Latest News

Friday, February 1, 2019

ဘန်ကောက်၊ နအဖ သံရုံးရှိ အလံအားဖြုတ်ချပြီး ခွပ်ဒေါင်းအလံတင်ခဲ့တဲ့ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) -

အပိုင်း (၁)
————————————————————————————
(U) Maung Kyaw
• သူတို့ဖို့လဲ….အမျှဝေပါ (၁)
သမိုင်းဆိုတာဖျောက်လို့မရဘူးတဲ့…။ သိပ်ရတာပေါ့ … လောကကြီးမှာ…လူသိတဲ့သမိုင်းထက်…လူမသိတဲ့သမိုင်းက အဆပေါင်းများစွာပိုတယ်ဆိုတာကို…နားမလည်နိုင်တဲ့သူတွေပြောကြတာပါ ။ လူသိတဲ့သမိုင်းတောင် ဘယ်သူတွေရေးလို့ ဘယ်လောက်မှန်တယ်ဆိုတာ ရှိသေးတယ် ။ တကမ္ဘာလုံးက စစ်ရေးသမားတွေ…သိကြလေးစားကြတဲ့… နာမည်ကြီး တရုတ်စစ်သေနာပတိ „“ဆွန်ဇူး“ ဘယ်ပျောက် ဘယ်ရောက်သွားတယ်ဆိုတာ အခုထိဘယ်သူသိသလဲ။ လက်တင်အမေရိက ကျူးဘားမှာ အောင်မြင်တဲ့တော်လှန်ရေး လုပ်ပြီး…ဘူလီးဗီးယားမှာကျဆုံးခဲ့တဲ့.. ချီဂွေးဘားရား ဟာ..အာဖရိကတိုက် ကွန်ဂိုနိုင်ငံလေးကိုကယ်တင်ဘို့လဲ အဲဒီမှာ တော်လှန်ရေးလုပ်ခဲ့တာ.. သူကျဆုံးပြီး နှစ်ပေါင်း ၃၀ ကြာမှသိကြတယ် ။ ထားပါတော့......
ဒီနေ့…အမေခေါ်လိုက်..အန်တီ ခေါ်လိုက်..သမိုင်းဝင်ပုံတွေတွဲရိုက်လိုက်၊လုံခြုံရေးတွေစိုးရိမ်လိုက်…လုပ်နေကြတဲ့သူတွေ အများစုဟာ..တချိန်က“စု ” ဆိုတဲ့စကား လုံးတောင် လေသံကျယ်ကျယ်မထွက်ရဲခဲ့ကြပါဘူး။ ဒီနေ့ ခွပ်ဒေါင်းကို ဦးထုပ်တမျိုး…တီရှပ်တစ်ဖုံ…ရင်ထိုးတသွယ်…ဖွယ်ဖွယ်ရာရာ ဆင်ယင်နေကြတဲ့…ပျိုပျို အိုအိုကိုကို မမတို့ (အဘပြောင်စိန် တောင်ပါသေး ) တတွေဟာ…တချိန်က..ခွပ်ဒေါင်းဆိုရင်…ရုပ်ပုံတောင်လူရှေ့ မှာ ကြာကြာရပ်ကြည့် ရဲသူတွေမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တွေက…ခွပ်ဒေါင်းမမှေးမှိန်အောင်…နေရာအမျိုးမျိုးမှာ… ပုံပုံစံအမျိုးမျိုးနဲ့ကြိုးစားခဲ့ပြီး… သမိုင်းမရှိခဲ့သူတွေအများကြီးပါ။ ဒီထဲမှာ (ABSDF) ကနေပေါက်ဖွားခဲ့တဲ့ လူငယ်တစ်စုဟာ..