Latest News

Wednesday, January 2, 2019

က​လေးအား တိုက်​ပြီး ထွက်​​ပြေးသည့်​ကား အချိန်​တိုအတွင်းဖမ်းဆီးရမိ

ကားအက်ဆီးဒင့်

1 . 1 . 2019
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပန်းတောကြီးအုပ်စု လယ်တံငယ်ကျေးရွာအနီး
ပုသိမ် / မုံရွာကားလမ်း တွင် ဒီဇင်​ဘာလ ၃၁ ရက်
အချိန် နံနက်​ ၁၁ :၃၀ မိနစ်​ခန့် 
မိုင်တိုင်အမှတ် ၄၇/၆ - ၄၇/၇ ကြား ကိုသင်းမောင်+မနိင်နိုင်မော် တို့၏ သား
မောင်ဇေရဲပိုင် အသက် (၄) နှစ် (၆) လရှိသော ကလေးငယ်အားတိုက်မိပြီး မောင်းနှင်သွားသောကားအား မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းMCRA.SH လေးမျက်နှာမြို့ နယ် ရုံးအဖွဲ့မှ
မြို့ နယ် ဥက္ကဌ ဦးဟန်ဝင်းလေးမျက်နှာမြို့ နယ် အနောက်ဘက်ခြမ်းရုံးခွဲ
ဥက္ကဌ ဦးဝင်းထွန်းနိုင် နှင့်မြို့ နယ် သတင်းပြန်ကြား​ရေး ဦးထွန်းထွန်းနိုင် တို့ မှ အချိန်မီ
သတင်းပေးပို့ မှုကြောင့်MCRA.SH. ဟင်္သာတခရိုင်ရုံးအဖွဲ့ မှူး
တလုတ္ထော်မြို့  MCRA ရုံးမှ ရုံးခွဲ ဥက္ကဌ ဦးဝင်းမြင့်သည်​ ကားလမ်းအား ပိတ်​ဆို​နေ​ပေးစဉ်
YGN 9K - 8851 ​မော်​​တော်​ယာဉ်​ တစ်​စီး ​မောင်းနှင်​သွားသည်​ကို ​တွေ့ ရသ၍ ဆိုင်​ကယ်​ဖြင့်
လိုက်​လံတားဆီးရာတလု​တ္ထော်​မြို့  ခါးကြီးကွမ်းယာဆိုင်
အနီးတွင်​ ဆိုင်​ကယ်​ဖြင့်​ ဖြတ်​​မောင်းလာသည့်​ကားကို ပိတ်​ဆို့ ၍အချိန်မီ တားဆီးနိုင်ခဲ့မှုကြောင့်
နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး တလုတ္ထော်​နယ်​​မြေရဲစခန်းသို့ ပို့ ​ဆောင်​​ပေးခဲ့ပါသည်​။
ယာဉ်​တိုက်​မှုအား လေးမျက်နှာမြို့ နယ် မြို့ မရဲစခန်းမှ
ယာဉ်​​မောင်း မြင့်​နိုင်​ ( ဘ )ဦးသန်းထွန်းအသက်​ ၃၂ ​ရေကြည်​မြို့ နယ်​ ​နေသူအား
ယာဉ်​ (ပ)၁၀/၂၀၁၈ ပုဒ်မ ၃၀၄ (က)/ ၂၀၂ ဖြင့် လေးမျက်နှာမြို့နယ် မြို့မရဲစခန်းမှအမှုဖွင့်အရေးယူ
ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်

လမ်းမဘုရင်
MCRA -SH
တာဝန်​ခံ
လေးမျက်​နှာမြို့ နယ်

No comments:

Post a Comment