Latest News

Tuesday, January 29, 2019

ဟသာၤတ ပြည်သူ့ဆေးရုံကြီး သို့ အရေးပေါ် လူနာအဖြစ် ရောက်လာခဲ့ တဲ့ (၂) နှစ်သမီးလေး တစ်ယောက်ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်


မနေ့က CME တက်ဖို့ အသွား မှာ ကြုံတောင့်ကြုံ ခဲ … အင်မတန် မှ ရင်တုန် ရ ပါတဲ့ အရေးပေါ် လူနာ တစ်ဦး အကြောင်း ကြားသိ ခဲ့ ရ ပါတယ်…
နှစ် နှစ် သမီး လေး … တောက်တောက် တက်တက် ပြေးလွှား ကစား နေ တတ် တဲ့ အရွယ် …
သူတို့ ရွာ သူတို့ အိမ် မီးဖို ခန်း ထဲ ဟို ဆွဲ သည်ဆွဲ … ဟိုဟာ ယူဆော့ သည်ဟာ ယူ ဆော့ နေ မှာ ပေါ့ …
ဟိုဟာ မကိုင် နဲ့ သည်ဟာ မကိုင်နဲ့ .. တဟဲ့ ဟဲ့ ပြောရင်း ထိန်းရင်း နေ ကြ ရာ က နေ …
သူ့ လက် ထဲ သံယောက်မ ခေါ်မလား … သံ ဂေါ်ပြား ခေါ်ရ မလား … ယူကိုင် ဆော့ သတဲ့ …

အဖွားဖြစ်သူ က ဟဲ့ မကိုင်နဲ့ ပြန်ချ ထား အော်ပေ မယ့် သူ့ လက်ထဲ က လုယူ မှာ စိုး ထင်ပါရဲ့ … လက် ထဲ ကိုင် ပြီး ထွက် ပြေး သတဲ့ ….
ခလုတ် တိုက် … မှောက်ရက် အလဲ မှာ … မတော်တဆ သံယောက်မ အချွန် က မျက်ခုံး နဲ့ မျက်လုံး ကြား ထိုး စိုက် ….
ချိတ် လို ကောက်နေတဲ့ အပိုင်း က တစ်ခုခု နဲ့ ချိတ် မိ နေ ပါ လိမ့် မယ် … ပြန်ဆွဲ နှုတ်မရ …
တန်းလန်း နဲ့ ဟင်္သာတ ပြည်သူ့ဆေးရုံ ကို အားကိုးတကြီး ရောက် လာ ပါ လေ ရော …
မျက်စိ နား နီးနေတော့ မျက်စိ အထူးကုဆရာဝန်ကြီး ကို အကြောင်းကြား … ခွဲစိတ်အထူးကုဆရာဝန် ကို အကြောင်းကြား … အထဲ ကို ထိခိုက်မှု ရှိမရှိ ဘာလုပ် လို့ ရမလဲ တာဝန်ကျ ဓာတ်မှန် အထူးကု ဆရာဝန် ကို အကြောင်းကြား တော့ ကြည့်ကြ တိုင်ပင်ကြ ဆုံးဖြတ်ကြ ပြင်ဆင်ကြ ပေါ့နော်…

ပထမ ဓာတ်မှန် ရိုက်မယ် …အတွင်း ထိခိုက်မှု မများ လောက်ရင် သံယောက်မ အရင် ခွဲ ထုတ်မယ် …ပြီးရင် ဦးနှောက် ထိခိုက်မှု ရှိမရှိ စီတီ ရိုက်မယ် ပေါ့ … ဆုံးဖြတ် ကြ ပါတယ် …
လုပ်နေကြ CME ကို အပြီးထိ လုပ်အပြီး မှာ … ခွဲခန်း က အဆင်သင့် ဖြစ်တဲ့ အချိန် မေ့ဆေးပေး လို့ ခွဲ ထုတ် ရ ပါတယ် …
အားလုံး အပြီး စိတ်ချရ ချိန်မှာ အားဂျန့် စီတီ ဆွဲ ပါတယ် …
သံချိတ် နဲ့ ချိတ်မိတဲ့ မျက်ခွံရိုး အနည်းငယ် ကျိုးပဲ့ ပြီး အနီးနား က ဦးနှောက် အနည်းငယ် သွေးခြေ ဥ တာ က လွဲ လို့ … အသက်အန္တရာယ် စိုးရိမ်စရာ မရှိ လို့ … ဆုတောင်း ပြည့်တယ် ဆို ရ မှာ ပါ …
ကံကောင်းတာ က ပဲ့ သွား တဲ့ အရိုး လေး က မျက်လုံး အနားမှာ ပေမယ့် မျက်စိ ကို ထိခိုက် မှု မရှိ တာ ကလေး ကုသိုလ် ပါ ပဲ…
အဆိုး ထဲ က အကောင်း ပေါ့ နော်…သတင်း ကြား ရ … မြင်ရ တွေ့ရ တဲ့ အခါ ကလေး အမေ ဖြစ်တဲ့ ဒေါ်လုံ တော့ တလှပ်လှပ် ရင်တုန် ရ ပါ သကော…
ဒီကလေး လဲ ဒီမိဘ ဘိုးဘွား မျက်မှောက် မှာ တင် မထင်မှတ် ပဲ ဖြစ် သွားရ တာ မို့ … တားဆီးဖို့ တောင် မမီ လိုက်တာ မို့ …ပို ဂရုစိုက်ကြ ပါ ကလေး တို့ မိဘ တွေ ရေ ….
ကလေး လေး ကျန်းမာ စိတ်ချ ရ ပါ ပြီ ။
ဟင်္သာတ ပြည်သူ့ဆေးရုံ ရဲ့ တာဝန်ကျ ဆရာဝန် ဆရာမ အားလုံး ကို လဲ စိတ်ထဲ က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ဝမ်းမြောက် မိပါတယ် လို့ … ပီတိ လေး မျှဝေ မိပါတယ် ….

ဒေါ်လုံ .ဟင်္သာတ
၂၅.၁.၁၉/ ည ၁၁:၅၅ နာရီ







No comments:

Post a Comment