၁၉၉၉အောက်တိုဘာလထဲမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့က… န၀တ သံရုံးကိုဝံ့ဝံ့စားစား ၀င်စီးပြီး…န၀တ အလံကိုဖြုတ်ချ.. ခွပ်ဒေါင်းအလံကို.. ကမ္ဘာက သတိထားမိအောင် တင်ပြီး…အခု ပြည်တွင်းမှာ… လူတွေကျယ်ကျယ်ကျယ်ကျယ် ပြောနေပြီဖြစ်တဲ့....ဒီမိုကရေစီဆိုတာ ကိုတောင်းဆိုခဲ့ဘူးတယ်လေ။ ဒါပေမဲ့..သူများနိုင်ငံကတောင်..လေးစားလို့…သွားလိုရာလွှတ်ပေးတဲ့သူတို့ကို… နယ်စပ်တစ်လျှောက် (A-to-Z) ခေါင်းစဉ်တွေနဲ့ ဒီမိုတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့…ဘယ်အဖွဲ့ကမှ လက်မခံခဲ့ဖူး။ ထိုင်းမြေပေါ်မှာအနေရကျပ်မှာစိုးလို့ တဲ့ …. ဒါကြောင့် ကရင်ကလေးငယ်တစုဦးစီးတဲ့…ဘိတ်၊ ထားဝယ်ခရိုင်ဘက်က (God Army) တည်ရှိရာနေရာလေး တစ်ခုမှာ ခိုလှုံခဲ့ရတယ်။ (God Army)နာမည်တက်ခါစ..ကျော်ဦး (ကျော်နီ) တို့ရောက်သွားတော့..ကမ္ဘာကအာရုံစိုက်လာတယ်။ သံရုံးကိစ္စမှာ..မရှိတဲ့မဟာအရှက်တော်..ဟက်တက်ကွဲခဲ့ရတဲ့ န၀တ က…ဒီနေရာလေးကို…ခြေမှုန်းရှင်းလင်းဖို့ ကြိုးစားတော့တာပေါ့။ ရယ်စရာနဲ့ ရင်နာစရာကောင်းတာက ဒီမိုသူရဲကောင်းဆိုတာ…သူတို့သာပါလို့ ကမ္ဘာကအာရုံစိုက်စေချင်တဲ့…ပြီးတော့..အကူအညီတွေရချင်တဲ့…၊ပြီးတော့…ထိုင်းကညိုငြင်မှာကိုကြောက်တဲ့ A to Z အဖွဲ့အသီးသီးက လှစ်လျှူရှုခဲ့ကြတယ်ဗျာ။
သူတို့ဇာတ်သိမ်းက….အတော်ဝမ်းနည်းနာကြည်းစရာကောင်းပါတယ် အခုထိတော့…ဘယ်ဒီမိုချစ်သူတွေကမှ…. ဒီသမိုင်းလေးသတိတယ…ဖေါ်မယ်လို့ကြိုးစားတာမကြားမိသေးပါဘူးဗျာ။
„“စိတ်မကောင်းလို့….နားပါဦးမယ် ….ရှိသမျှ ဆက်တင်ဖို့…..ကြိုးစားပါ့မယ်“
သူတို့ဖို့လဲ….အမျှဝေပါ (၂)
ကျော်ဦးတို့အဖွဲံ့ဟာ (AK-47) တွေထည့်ထားတဲ့..ဂီတာအိတ်ကြီးတွေလွယ်ပြီး နအဖ သံရုံးထဲဝင်..l.သံရုံးကို မိမိရရ စီးနင်းနိုင်ခဲ့တယ်။ နအဖအလံဖြုတ်ချ…. ခွတ်ဒေါင်းအလံကို ဘန်ကောက်မြို့လယ်မှာ… သေနတ် ၃ ချက်ပစ်ဖေါက်ပြီး တင်ခဲ့ပေမဲ့…လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိရှာတဲ့ ကျောင်းသားလူငယ်လေးတွေ……အဲလေ.. နအဖ သံရုံးအမှုထမ်းတွေကိုတော့လက်ဖျားနဲ့တောင်မတို့ခဲ့ပါဘူး။
