Latest News

Thursday, December 20, 2018

၆နှစ်အရွယ်KGတန်းခလေးငယ်(၁)ဦးအားသားမယားအ ဖြစ်ပြုကျင့်မှု ဘိုကလေးမြို့နယ် တွင်ဖြစ်ပွား


၁၅.၁၂.၂၀၁၈ ရက်နေ့ ည ၁၁:၃၀ အချိန်ခန့်တွင်
တရားလို ဒေါ်--------သည် နေအိမ်၌အိပ်နေစဉ် သမီး အ
ငယ်ဆုံးဖြစ်သူ မ--------(၆)နှစ် kg တန်း ကျောင်းသူမှ
နာတယ် နာတယ်ဟုပြောပြီးအော်ငိုနေသဖြင့် သမီးဖြစ်
သူ မ-------(၆)နှစ်အား မေးမြန်းရာ ၎င်းနေ့ နေ့လည် ၁၂:၀၀ အချိန်ခန့်က သမီး ----------ကို ဘဘ ဝင်းနိုင် လုပ်
တယ်ဟု ပြောသဖြင့် အကြောင်းဆုံမေးမြန်းကြည့်ရာ
သမီးဖြစ်သူ မ------(၆)နှစ်အား တစ်ရွာတည်းနေ ဦးဝင်း
နိုင်(၄၉)နှစ် မှ မုန့်ဝယ်ကျွေးမယ် ဘဘနဲ့လိုက်ခဲ့ဟု ပြော
ဆိုပြီး ၎င်း၏နေအိမ် ခေါင်းရင်းဘက် ခြုံထဲသို့ခေါ်ဆောင်
ပြီး ဘောင်းဘီဆွဲချွတ်ကာ သားမယားအဖြစ်ပြုကျင့်
ကြောင်း သမီးဖြစ်သူ မ------မှာ နာကျင်၍ငိုသဖြင့် မငိုရန်
ပြောပြီး ဘောင်းဘီပြန်ဝတ်ခိုင်းကြောင် ပြောပြသိရှိရသ
ဖြင့် မိဘအုပ်ထိမ်းမှုအောက်ရှိသမီးဖြစ်သူ မ-------(၆)နှစ် အား သားမယားအဖြစ်ပြုကျင့်သူ ဦးဝင်းနိုင်(၄၉)နှစ်အား
အရေးယူပေးပါရန် တိုင်တန်ခဲ့ကြောင်း သိရှိရသည်။

တရားလို ဒေါ်-------မှတိုင်တန်သဖြင့် ဦးဝင်းနိုင်
(၄၉)နှစ် (ဘ) ဦးမြသိန်း လယ်လုပ် ရွာသာအေးကျေးရွာ
ဘုရားချောင်းအုပ်စု ဘိုကလေးမြို့နယ် နေသူအား
ဘိုကလေးမြို့မ ရဲစခန်းမှ ပ/၄၅၈/၂၀၁၈ ရာဇသတ်ကြီး
ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်
လျှက်ရှိကြောင်း သိရှိရသည်။

Tin Naing Tun


No comments:

Post a Comment