Latest News

Thursday, January 10, 2019

ကချင်အမျိုးသမီးတွေနဲ့ဓာတ်ပုံမှာ ဗိုလ်ချုပ်အောင်ဆန်းဘာကြောင့်ပြုံးနေသလဲ


ကျမ အမြဲပဲ ဂုဏ်ယူတဲ့ကိစ္စတခုကတော့ ကျမတို့ ဧည့်ခန်းနံရံမှာ ချိတ်ထားတဲ့ ဓါတ်ပုံတခုကတော့
မြစ်ကြီးနားမှာ ဖေဖေက ကချင် အမျိုးသမီးများနဲ့ ရိုက်ထားတဲ့ပုံပါပဲ။
အမျိုးသမီးများနဲ့ ရိုက်ထားလို့ ဂုဏ်ယူတာ မဟုတ်ပါဘူး။ ဖေဖေက အင်မတန်မှ ရွှင်ရွှင်ပြပြနဲ့
ပြုံးရီနေလို့ ရိုက်ထားတဲ့ ပုံမိုလို့ပါ။

ဒီလို တိုင်းရင်းသားတွေနဲ့အတူ နေရတာဟာ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီးတော့
ဘဝကို ရင်ဆိုင်ရတာဟာ ပျော်ရွှင်ဖွယ် ရာ ကောင်းတယ်။ ကျေနပ်ဖွယ်ရာ ကောင်းတယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ကျမ မေးဖူးပါတယ်။ ဖေဖေက ဘာဖြစ်လို့ ဒီလောက်တောင် ပြုံးနေတာလဲဆိုတော့
ကျမကို ပြောဖူးတာတော့ တယောက်က စ တယ်တဲ့။ ဗိုလ်ချုပ်ကတော် တွေ့ရင်တော့ စိတ်ဆိုးတော့မှာပဲ။
ကချင်အမျိုးသမီးတွေ ဗိုလ်ချုပ်ကို ဝိုင်းနေတာ တွေ့ရင် စိတ်ဆိုး တော့မှာပဲလို့
အဲလို ပြောလို့ ပြုံးတယ်လို့ ဖေဖေက အဲလို ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
(ကချင်ပြည်နယ် မနော်ကွင်းတွင် ပြောခဲ့တဲ့ စကား)

No comments:

Post a Comment