တို့ရမှာ ရွံလို့လားဆိုတာတော့ သူတို့ဘဲသိမှာပါ။ မြန်မာပြည်မှာ ပြည်သူတွေခံစားနေရတာနဲ့… မြန်မာ့ဒီမိုကရေစီအရေးကိုဘဲမီးမောင်ထိုးပြဖို့… စွန့်စွန့်စားစားလုပ်ခဲ့ကြတာပါ။
ဒါကိုနားလည်လေးစားတဲ့….ထိုစဉ်က ထိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီး…စူကွန်ဘန်း ဟာ…. ကျော်ဦးတို့ကိုအကြမ်းဖက်လို့ မသတ်မှတ်ဘဲ ညှိုနှိင်းဆွေးနွေးခဲ့တော့…နအဖ ဟိုသင်းကိုလူလည်ခေါင်မှာ…ညှောင့်စူးပါလေရော။ ထားဝယ်ဖက်ဖြစ်တဲ့ကိစ္စမှာ..ထိုင်းတွေစီးပွါးရေးထိခိုက်ပါစေတော့ဆိုတဲ့ စတနာဗလဗွနဲ့  …တာချီလိတ်ဘက်ကစီးပွါးရေးဂိတ်တွေကိုပါပိတ်လိုက်ပါလေရော။
စူကွန်ဘန်းက…. ကျော်နီတို့ကိုထွက်ပေါက်ပေးမယ်ဆိုတော့.…ကျော်နီတို့က လမ်းမှာဖြတ်တိုက် မခံရဖို့ သေချာအောင်… သံရုံးအမှု ထမ်းတချို့ကို ဒါးစာခံ ခေါ်သွားမယ်လို့လုပ်တယ်။ ကျော်နီတို့ကိုလဲ လွတ်စေချင်…နိုင်ငံခြင်းလဲ မိတ်မပျက်ချင်တဲ့…ဒု ၀န်ကြီး စူကွန်ဘန်းဟာ နအဖ သံရုံးဝန်ထမ်းတွေကိုယ်စား… သူကိုယ်တိုင်ဒါးစာခံအဖြစ်. လိုက်ဖို့ သဘောတူခဲ့တယ်။ရီရတာက..နယ်စပ်တလျှောက်မှာ ဒီမိုတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ဘယ် A..to..Zအဖွဲ့ ကမှကျော်ဦးတို့ ကို လက်မခံရဲဘူး။ ထိုင်းနဲ့အရှုတ်အရှင်းဖြစ်မှာစိုးလို့တဲ့ဗျား။
ဗိုလ်ချုပ်မြ..တစ်ယောက်ဘဲလာရင်လက်ခံမယ်လို့ ထပြောတယ်….. ဒါပေမဲ့ သူတစ်ယောက်ထဲဘဲ…. ကျန်တဲ့ခေါင်းဆောင်တွေက ကွိကွိ ကွကွ ဆိုတော့ သူလဲ ငြိမ်သွားရတယ်။ ဒါနဲ့ ကျော်နီတို့ဟာ သူတို့ကိုလက်ခံတဲ့ မြိတ် ထားဝယ် ခရိုင်တစ်နေရာရှိ….ဂျော်နီထူးနဲ့ လူသာထူး တို့ ကလေးညီအကိုနှစ်ယောက် ဦးဆောင်တဲ့ (God Army) တည်ရှိရာ..ကမာပလောဆိုတဲ့…လူဦးရေ ၅၀၀ကျော်ခန့်ရှိတဲ့…ကရင်ရွာအုပ်စုလေးမှာ သွားရောက်ခိုလှုံ ခဲ့ရတယ်။
မရှိတဲ့အရှက်တွေ…ကွဲပြီးရင်းကွဲနေတဲ့နအဖက…အဲ့ဒီ့နေရာလေးကို…ချေမှုန်းဖို့စီစဉ်တာပေါ့။ ဒီတခါတော့…ကျော်နီတို့နဲ့ သူတို့ကိုလက်ခံတဲ့ ကရင်တွေကိုအပိုင်အပြတ်ရှင်းရအောင်… ထိုင်းနယ်မြေဘက်ကပါ ထိုင်းတပ်တွေနဲ့ ပိတ်ပြီးအပိုင်ဆော်ဖို့..
