Saturday, June 22, 2019
ဇလွန်ပြည်တော်ပြန် ဂါထာ ပါဠိ နှင့် အနက်
မင်းဘေး ခိုးသူဘေး မီးဘေး ရေဘေး လက်နက်ဘေး စသော ဘေးအမျိုးမျိုါ်မှ လွတ်ကင်းနိုင် သည့် အပြင် မင်္ဂလာအပေါင်း နှင့် ပြည့်စုံသည့် အမြဲနေ့ညမပျက်ရွက်ခဲ့သော အန္တရာယ်ကင်းဂါထာလေးတစ်ပုဒ်ကို ရွတ်ဖတ်ချင်သူများရှိက ရွတ်ဖတ်နိုင်စေရန် ဝေမျှလိုက်ပါတယ်…..
ဇလွန်ပြည်တော်ပြန်ဂါထာ အနက်
ဣတိပိ – ဤသို့လျှင်
ပိဋကတ္တယံ – ပိဋကတ်(၃)ဘုံသည်လည်းကောင်း
အနိစ္စံ -မမြဲခြင်း
ဒုက္ခံ – ဆင်းရဲခြင်း
အနတ္တံ – အစိုးမရခြင်းဟူသောလက္ခဏာရေး(၃)ပါးသည်
လည်းကောင်း
သတ္တဗောဇ္ဈင်ဂေါ – ဗောဇင်တရား(၇)ပါးသည်လည်းကောင်း
အဋ္ဌင်္ဂီဂေါ – အင်္ဂါ(၈)ပါးနှင့်ပြည့်စုံသော
မဂ္ဂေါ – မဂ်တရားသည်လည်းကောင်း
စတုပဌာနံ သတိပဌာန်းတရား(၄)ပါးသည်လည်းကောင်း
သဗ္ဗဿ ဣန္ဒော -ထိုသို့တရားအပေါင်းကိုအစိုးရတော်မူသော
မြတ်စွာဘုရား
သဟဿ သူရိယော -ရောင်ခြည်တစ်ထောင်အလင်းဆောင်
သောနေမင်းထက်ထွန်းလင်းတောက်ပ
တင့်တယ်ပါ၏
သြောင်းနမောမေတ္တာနံ -ထိုမြတ်စွာဘုရားအားတပည့်တော်
ရိုသေမြတ်နိုးလက်စုံမိုး၍ရှိခိုးပါ၏
ရာဇဘယံ -ထိုသို့ရိုသေမြတ်နိုးလက်စုံမိုး၍ရှိခိုး
ရသောအကျိုးအားကြောင့်မင်းဘေး
မှလည်းကောင်း
စောရဘယံ -ခိုးသူဘေးမှလည်းကောင်း
ဥဒကဘယံ – ရေဘေးမှလည်းကောင်း
အဂ္ဂိဘယံ – မီးဘေးမှလည်းကောင်း
သတ္တဘယံ – သတ္တဝါအပေါင်းတို့၏ဘေးမှ
လည်းကောင်း
သဗ္ဗဘယံ – ဓါးလှံလက်နက်အစရှိသော
ဘေးအပေါင်းတို့မှ
ဇေယျော – ကင်းလွတ်ငြိမ်း၍
ဇယတုမင်္ဂလံ -မင်္ဂလာအပေါင်းနှင့်ပြည့်စုံ
ရပါလို၏
အနိစ္စံ -မမြဲသောတရားတို့သည်
လည်းကောင်း
သင်္ခတံ – စေ့ဆော်တိုက်တွန်း၍
ဖြစ်ပေါ်လာသောတရား
အပေါင်းတို့သည်လည်းကောင်း
ပဋိစ္စသမုပ္ပံန္နံ -အကြောင်းကြောင့်ဖြစ်ပေါ်လာ
သောအကျိုးတရားတို့သည်လည်း
ကောင်း
ခယဓမ္မံ – ပျက်စီးခြင်းသဘောရှိ၏
ဝယဓမ္မံ – ကုန်ခမ်းခြင်းသဘောရှိ၏
ဝိရာဂဓမ္မံ -ထို့ကြောင့်ရာဂကင်းရာဖြစ်သော
နိရောဓ ဓမ္မံ -နိဗ္ဗာန်ဘုံကိုသူတော်ကောင်းတို့
သည်
ခမတိ နှစ်သက်မြတ်နိုးကြကုန်၏
အမြဲနေ့ညမပျက်ရွက်ခဲ့သောအန္တရာယ်ကင်းဂါထာလေးတစ်ပုဒ်ကိုရွတ်ဖတ်ချင်သူများရှိကရွတ်ဖတ်နိုင်စေရန်ဝေမျှလိုက်ပါတယ်
မေတ္တာဖြင့်
Credit -Photo
ဇလွန်ပြည်တော်ပြန် ဂါထာ ပါဠိ နှင့် အနက်
Reviewed by timeayeyar
on
7:28 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment