Latest News

Sunday, December 16, 2018

နိုင်/ကျဉ်း


နိုင်/ကျဉ်း
By timeayeyar 5:15 PM Political Prisoner

အခန်း(၁)
လရောင်အလင်းတန်းက
အုတ်နံရံတံတိုင်းကို ကျော်လာပြီး
ကျနော်အိပ်နေတဲ့ အခန်းထဲ
တိုးဝင်လာတော့ လန့် ပြီးနိုးသွားခဲ့တယ်။
ကမန်းကတန်း အိပ်နေရာ ကွပ်ပျစ်ပေါ်က ထ
အခန်းဝ သံတိုင်တံခါးဝနားသွားပြီးတော့
အုတ်တံတိုင်းအစွန်းအပေါ်ဖက်ကို
မော့ကြည့်လိုက်မိတယ်။
ကျုပ်အခန်းထဲကို သူရဲ့အေးမြတဲ့မေတ္တာဓါတ်တွေကို
လူကြုံမပါးပဲ အရောက်ပို့ ပေးလိုက်တဲ့ လမင်းကြီးကိုပေါ့။

အခန်း(၂)

သူကိုမမြင်ရဘူး။
သူရှိနေတာတော့ သိနေပြီးမှ
စိတ်တွေကို လျော့ချလိုက်ပြီး သက်ပြင်းတချက်ကို
ပြင်းပြင်းလေးချလိုက်ပြီးမှ ခန္ဓာကိုယ်
အလယ်၊ ဗိုက်ရဲ့အတွင်းပိုင်းထဲက
ဆန္ဒပြနေတဲ့အသံတွေ
ခဏတိတ်သွားဖို့  အခန်းဝမှာ တည်ထားတဲ့
ရေအိုးထဲက ရေတခွက်
အပြည့်ခပ်ပြီးခါမှ အတင်းမြိုချ လိုက်မှပဲ
အသံတွေ ငြိမ်းသွာတော့တယ်။
တခန်းလုံး သောက်စရာ ရေပဲရှိနေတာကို ။
အစာစားချင်စိတ်ပေါက်ရင်တော့လည် ကိုယ်အသားကိုယ်
ကိုက်စားယုံရှိတော့တယ်။

အခန်း(၃)

တရှပ်ရှပ် လျှောက်လာတဲ့
ညကင်းသမားတွေရဲ့
ခြေသံတွေကို ကြားနေရတယ်။
စကားပြောလာကြတယ်ဆိုတော့
သုံးယောက်၊ ၄ယောက်လောက်
လာကြတာဖြစ်မယ်။
ဟောင်ဖွာဟောင်ဖွာအသံထောက်ရင်တော့
ထောင်မှုးကြီးရွှေတင်ပဲ ဖြစ်မှာပါ။
နေရင်းထိုင်ရင်း အခြောက်တိုက်လှမ်းဆဲသွားဦးမယ်။
သစ်သားကွပ်ပျစ်ပေါ် အသားလေးဝင်ခွေအိပ်လိုက်ရတော့တယ်။
ဒီခွေးဝဲစားကြီးက အလာကားနေ
၅(ည)ဆို ရန်လိုနေတာ။ အသံတွေက
တဖြေးဖြေးဝေး၍ဝေး၍သွားပြီး။
ခုနက သောက်လိုက်တဲ့ ရေတွေက ဗိုက်ထဲ ထပ်မထိန်းထားနိုင်တော့ဘူးလို့  သတင်းတွေပို့ နေပြီး။ ဆက်ထိန်းထားလို့ လဲ မရတော့ဘူး။
သူတို့ ကို ရေလွှဲပေါက်က တဆင့်
မိလ္လာဂံဖလားထဲ ပို့ လိုက်မှ ဖြစ်တော့မယ်။
မတ်တပ်ထရပ်ပြီး ဂံဖလားဂျောင်နားသွား
ဒလဟော သွန်ချပစ်လိုက်မှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။
ပြန်အထ ဗိုက်ထဲကအသံတွေ ဆူညံဆူညံနဲ့ မို့  အပေါက်ဝက ရေအိုးဆီပြေး နောက်တခွက် ထပ်သောက်လိုက်ရတယ်။ ဘယ်နှစ်ကြိမ်သောက်ခဲ့၍ ဘယ်နှစ်ကြိမ် ပေါက်ခဲ့မှန်း မရေတွက်မိတော့။ လမင်းကို ချောင်းကြည့်မိတိုင်း ရှာ၍မတွေ့ ခဲ့။ လရောက်အောက်မှာ လမ်းထွက်မလျှောက်ခဲ့ရတာ ၁၀နှစ်တောင်ပြည်တော့မယ်။ ရေထပ်သောက်တိုင်း ဗိုက်ထဲက
အသံတွေက ပြန်ငြိမ်သွားပြန်ပြီ။ လမင်းကိုပဲ သံတိုင်တွေကြားက
တိုက်ခေါင်မိုးစွန်းပေါ် တချက်မော့ကြည့်မိပြန်တယ်။
ဘယ်နှစ်ကြိမ်ရှိသွားပြီလည်း။ မရေတွက်တော့။
သူကိုမတွေ့ ရပေမဲ့ သူရဲ့မေတ္တာဓါတ်ကတော့ အေးမြလို့ ပေါ့။

