Latest News

Friday, May 10, 2019

အကျဉ်းထောင်အတွင်း ပေးသွင်းခြင်းမပြုလုပ်ရန် တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟမ်းဆက်သွင်းယူသူများအား အရေးယူဆောင်ရွက် "

အကျဉ်းထောင်အတွင်း  ပေးသွင်းခြင်းမပြုလုပ်ရန် တားမြစ်ပစ္စည်းဖြစ်သည့်  ဖုန်းဟမ်းဆက်သွင်းယူသူများအား အရေးယူဆောင်ရွက် "

 ရွှေဘို           မေ   ၁၀

  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မေ ၈ ရက် နေ့ ညနေ ၄ နာရီခွဲ က ရွှေဘိုအကျဉ်းထောင်အတွင်း အကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့ပုံများနှင့် ပစ်ခတ်မှုကြောင့် အကျဉ်းသားထိခိုက် သေဆုံးမှုအပေါ် အကျဉ်းသားတစ်ဦးကလူမှုကွန်ယက် စာမျက်နှာပေါ်တွင် လိုက်ခ်လွှင့်ခဲ့သည့် ဖုန်းဟမ်းဆက်နှင့် ဆင်းကတ်ကို  အကျဉ်းဦးစီးဌာန ရွှေဘိုအကျဉ်းထောင်အိပ်ဆောင်(၃) အား   မေ ၉ ရက်နေ့တွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ မှ အထူးရှာဖွေရေးဆောင်ရွက်ခဲ့ရာ  အိပ်ဆောင်(၃)
အခန်း(၂) ရှိ  အကျဉ်းသား  ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ ထံမှ  ဖုန်း  Simcard နှင့်  Vivoအမှတ် တံဆိပ်ပါ  Touch  Screen   ဟမ်းဆက်အမျိုးအစား ဖုန်းတစ်လုံးအား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း  အကျဉ်းဦးစီးဌာန  ရွှေဘို အကျဉ်းထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး  ဦးဇော်ထွန်း  က ပြောကြားသည်
ဖြစ်စဉ်နှင့်ပတ်သက်၍  အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ  အား စစ်ဆေးရာ
အာကာဦး (ဘ) ဦးခင်မောင်ဦး  ထံမှရှိသည်ဟုလည်းကောင်း   အာကာဦး (ဘ) ဦးခင်မောင်ဦး  အားစစ်ဆေးရာ   မိုးနိုင် (ဘ)
ဦးအောင်သန်း  ပိုင်ပစ္စည်းဟုလည်းကောင်း   မိုးနိုင်(ဘ)  ဦးအောင်သန်း  အားစစ်ဆေးရာ အကျဉ်းထောင်တပ်သား မိုးကျော်ဇင်အောင်မှ ပေးသွင်းခဲ့၍ ရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်

သို့ဖြစ်၍  အကျဉ်းထောင်အတွင်းသို့   ပေးသွင်းခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသော လက်ကိုင်ဖုန်းအား လက်ဝယ်ပိုင်ဆိုင်
ထားရှိခဲ့သူများဖြစ်ကြသော  အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ   အာကာဦး(ဘ) ဦးခင်မောင်ဦး
မိုးနိုင် (ဘ) ဦးအောင်သန်း  တို့သုံးဦးနှင့်  အကျဉ်းထောင်အတွင်းသို့ လက်ကိုင်ဖုန်းပေးသွင်းသူ  အကျဉ်းထောင်တပ်သား မိုးကျော်ဇင်အောင်တို့အား  အကျဉ်းထောင်အက်ဥပဒေပုဒ်မ - ၄၂  နှင့်အညီ အရေးယူပေးပါရန် ရွှေဘိုမြို့မရဲစခန်းသို့ အကြောင်းကြား တိုင်ကြားသဖြင့်ရွှေဘိုမြို့မ ရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း  ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေတင့်   ထံမှ သတင်းရရှိသည်။

   မိုးသောက်( ရွှေဘို)

No comments:

Post a Comment