Latest News

Wednesday, December 19, 2018

ဓနုဖြူမြို့(၁၂)ရပ်ကွက်၊ တာကြီးတန်းတွင်မီးလောင်မှုကြောင့် နေအိမ် ငါးလုံးဆုံရှုံး


ဓနုဖြူ ဒီဇင်ဘာ ၁၉

ဓနုဖြူမြို့ (၁၂)ရပ်ကွက် တာကြီးတန်းတွင် ဒီဇင်ဘာ ၁၈ ရက် ညနေ၃နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုတွင်(၁၂)ရပ်ကွက်၊တာကြီးတန်းနေဒေါ်နီ၏အိမ်ကနေ ခြင်ဆေးခွေမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် မှုကြောင့် နေအိမ်(၅)လုံးဆုံးရှုံးခဲ့သည်။

အဆိုပါမီးလောင်မှုတွင် မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးမှူးဦးနောင်နောင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ (၁၈)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊မီးငြိမ်းသတ်ရန် မီးသတ်ယာဉ် (၃)စီး၊ရေသယ်ယာဉ် (၂)စီးနှင့်အများပြည်သူများ စုပေါင်း၍မီးငြိမ်းသတ်ခဲ့ကြရာ ၃နာရီ ၄၅မိနစ်တွင် မီးငြိမ်းသွား ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် တိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ မီးလောင်ကျွမ်းမှုဖြစ်စေခဲ့သည့်နေအိမ်ပိုင်ရှင်ဒေါ်နီအားဓနုဖြူမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment