Latest News

Thursday, June 13, 2019

ဖျာပုံတွင် ယာဉ်တိုက်မှုကြောင့် ဆရာဝန်သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ


ဖျာပုံ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် ဇွန် ၁၁ ရက် နံနက် ၃ နာရီခွဲခန့်က ယာဉ်တိုက်မှုကြောင့် ဆရာဝန်သုံးဦး သေဆုံး ခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ဖျာပုံ-ကျိုက်လတ်-မအူပင်ကားလမ်းပေါ်ရှိ ချောင်းတွင်းတံတားခြေဆင်းကွေ့ အနီး ဖျာပုံမြို့ဘက်သို့ ဦးတည်ရပ်တန့်ထားသော ကွန်ကရစ် တိုင်များ တင်ဆောင်ထားသည့် ၁၀ ဘီးယာဉ်ကို လားရာတူ ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်၍ ဆရာဝန် ငါးဦးလိုက်ပါလာသော မစ်ဆူဘီရှီယာဉ်က နောက်မှ ဝင်တိုက်မိ သည်။ ယင်းသို့ တိုက်မိမှုကြောင့် ကွန်ကရစ်တိုင် အချို့ ကားနောက်ဖုံးထိ ထိုးဝင်ဖောက်ထွက်သွားပြီး ယာဉ်မောင်း ဒေါက်တာ ဝေယံမျိုးထက်၊ ဒေါက်တာ အေးမြတ်သူနှင့် ဒေါက်တာပန်ဂျာထွယ်တို့မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဒေါက်တာနေမျိုးစု၊ ဒေါက်တာ လှမျိုးသူနှင့် ဒေါက်တာ နှင်းအိစိုးတို့တွင် ဒဏ်ရာများရရှိသဖြင့် ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၈၀)ယာဉ်ထိန်းတပ်ဖွဲ့စု ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ဇာနည်ထွန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်တရားစွဲဆိုနိုင်ရေး ဖျာပုံမြို့မ ရဲစခန်းနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သပြေထွန်း(မြန်မာ့အလင်း)

No comments:

Post a Comment