Latest News

Tuesday, January 8, 2019

နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်းစုကြည်​ ​ မချမ်း​ဘောမြို့နယ်ခရီးစဉ်





နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော် ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဂွေဇ - ဆန်းလွတ်ချက် တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
နောင်မွန်၊ မချမ်းဘော့နှင့် ပူတာအို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ပူတာအို၊ ဇန်နဝါရီ ၈
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးခန်လင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ပူတာအိုလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်းစုကြည်
၈.၁.၂၀၁၉ခုနှစ်​ မချမ်း​ဘောမြို့နယ်​ သို့​ရောက်​ရှိလာစဉ်​ ​ဒေသခံပြည်​သူများနှင့်​ ရင်းရင်းနှီးနှီး ​တွေ့ဆုံ
Aung Dee NHkum

No comments:

Post a Comment