Latest News

Monday, December 24, 2018

မြောင်းမြတံတားသစ် Decking Slab ခင်းခြင်းလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မြောင်းမြရွေးမြစ်အတွင်း ရေလမ်းကြောင်းခေတ္တ ပိတ်မည်

မြောင်းမြတံတားသစ် Decking Slab ခင်းခြင်းလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မြောင်းမြရွေးမြစ်အတွင်း ရေလမ်းကြောင်းခေတ္တ ပိတ်မည်

မြောင်းမြ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ မြောင်းမြတံတားသစ် တည်ဆောက်ရာတွင် တံတားကြမ်းခင်း Decking Slabခင်းခြင်း လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် မြောင်းမြ ရွေးမြစ်အတွင်းရှိ မြောင်းမြတံတားသစ် စီမံကိန်းဧရိယာအတွင်း ဖြတ်သန်းသွားလာကြသော တွဲသဘောင်္ရေယာဉ်ကြီးများအား ရေလမ်းကြောင်းခေတ္တပိတ်မည်ဖြစ်သည်။

Decking Slabခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ငြိမ်သက်စွာ စီးဆင်းသော ရေလမ်းကြောင်း လိုအပ်သောကြောင့် မြောင်းမြ တံတားသစ် စီမံကိန်းဧရိယာအတွင်း ဖြတ်သန်းသွားလာကြသော တွဲသဘောင်္ရေယာဉ်ကြီးများအား (၂၈.၁၂.၂၀၁၈)ရက်နေ့မှ (၁၆.၁.၂၀၁၉) ရက်အတွင်း (၃)ရက်ရပ်နားပြီး (၁)ရက်ဖြတ်သန်း ခွင့်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

မိုးစက်(မြောင်းမြ)

No comments:

Post a Comment