အဲဒီ့ဘက်မှာရှိတဲ့ Thai Chamber of commerce စီးပွါးရေးအဖွဲ့ကြီးကတဆင့်.... ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ခွင့် ….သဘာဝဓါတ်ငွေ့ ဝယ်ခွင့်.. ပိုက်လိုင်းဆောက်ခွင့် တွေ..တသီကြီးမက်လုံးပြပြီးအပိုင်စီးရုံးထားခဲ့တယ်။
၂၀၀၀ခုနှစ်ဇန်န၀ါရီလလယ်လောက်ကစပြီး…အဲဒီကမာပလောဆိုတဲ့ နေရာလေးကို.. နအဖ..ဘက်က… ခြေမြန်တပ်ရင်း ၇၃၅ ၊ ၃၈၀ ၊ ၅၃၉ တို့နှင့် ၀ိုင်းပိတ်ထိုးစစ်ဆင်ပြီး…. ထိုင်းဘက်က တိုင်းတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ထုပါလေရော။ ၁၂၀ မမတစ်လုံးကျရင်… အဲဒီ့နေရာကိုက် ၂၀၀ ပတ်လည်လောက် (ဘောလုံး၂ကွင်းစါပတ်လည်)ထိ ရောက်တာဆိုတော့..ကရင်ရွာသူရွာသား..မိခင်တွေ… ကလေးတွေ အတုံးအရုံးပေါ့ဗျာ...သတင်းထောက်မရှိ မီဒီယာတွေကလဲ မရှိတော့ ဓါတ်ပုံ ဘာညာတော့ သက်သေမပြနိုင်ဘူးပေါ့။ ကြိုးစားမှတ်တမ်းတင်ထား တဲ့ မြေပုံကြမ်းလေးကြည့်ပြီး မှန်းကြည့်ပေါ့။ အဲ့ဒီမှာ…ဆေးရုံမရှိ…ဆေးဆရာမရှိ…ဆေးဝါးမရှိ…ဒါနဲ့…….
„“ညကအိပ်မရ..စိတ်နဲနဲထိလို့ ဗျာ...နားပါဦးမယ် … ဆက်ကျိုးစါးပါ့မယ်။.
Maung Kyaw
Photos Credit: U Thet Thun Oo
—————————————————————
• “သူတို့ဖို့လဲ….အမျှဝေပါ“ (၃)
ငတုံးမဟုတ်တဲ့မီဒီယာသမားတွေ..နဲ့ ..ထိုင်းအာဏာပိုင်တွေ…စပြီးတိုးတဲ့ပုံပါ.. ဘာကြောင့် ထင်ပါသလဲ..စါရှုသူ?????
