Latest News

Monday, January 21, 2019

လက်တွေ့ကျကျ အသက်မွေးဝမ်းကျောင်းပညာဘက်မှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးလိုအပ်ပါတယ်


“အရှေ့တိုင်းမှာဆိုရင် အထက်မြှင့်ပညာ၊ အဆင့်မြှင့်ဆိုတာ ဘွဲ့ရမှလို့ စိတ်ထဲမှာထင်နေကြတာပါ။
ဒါဟာ အဲ့သလိုမဟုတ်ပါဘူး။အင်မတန်မှ အတိုးတက်ဆုံးနိုင်ငံနဲ့အချမ်းသာဆုံးနိုင်ငံတွေမှာ
အသက်မွေးဝမ်းကျောင်းနဲ့ တက္ကသိုလ်ပညာရေး နှစ်ခုစလုံးကို တန်းတူညီတူ အားပေးပြီး ပံ့ပိုးပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘွဲ့ရတွေပဲ လိုအပ်နေတာမဟုတ်ပါဘူး။လက်တွေ့ကျကျ အသက်မွေးဝမ်းကျောင်းပညာဘက်မှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးလိုအပ်ပါတယ်”

ကျွန်မတို့ဖွင့်လှစ်ထားတဲ့အသက်မွေးဝမ်းကျောင်းကလည်း အောင်မြင်တယ်။ သင်တန်းတက် ကျောင်းသား များဟာ သင်တန်းမပြီးခင်ကတည်းက အလုပ်ကရနေပါပြီ။တကယ်ဆိုရင် သင်တန်အစမှာကို လာပြီးတော့ သက်ဆိုင်ရာက ဒီလိုလုပ်နေတယ်။ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက ကျွန်မတို့သင်တန်းကျောင်းကို ချဉ်းကပ်ပြီးတော့ ဒီလိုနေရာမှာ ဒီလိုအလုပ်သမားတွေ လိုအပ်တယ်။ လာတောင်းတယ်။

ကျွန်မတို့ ကလေးတွေ က သင်တန်းပြီးတာနဲ့တန်းပြီးတော့ အလုပ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်သွားတယ်။ဒီလိုပဲ ချင်းပြည်နယ် အပါအဝင် တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း ဖြစ်စေချင်တယ်။”

“လူငယ်တွေဟာ လမ်းမပေါ်ရောက်သွားတာတို့၊ အရက်သောက်တာတို့၊ မူးယစ်ဆေးဝါးသုံးစွဲတာတို့ကို မဖြစ်စေရအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းစေချင်ပါတယ်။နောက်တစ်ခုတော့ ကွမ်းယာမစားကြဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်”
 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၁ ရက်နေ့ကပြုလုပ်သော လူထုတွေ့ဆုံပွဲ

`အခုအချိန်မှာ ဆိုလို့ရှိရင် ခလေးတွေကနေပြီးတော့ ဘွဲ့ရပြီးတော့၊ ဒီဘွဲ့ကြီးနဲ့ ဘာမှလုပ်စရာမရှိဘူး ဖြစ်တောဟာ။ အဲဒီဟာ ပြန်ပြီးတော့ အရည်အချင်းတွေ
မြှင့်တင်ရေးအတွက် ကြိုးစားပြီးတော့ လုပ်ပေးနေပါတယ်။ နှစ်ပေါင်းများစွာ စာသင်ပြီးမှ၊ ဘွဲ့ရပြီးမှ အလုပ်တောင်မှ ရနိုင်တဲ့ အနေအထားမရှိဘူး ဆိုတဲ့ဟာ ဒါမဖြစ်သင့်ပါဘူး`

No comments:

Post a Comment