Latest News

Tuesday, January 1, 2019

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်ပါစေလို့ဆုတောင်းပေးလိုက်တဲ့ ဖြိုးမြတ်အောင်

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်ပါစေလို့ဆုတောင်းပေးလိုက်တဲ့ ဖြိုးမြတ်အောင်

Myanmar Idol ရဲ့  winner   တစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင် ရဲ့ လတ်တလော လှုပ်ရှားမှုလေးတွေကတော့ အွန်လိုင်းပေါ်မှာ သီချင်းတစ်ပုဒ်တင်ဖို့   ကြိုးစားနေပြီး   ၁ လပိုင်းလောက်မှာ ပရိသတ်ဆီ ချပြနိုင်မယ်လို့ သိရပါ တယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးအယ်လ်ဘမ်အတွက်  ကြိုးစားပြင်ဆင်နေကြောင်း သိရပါတယ်။

ဖြိုးမြတ်အောင်က လာမယ့်    New Year   ရင်ခုန်သံလေးကို လည်း  ခုလိုပြောလာပါတယ်။ "Happy New Year " ကိုတော့  သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာ ဂစ်တာလေးတီးပြီးဖြတ်သန်းချင် တာပါ။ ရန်ကုန်မှာနေရတာ  မွန်း ကျပ်ပြီး  ဟန်ဆောင်မှုတွေ များတယ်။ ဟင်္သာတပြန်ချင်တယ်။ သူငယ်ချင်းတွေ သတိရတယ်"လို့ ပြောပါ တယ်။ လာမယ့် ၂၀၁၉  နှစ်သစ်ကိုလည်း သီချင်းတွေ ဆိုရင်း၊   အလှူတွေလုပ်ရင်း  ဖြတ်သန်းသွားမယ်လို့ သိရ ပါတယ်။

နှစ်သစ်မှာ  ပရိသတ်ကြီးလည်း  စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး   လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့လည်း   ဆုတောင်းစကား ဆိုခဲ့ပါတယ်။                               
 
 ချစ်ချစ်ဇာခြည်(ကြေးမှုံ)

No comments:

Post a Comment