မႈ၊ ဥပေဒႏွင့္အညီဖမ္းဆီးသည္ကို ခုခံမႈ၊ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
Ministry of Home Affairs, Myanmar
(Unicode Verison)

ပုသိမ်မြို့၌ တရားခံအား လုယူရန် အားထုတ်မှု
*****************************************
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ၁၆၀၀ အချိန် ပုသိမ်မြို့ (၁၃)ရပ်ကွက်ရှိ ခရိုင်တရားရုံး၌ ဒုရဲအုပ် ဇင်မင်းသူ ဦးစီးအဖွဲ့သည် တရားခံများအား တရားရုံးထုတ်တာဝန်ထမ်းဆောင်နေစဉ် ပုသိမ်နယ်မြေရဲစခန်း မယ(ပ)၁၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အမှုမှ တရားခံမြင့်ဦး(၅၂)နှစ်အား ရုံးထုတ်ပြီး တရားရုံးအချုပ်သို့ ပြန်လည်ပို့ဆောင်ရန် ရဲဒုတပ်ကြပ် ရဲထက်အောင်နှင့် မြင့်ဦးအား ခေါ်ဆောင်လာခဲ့ပါသည်။ ထိုသို့ ခေါ်ဆောင်လာစဉ် တရားရုံးလျှောက်လမ်း (တရားသူကြီးနားနေခန်း) ရှေ့အရောက်၌ ကိုဇော်(၄၇)နှစ်က ရဲဒုတပ်ကြပ် ရဲထက်အောင်၏ လည်ဂုတ်အား ကျဉ်စက်ဖြင့်တို့သဖြင့် လဲကျသွားစဉ် တရားခံမြင့်ဦးမှာ ရုန်းကန် ထွက်ပြေးရန် ကြိုးစားခဲ့၍ ရဲတပ်ကြပ်ကြီး မြင့်လွင်မှ လုံးထွေးချုပ်နှောင်ထားခဲ့ပါသည်။
၎င်းနောက် ကိုဇော်မှာ တရားရုံးဝင်ပေါက် ဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းအား police တံဆိပ်ပါ အရှည် ၆ လက်မခွဲခန့်ရှိ ဓာတ်မီးကျဉ်စက် ၂ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားရုံးဝင်ပေါက်၌ ဆိုင်ကယ်ဖြင့် အသင့်စောင့်ဆိုင်းနေသော တရားခံ၏သားအကြီးဖြစ်သူ နေလှိုင်ထွန်း(၃၂)နှစ်အား ဖမ်းဆီးရမိခဲ့ပြီးနောက် ခရိုင်တရားရုံးနှင့် ပေ ၅၀ ခန့်အကွာရှိ လမ်းဆုံ၌ YGN 7K/×××× Honda Insight ယာဉ်ဖြင့် အသင့် စောင့်နေသော တရားခံ၏ သားအလတ်ဖြစ်သူ ရာဇာဟိန်းထက်(၂၀)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါယာဉ်ပေါ်မှ ဓာတ်မီးကျဉ်စက် ၂ လက်၏ ဘူးခွံ ၂ ခုအား သိမ်းဆည်းရမိခဲ့သဖြင့် ပုသိမ်မြို့မရဲစခန်း (ပ)၄၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၃၃/၂၂၅-ခ/၂၂၄/၁၁၄(လူသတ်ရန် အားထုတ်မှု၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု၊ ဥပဒေနှင့်အညီ ဖမ်းဆီးထားသည်ကိုကယ်လွှတ်မှု၊ ဥပဒေနှင့်အညီဖမ်းဆီးသည်ကို ခုခံမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

www.moha.gov.mm

No comments:

Post a Comment