Latest News

Thursday, November 8, 2018

မာတစ် ပုစ္ဆာအတွက် အဖြေရှာရမယ့် မန်ယူ

မာတစ် ပုစ္ဆာအတွက် အဖြေရှာရမယ့် မန်ယူ


ပြီးခဲ့တဲ့နှစ်နွေရာသီက   မန်ယူအသင်းဟာ   ချယ်လ်ဆီးအသင်းကနေ ဆားဘီးယားကွင်းလယ်ခံစစ်မှူးမာတစ်ကို ပေါင် ၃၆ သန်းနဲ့ ဝယ်ယူခဲ့တယ်။  လူတိုင်းက အခုလိုကစားသမားကောင်း တစ်ယောက်ကို ချယ်လ်ဆီးအသင်း အနေနဲ့ ပြိုင်ဘက် မန်ယူအသင်းကိုရောင်းချတာနဲ့ပတ်သက်ပြီး နားမလည် နိုင်အောင်အံ့သြခဲ့ကြတယ်။

ချယ်လ်ဆီးအသင်းရဲ့ဆုံးဖြတ်ချက် မှားခဲ့မှုကြောင့်လည်း ပြီးခဲ့တဲ့ တစ်ရာသီလုံး ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရတယ်။ အသင်းကအသစ် ခေါ်ယူခဲ့တဲ့ ဘာကာယိုကိုကလည်း မာတစ်ရဲ့ နေရာကို  အကောင်းဆုံးမဖြည့် တင်းနိုင်ဘူး။ ဒါကြောင့်လည်း ချယ်လ်ဆီးအသင်းက ရာသီကုန်မှာတော့ အဆင့် ၆ နေရာမှာရပ်တည်နေခဲ့ရပြီး မန်ယူအသင်းက အဆင့် ၂ နေရာမှာ ရှိနေခဲ့တယ်။ ပရီမီယာလိဂ်မှာ မန်ယူအသင်းဟာ ပေးဂိုး ၂၈ ဂိုးသာရှိပြီး ဒုတိယပေးဂိုး အနည်းဆုံးအသင်းဖြစ် ရပ်တည်နိုင်ခဲ့တယ်။
ဒီနှစ်ရာသီမှာတော့ မာတစ်ရဲ့ ခြေစွမ်းက ကျလာပြီး ခြေစွမ်းကျဆင်း မှုကလည်း သိသာလွန်းတယ်လို့ဆိုရမယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းရဲ့ အဓိကကစားသမားအဖြစ် ကစားခဲ့တဲ့  မာတစ်ဟာ  ကလပ်အသင်းမှာ သာမက က္ဘာ့ဖလားမှာပါ နိုင်ငံအသင်းနဲ့ကစားခဲ့တာကြောင့် နားချိန် နည်းသွားခဲ့တယ်လို့ပြောရမယ်။ အဲဒီရဲ့ ရိုက်ခတ်မှုဟာ ဒီနှစ်ရာသီမှာတော့ မန်ယူအသင်းအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောရမယ်။ မာတစ် ရဲ့ခြေစွမ်းကျဆင်းမှုဟာ ပြီးခဲ့တဲ့ဘုန်းမောက်အသင်းနဲ့ပွဲမှာတော့ ထင်သာ မြင်သာရှိနေခဲ့တယ်။
ဒါကြောင့် မန်ယူအသင်းအနေနဲ့ လာမယ့်အနာဂတ် မှာ  အသင်းရဲ့  ကွင်းလယ်ခံစစ်နေရာဟာ အဖြေရှာရ မယ့် ပ္ဆုာတစ်ပုဒ်လို့တောင်ပြောရမယ်။ ဒါကြောင့် မန်ယူအသင်း  အဖြေထုတ်ရမယ့်  မာတစ်ရဲ့ ပ္ဆုာအတွက်  အဖြေဖြစ်လာနိုင်တဲ့ ကစား သမားတွေကို ဖော်ပြလိုက်ပါတယ်။
အဖြေ   ။  ၁
ဒိုကိုရီကိုတော့    ပြီးခဲ့တဲ့နှစ်ရာသီ အစက ဘယ်သူကမှ သိပ်မသိခဲ့ကြပါဘူး။ ဒါပေမယ့်   ပြီးခဲ့တဲ့   ရာသီအတွင်းမှာ သူဟာဝက်ဖို့ဒ်အသင်းနဲ့အတူ အကောင်း ဆုံးခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်  ပရီ မီယာလိဂ်မှာနေရာတစ်နေရာ ရရှိခဲ့ပါတယ်။ ဒိုကိုရီဟာ ၂ဝ၁၆ ခုနှစ်က ပြင်သစ်ကလပ် ရိန်းစ်အသင်းကနေ  ဝက်ဖို့ဒ်အသင်းကိုပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး လာလီဂါကလပ် ဂရန်နာဒါအသင်းမှာ ရာသီဝက်အငှားနဲ့ ကစားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရာသီကဆိုရင်သူဟာ ဝက်ဖို့ဒ်အသင်းမှာ ခုနစ်ဂိုးသွင်းယူ ထားနိုင်သလို ခံစစ်ပိုင်းအတွက်လည်း ဘောလုံးလုယူနိုင်မှုပေါင်း ၇၉ ကြိမ်၊ ဖျက်ထုတ်နိုင်မှုပေါင်း ၅၄ ကြိမ်လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ပရီမီယာလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ခံစစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒါကြောင့်လည်း သူလိုကစားသမားမျိုးကို မန်ယူအသင်းကသာ မာတစ် ရဲ့နေရာမှာ အစားထိုးခဲ့မယ်ဆိုရင်  ပိုမိုအကျိုးဖြစ်ထွန်းမှာကတော့ အသေ အချာလို့ပြောရမှာပါ။  လက်ရှိအချိန်မှာ  ဒိုကိုရီရဲ့အသက်ကလည်း ၂၅ နှစ်သာရှိနေသေးတာကြောင့်  အကောင်းဆုံးခြေစွမ်းပြကစားနိုင်ဖို့ အတွက်  အရွယ်ကောင်းလို့လည်း  ပြောရမှာပါ။   ဒါကြောင့် ကျရိပ်သမ်းနေတဲ့ မာတစ်ရဲ့ နေရာအတွက် ဒိုကိုရီဟာ အသင့် တော်ဆုံးလို့ဆိုရတာ ဖြစ်ပါတယ်။