အခန်း(၄)

လသာတော့လဲ အိပ်မပျော် ဟိုတွေးဒီတွေး
ကောင်မလေးအကြောင်းပေါ့။
သူမ--ကောင်းကောင်းမွန်မွန် အိမ်ထောင်ရက်သား ကျသွားခဲ့တာပဲလေပေါ့။ ဆက်တွေးရင်း အတွေးတွေကလည်နေပြန်တယ်။ ငယ်ချစ်ဦးကို။
ဒါနဲ့ ခေါင်းစဉ်ပြောင်းပြီးတွေးကြည့်တယ်။ ဒီနေရာမှာ သခင်စိုးကြီးက
ဘာလိုများ မြင်းခြံထောင် စစ်တမ်းများ ထုတ်ခဲ့ရတာလဲပေါ့။ ဂျပန်ကိုတိုက်ပြီး အင်္ဂလိပ်နဲ့ ပေါင်းမယ်။ စစ်ကြီးပြီးရင် လွတ်လပ်ရေးပေးတဲ့။ ဂျပန်ကလဲ ဖတ်ဆစ်၊ အင်္ဂလိပ်ကလဲ နယ်ချဲ ဒီကောင်းတွေ တယောက်မှ ကောင်းကြတာမဟုတ်ဘူး။ ဒီလိုလိုက်တွေးနေရင်းက မဆီမဆိုင် တောက်တချက်ခေါက်ရင်း ငါသာဆို စစ်အာဏာရှင် ဖတ်ဆစ်တွေနဲ့  ဘယ်ဘ၀ရောက်ရောက် မပေါင်းတော့ဘူ။ ဒီလိုတွေးရင် စိတ်ကို ဒုန်းဒုန်းချ ခေါင်းချပြီး အိပ်ဖို့ ပဲ ဆုံးဖြတ်လိုက်တော့တယ်။
ဗိုက်ကလဲဆာ အူတွေကတောင် ခွေးလို ဟောင်နေပြီ ။
တရက်မဟုတ်၊ တလမဟုတ် ၊ တနှစ်လည်း မဟုတ်တော့ဘူး။
ဆာဆာနဲ့ အမေအိမ်က ထမင်းဝိုင်း လွမ်းမိပြန်တယ်။ အခန်းထဲမှာ စောင်ပါးလေးတထည်၊ ပုံစံဝတ်စုံ အပိုတစုံ၊ ထမင်းလဲစား၊ ရေလဲချိုးလို့ ရတဲ ပလပ်စတစ်ခွတ် တလုံး၊ စားစရာဆိုလို ခန္ဒာကိုယ်ပေါ်က အသား ကိုက်စားမှပဲရတော့မယ်။ အေးကလဲ အေး၊ ဆာကလဲ ဆာ၊ ချမ်းချမ်းနဲ့ ပဲ အဲ့ဒီလို ဆောင်ညတွေကို ဖြတ်သန်းခဲ့ဖူးတယ်။

အခန်း(၅)

ဒါဆိုရင် ခင်များ နိုင်/ကျဉ်ဆိုတဲ့ စစ်ကျွန်ခေတ်က နိုင်ငံရေးအကျဉ်းသားတွေ ဘာကြောင့် ရင်ကြားစေ့ရေးလမ်းစဉ် မအောင်ဘူးလို့ ပြောတာ ရှင်းပြီးလာ။ ကျားဆိုတာ ဥပုဒ်စောင့်တာမဟုတ်ဘူး။ အစာဝနေသေးလို့  ယဉ်ပါးသယောင် ဟန်ဆောင်နေကြတာဗျ ။

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၁၆-၁၂-၁၈

No comments:

Post a Comment