Latest News

Tuesday, November 6, 2018

ရီးယဲလ်၏ ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပြီး စပါးအသင်းတွင် ဆက်ရှိမည်ဟု ပိုချက်တီနို ပြောကြား

ရီးယဲလ်၏ ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပြီး
စပါးအသင်းတွင် ဆက်ရှိမည်ဟု ပိုချက်တီနို ပြောကြား

စပါးအသင်းနည်းပြ ပိုချက်တီနိုသည် ရီးယဲလ်မက်ဒရစ်အသင်းက တစ်နှစ်လျှင် ပေါင် ၁၅  သန်းဖြင့်  ကမ်းလှမ်းထားခဲ့သော်လည်း  ဘာနေဗျူးသို့  ပြောင်းရွှေ့မည်မဟုတ်ကြောင်း ပြောကြားသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြလိုပက်တီဂေးကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ် ခဲ့ပြီးနောက် နည်းပြသစ်အဖြစ်ခန့်အပ်မည့်စာရင်းတွင် စပါးအသင်းနည်းပြ ပိုချက်တီနိုမှာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သူဖြစ်သည်။

သို့ရာတွင် သည်ဆန်းသတင်းဌာန၏ ဖော်ပြချက်အရ စပါးအသင်းနည်းပြ ပိုချက်တီနိုမှာ စပိန်မြို့တော်အခြေစိုက် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း  သိရ သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဖြစ်လာရန်အတွက် ရေပန်းစားနေသည့် နည်းပြစာရင်းတွင် စပါးအသင်းနည်းပြ ပိုချက်တီနို၊ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ကွန်တီ၊ ဘယ်လ်ဂျီယံ အသင်းနည်းပြ မာတီနက်ဇ်တို့လည်း ပါဝင်ခဲ့သည်။ သို့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြလိုပက်တီဂေးလက်ထက်တွင် ရလဒ်ပိုင်းဆိုးရွားနေရာမှ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ သော ဆိုလာရီလက်ထက်တွင် နောက်ဆုံးနှစ်ပွဲစလုံးအနိုင်ရရှိခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြဇီဒန်းထွက်ခွာသွားပြီးကတည်းက ပိုချက်တီနိုကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်သော်လည်း ပိုချက်တီနိုအနေဖြင့် မြောက်လန်ဒန်ကလပ် စပါးအသင်းနှင့်သာ ငါးနှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကလည်း ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း တရားဝင် ကမ်းလှမ်းလာမှုကိုလည်း ငြင်းဆိုခဲ့ကြောင်း သိရသည်။

ငွေကြယ်(ကြေးမှုံ)

No comments:

Post a Comment