“သူတို့ဖို့လဲ….အမျှဝေပါ“ (၃)
(ဝန်ခံချက်)။ ။ (၁)ကျနော်စါရေးအလွန်နှေးပါတယ်။အီတလီကစေတနာရှင်..ရှမ်းအမျိုးသမီးတဦးကိုသူအားလပ်ချိန်မှာ Skypeနဲ့ လှမ်းခေါ်ပြီးအကူအညီတောင်းရေးနေတာပါ။ စုဆောင်းထားတဲပုံတွေကို..စါကမလိုက်နိုင်ဖြစ်နေပါတယ်။ ပုံတွေကို..နောက်ဆက်တွဲအနေနဲ့ စုတင်ဝေမျှဖို့ စဉ်းစါးထားပါတယ်။ (၂)နောက်တခုက..ဒီအကြောင်းလေး..လုံးဝပြောက်ကွယ်မသွားသင့်ဘူးထင်လို့ ကျိုးစါးကြည့်တာပါ။ ဇော်ထာစခမ်းမှာ..ခဏဆုံခဲ့တဲ့..ကျော်ဦး(ကျော်နီ)ကလွဲရင်..ကျနော်နဲ့ နီးစပ်သူမပါပါဘူး။ဒါပေမဲ့ .သူတို့ လုပ်ခဲ့..ခံစါးခဲ့…ဇတ်သိမ်းခဲ့ရတာတွေကို… ရဲဘော်ရဲဘက်..ညီအကို..သားသမီးလိုစါနာစိတ်နဲ့ .. ဒါကိုစလိုက်တိုင်း… စိတ်ထွေပြီးဘာမှဆက်မကြည့်ခြင်အောင်ဖြစ်ရပါတယ်။ မည်သူမဆို..ပိုသိတာ..အမှားတွေ့ တာရှိရင်..အချိန်မရွေး..ဖြည့်ဆည်း.. ပြင်ဆင်ပေးနိုင်ကြောင်းပါ။ MK )
………………………………………………………………………………………………………..
တကယ်တော့ ကမာပလောဆိုတဲ့နေရာလေးဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒါဏ်ကြောင့် ထိုဒေသ…နေရာအသီးသီးကပြေး လာတဲ့ ကရင်အများစုစစ်ပြေးမိသားစုတွေ စုစည်းနေထိုင်ကြတဲ့ မြန်မာဖက် ရှိနယ်စပ် ရွာပြေးရွာရှောင် အစုကလေးသာဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ လူသိတ်မသိဘဲ အေးချမ်းခဲ့တဲ့နေရာလေး ပါ။
ဒီနေရာလေးကို…နအဖဘက်ကတပ်ရင်း ၃ ရင်း ထိုးစစ်ဆင၊် နောက်ကျောက..ထိုင်းတပ်မ ၉ ၊ တပ်နယ်မြေ ၁ တပ်တွေက လက်နက်ကြီးတွေနဲ့ပစ်တော့..ကမာပလောကရွာသူရွာသား တွေ မရှုမလှဖြစ်ရတာ သူတို့ကိုလက်ခံမိလို့ဆိုတာဗေဒါနဲ့ ကျော်နီတို့အဖွဲ့ သဘောပေါက်ကြတယ်။ နေ့စဉ် လက်နက်ကြီးဒါဏ်ကြောင့် ဒါဏ်ရာရသူ ရာနဲ့ချီဖြစ်လာ ဆေးဝါးကုသဖို့ မရှိ…ဆရာမရှိ..ဒုံးခံနေရရင်း… သေဆုံးသူတွေ၂၀၀ ကျော်လောက်ဖြစ်လာတယ်။ ကျော်နီတို့အတွက်ရွေးစရာတစ်ခုဘဲကျန်ပါတော့တယ်။ သူတို့ကိုအရင်းအနှီးကြီးစွာနဲ့ လက်ခံတဲ့ရွာသူရွာသားတွေကို အသက်နဲ့လဲပြီးတစ်စုံတစ်ရာပြန်ပေးဆပ်ဖို့ပါပဲ ……………………..
အတွေ့ အကြုံနဲ့ လက်စလက်နရှိပြီး…လုပ်ရဲကိုင်ရဲတော့.. အတိုင်းအတာတခုထိတော့အောင်မြင်ခဲ့တယ် ။ ဒီတစ်ကြိမ်မှာတော့ ထိုင်းတွေနဲ့သာဆက်ဆံရ မှာဖြစ်လို့ ထိုင်းစကားကျွမ်းကျင်တဲ့ ကိုဗေဒါက ဦးဆောင်ခဲ့တယ်။ကျော်နီကတော့ စခန်းမှာအသင့်အနေအထား နဲ့ ကျန်ခဲ့တယ် ။
၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၄ ရက် မနက် ၇ နာရီလောက်မှာ နယ်စပ်ဒေသနဲ့ကီလိုမီတာ ၇၀ လောက် ကွာဝေးတဲ့ ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီ မြို့ ဆေးရုံကြီးဝင်းထဲကို..ခရီးသည်တင်အပြာရောင်ဘတ်စ်ကားကြီး တစ်စီး ၀င်ရောက်လာပြီး..ကားထဲက စစ်ဝတ်စုံနဲ့ လက်နက်အပြည့်အစုံ ဆင်ယင်ထားတဲ့ လူငယ်တစ်စုထွက်လာ၊ သေနတ်များမိုးပေါ်ထောင်ဖောက်၊မိနစ်ပိုင်းအတွင်း.. ဆေးရုံဝန်ထမ်းနဲ့လူနာများကိုထိခိုက်နာကျင်မှုတစ်စုံတစ်ရာမဖြစ်ခဲ့ဘဲ ဆေးရုံကြီးကိုစီးနင်းထားလိုက်ပါတယ်။ နေ့လယ် ၁ နာရီခန့် မှာ အမှတ် ၇ ထိုင်းရုပ်မြင်သံကြားသတင်းထောက် ကိုဝင်ခွင့်ပေးခဲ့ပြီး..ယခု လူငယ်တစ်စုဟာတစ်မန်တော်တပ်(God Army ) က ဖြစ်ကြောင်း နှင့် တောင်းဆိုချက်၅ ခုကိုထုတ်ပြန်ခဲ့ပါတယ်။ သူတို့တောင်းဆိုတာက (၁)ကမာပလောဒေသ တွင် မှီခိုနေသောကရင်လူထုနှင့် (God Army ) အပေါ်… နအဖမှ စစ်ဆင်မှုများ ရပ်ဆိုင်းရေး UNHCR နဲ့ ထိုင်းနိုင်ငံမှပူးပေါင်း ဖိအားပေး ရန်။ (၂) နအဖ ၏ ထိုးစစ်ကို…ထိုင်းစစ်တပ်က ကူညီ ၍ နောက်ကျောမှ လက်နက်ကြီးများနဲ့ကမာပလောဒေသအားပစ် နေခြင်းအားရပ်ဆိုင်းရန်။ (၃)ထိခိုက်ဒါဏ်ရာရကြသော ကရင်ရွာသူုရွာသားနှင့်ကလေးငယ်များကို နယ်စပ်ဖြတ်ကျော် ဆေးကုသခွင့်ပေးရန် (၄)ကမာပလောဒေသသို့ ပစ်မိန့်ပေးခဲ့သော ထိုင်းစစ်တပ်အရာရှိအား ထိုင်းအစိုးရမှအရေးယူပေးရန် ။ (၅) အရေးပေါ်အဖြစ် ဆရာဝန် ၁၀ ဦး နှင့်ဆေးအဖွဲ့ဝင် နှင့် ဆေးဝါးများကို မိမိတို့နှင့်အတူ ရဟတ်ယာဉ် ၂ စီးဖြင့် ကမာပလောဒေသသို့ ပို့ဆောင်ပေး ရန်တို့ ဖြစ်ပါတယ်။
ထိုင်းစစ်တပ်ကနောက်ကျောက လက်နက်ကြီးများနဲ့ ပစ်နေတာတွေ ချက်ချင်းရပ်သွားခဲ့တယ်။