အဖြေ   ။  ၂
လူကပ်စ်တိုဆော့ဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ခံ စစ်မှူးတစ်ဦးဖြစ်ပြီး    လက်ရှိအချိန်မှာ   အသက် ၂၁ နှစ်သာရှိနေသေးတာကြောင့် ပရီမီယာလိဂ် ပရိသတ်တွေ နဲ့တော့ စိမ်းနေသေးတဲ့ ကစားသမားတစ်ဦးလို့ ပြောရမှာပါ။ သူဟာပြီးခဲ့တဲ့ရာသီကတည်းက လိုင်ယွန်အသင်းမှာခြေစွမ်း ပြကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လိုင်ယွန်အသင်းဟာ လူကပ်စ်တိုဆော့ကို ဗလန်စီနက်စ်အသင်းကနေ ၂ဝ၁၅ ခုနှစ်က ပေါင် ၂ ဒသမ ၃၄ သန်းနဲ့ခေါ်ယူခဲ့တာကြောင့် အလကားရလိုက် သလို ရလိုက်တယ်လို့တောင် ပြောရမလိုပါပဲ။
သူဟာပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတွက် အဓိကလုပ်ဆောင်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၁ နှစ်သာရှိနေသေးတာကြောင့် အခုလိုခြေစွမ်းအတိုင်းသာ ဆက်လက်ကစားနေခဲ့မယ်ဆိုရင်တော့  ကောင်းမွန်တဲ့အနာဂတ်တွေရှိလာနိုင်တဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကလည်း ပေါင် ၂၂ ဒသမ ၅ သန်းဖြစ်တာကြောင့် မန်ယူအသင်းအတွက်တော့ မာတစ်ရဲ့နေရာအတွက်  အစားထိုးဖို့  သင့်တော်တဲ့ကစားသမားလို့သာ ဆိုလိုက်ချင်ပါတယ်။
အဖြေ   ။  ၃
နိုင်ဂျီးရီးယား ကစားသမားဝီဖရက်ဒ် အန်ဒီဒီဟာ ၂ဝ၁၇ခုနှစ် ဇန်န ဝါရီမှာ ဂျန့်အသင်းကနေ  လက်စတာအသင်းကို  ပေါင် ၁၅ ဒသမ ၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာလည်း  ဖြစ်ပါတယ်။  သူဟာ လက်စတာ အသင်းကို ရောက်ရှိခဲ့စဉ်ကတည်းက အသင်းရဲ့အဓိက ကစားသမားအဖြစ် ကစားနေခဲ့ရသူလည်း ဖြစ်ပါတယ်။
တစ်ခါတလေမှာတော့   အလောတကြီး  ဖျက်ထုတ်မှုတွေကြောင့် စည်းကမ်းပိုင်းပြဿနာတော့ရှိတယ်လို့ဆိုရမှာပါ။ ဒါကြောင့်လည်း သူဟာ လက်စတာအသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ ၇၂ ပွဲမှာအဝါကတ် ကိုးကြိမ် အပြခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာသူ့ရဲ့ အသက် က ၂၁ နှစ်သာ ရှိနေသေးတာကြောင့် သူဟာအလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်ခံစစ်မှူးတစ်ဦးအဖြစ် ရှိနေတာကတော့ သံသယ ဖြစ်စရာမလိုပါဘူး။ လက်ရှိအချိန်မှာတန်ကြေးကလည်း ပေါင် ၃၁ ဒသမ ၅သန်းသာဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ အချိန်မရွေးခေါ်ယူနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောရမှာပါ။
ဒါကြောင့် မန်ယူအသင်းအနေနဲ့ မာတစ် ရဲ့ ပ္ဆုာအတွက်  အဖြေရှာမယ်ဆိုရင် တော့  လတ်တလော  ထွက်ပေါ်  နေတဲ့ အဖြေတွေထဲမှာတော့ ဒီအဖြေ    သုံးခုကတော့  တစ်ခုကတော့ အကောင်း ဆုံးဖြစ်နိုင်တယ်လို့သာ  ဆိုလိုက်ချင်ပါတယ်။   ။

အောင်က

No comments:

Post a Comment