အဲဒီနေ့ နေ့လည် ၁ နာရီလောက်ကစပြီး သက်ကြီးရွယ်အိုတွေ..ကလေးပါတဲ့မိသားစုတွေအမျိုးသမီးတွေကို ဗေဒါတို့အဖွဲ့က တစ်သုတ်ပြီး တစ်သုတ်လွှတ်ပေးခဲ့ပါတယ် ။လွတ်မြောက်လာသူအားလုံး က ဆေးရုံစီးနင်းသူတွေဟာ ကြောက်စရာမကောင်းဘဲ ယဉ်ကျေးသိမ်မွေ့ပြီး ကူညီတတ်ကြတယ်လို့ သတင်းထောက်တွေကိုပြောကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ် “ထ၀ိ” နဲ့ စီးပွါးရေးအဖွဲ့တွေက တော့ သူတို့ဇာတ်ရှုတ်တွေ ပေါ်ခါနီးသလိုဖြစ်လာလို့ အပြင်ဘက် မှာ ဗေဒါတို့အဖွဲ့ကို နအဖ လေသံအတိုင်း “အကြမ်းဖက်တစ်စု” လို့  အတင်းခေါင်းစဉ်တပ်တယ်။ တစ်ချိန်တည်းမှာ ဗေဒါတို့ရဲ့ တောင်းဆိုချက်တချို့ ကိုသဘောတူကြောင်း နဲ့ တောင်းဆိုထားတဲ့စားသောက်ဖွယ်တွေတောင်ပို့ပေးလိုက်သေးတယ်။ ဗေဒါတို့ကတော့ ကမာပလောကလူတွေကို သူတို့ အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင်တော့မယ်လို့ ယူဆပြီး အတော်လေး သက်တောင့်သက်သာဖြစ်သွားပုံရတယ်။ ဒါကအမှားဘဲ….
ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံတွင်းမှ အယူအဆနှစ်မျိုးဖြစ်သွားတယ် …. တစ်စုက…. နောက်ခံဇာတ်ရှုတ်ကိုသိထားတဲ့သီတင်းထောက်တွေနဲ့  ပညာတတ်လူတန်းစား အနည်း ငယ်.. ပညာတတ်ဘုန်းတော်ကြီးအချို့ တို့ဖြစ်တယ်၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံစစ်ဗိုလ်ချုပ်တွေကြား ရှုတ်ထွေးဖောက် ပြန်တဲ့ စီးပွါးရေး ကိစ္စတွေကြားမှာ ဒီလူစုကလေး ကြားညှပ် ခံရလို့ နောက်ဆုံးထွက်ပေါက်အဖြစ် လုပ်ရတာလို့အခြေအနေမှန်ကိုသူတို့ နားလည်စါနာကြတယ်။ ဒါပေမဲ့အနဲစုဖြစ်ခဲ့တယ်။
နောက် တစ်စုက တော့… မိမိတို့ အိမ်ခြံစည်းရိုးနားတင်ဖြစ်တဲ့ကိစ္စကို.. စိတ်မ၀င်စားနားမလည်တဲ့ သာမာန်လူထုရယ်….. နအဖနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပြင်သစ် Total ရေနံကုမ္ပဏီ ၊PTT ထိုင်းရေနံကုမ္ပဏီ ။ ကန်ချနဘူရီကုန်သည်ကြီးများအသင်းတို့ကနေ… ပိုက်လိုင်းသွယ်တန်းမှု…လမ်းဖောက်မှုကိစ္စတွေအတွက် ငွေကြေး မြောက်များစွာရရှိထားတဲ့..ထိုင်းအမှတ် ၁ ဒေသတပ်မတော်ဦးစီးချုပ်ဗိုလ်ချုပ် “ ထ၀ိ” တို့ အုပ်စု ဖြစ်ကြ တယ်။ ဒီတစုက….နအဖ သံရုံးစီးတုန်းက သူ့လူမျိုးသူ့နေရာ သူ့နိုင်ငံရေးပြသနာမို့.. ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်ဖြေရှင်းပေးတာ နားလည်လို့ ရပေမဲ့.. ဒီတစ်ခါက ထိုင်းနိုင်ငံလူထု နဲ့ ပါတ်သက်တဲ့ ဆေးရုံဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ သီးခံမှုကိုစော် ကားတယ်လို့ ယူဆကြတယ်။ အဲဒီ အခြေအနေကို ထင်ရှားစေတဲ့ ကာတွန်းကလေးနှစ်ခု နောက်တနေ့ ၂၅ ရက် ဇန်န၀ါရီထုတ် သတင်းစာတွေမှာ ပါလာခဲ့ပါတယ်(ဖော်ပြထားပါတယ်)။
ကာတွန်းတစ်ခုမှာက စစ်ဝတ်စုံနဲ့ လက်နက်ထိုင် ထားတဲ့ God Army အဖွဲ့ဝင် တစ်ဦးက …. “ မြန်မာစစ်တပ်နဲ့ ထိုင်းတပ်ပေါင်းပြီး ငါတို့ကိုတိုက်နေတာ ရပ်တန့်စေချင်ပါတယ်”..လို့ ပြောတာကို အဲဒီဆေးရုံ ၀န်ထမ်းက “ပထမဆုံး ငွေသွင်းလိုက်ပါ ပြီးရင် ဆရာဝန်ကဘယ်ဆေးနဲ့တဲ့တယ် ဆိုတာကြည့်ပေးပါလိမ့်မယ်” လို့ ပြန်ပြောတဲ့ ကာတွန်းပါ။
နောက်တစ်ခုက ထိုင်းဝန်ကြီး ချုပ် ချွမ်လီပိုင်ကို..အကြမ်းဖက်သမား လို့ စာတမ်းထိုးထားသူတစ်ဦးက နောက်ကနေမျက်စိကိုပိတ်ထားပြီး “ဘယ်သူလဲမှန်းလို့ရသလား” လို့ မေးနေတဲ့ပုံပါ။ အဲဒီအကြမ်းဖက်သမားရုပ်က ဗိုလ်ချုပ် “ထ၀ိ” ရဲ့ရုပ်ပါ။ သူ့ ကိုမြင်ဘူးသူတိုင်းသိကြပါတယ်။ အဲ့ဒီအချိန်..ဒီမိုသမား ထိုင်းဝန်ကြီးချုပ် ချွမ်လီပိုင်လဲ…အများစုလေသံအတိုင်း ဗေဒါတို့ ကို “အကြမ်းဖက်တစ်စု”လို့ လိုက်အော်နေရတဲ့ ကာလပါ..။ ၂၅ ရက်နေ့ မနက် ၅နာရီ ၃၅မိနစ်မှာ ထိုင်းကွန်မန်ဒို ၂၀၀ ကျော်ခန့်က ဆေးရုံကို..ရုတ်တရက် ၀င်ရောက်စီးနင်းပြီး..မိနစ် ၄၀ ကြာစီးနင်းမှု မှာ ဆေးရုံဝင်စီးသူလူငယ် ၁၀ ဦးလုံးတိုက်ပွဲတွင်းမှာကျဆုံးကြောင်း၊ အခြားမည်သူတစုံတဦးမျှ ထိခိုက်မှုမရှိကြောင်းကျေညာခဲ့တယ်။ ဝင်စီးတာကတော့..ထဝိရဲ့ အဖွဲ့ တွေပါ။ နေ့ လည်ပိုင်းကျတော့ သွေးတွေစိမ့်ယိုကျနေတဲ့..အဝတ်ဖြူနဲ့ ထုတ်ထားတဲ့အလောင်း ၁၀လောင်း ကိုနာမည် စာရင်းနဲ့ ထုပ်ပြပြီး၊သိမ်းဆည်းရမိတဲ့..လူငယ်ဆယ်ဦးရဲ့ ယူနီဖေါင်း..လက်နက်တွေကိုပါထုပ်ပြခဲ့ရတယ်…..
အဲ့ဒီမှာတင်..ငတုံးမဟုတ်တဲ့မီဒီယာသမားတွေ..နဲ့ ..ထိုင်းအာဏာပိုင်တွေတိုးတော့တာပါဘဲ။
နားပါဦးမယ် … ဆက်ကြိုးစားပါ့မယ်။











No comments:

Post a Comment