Latest News

Wednesday, October 17, 2018

ကချင်ပြည်နယ် အစိုးရ၏ ဆုံးဖြတ်ချက် တခုတည်းဖြင့် ငွေကျပ် (၁၁) ဘီလျံ သုံးစွဲမှုအပေါ်အဂတိ သို့ တိုင်ကြား ...

 ကချင်ပြည်နယ် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေး ဥပဒေကြမ်းတွင် လွှတ်တော်မှ ဆုံးဖြတ်ထားခြင်း ၊ ခွင့်ပြုခြင်းမရှိပဲ ပြည်သူ့ဘဏ္ဍာငွေ (၁၁) ဘီလျံ ကို ကချင်ပြည်နယ် အစိုးရ၏ ဆုံးဖြတ်တခုတည်းဖြင့် သုံးစွဲခဲ့သည်ဟု သိရပါသည် ။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေနဲ့ ကိုက်ညီမှုမရှိသည့်အတွက် မြစ်ကြီးနားမြို့က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page ရဲ့ Messenger မှာ ၁၃.၁၀.၂၀၁၈ နေ့က ကနဦး တိုင်တန်းခဲ့တယ် လို့ ဦးတင်ထွန်းသိန်းက ပြောပါတယ် ။

“ ဥပဒေနဲ့အညီ လွှတ်တော်က အတည်ပြုချက်မရပဲနဲ့ တင်ပြခြက်းမရှိပဲနဲ့ ၊ပြည်နယ်အစိုးရက သူ့သဘောနဲ့သူ သုံးတယ် ။အဲဒီလိုသုံးစွဲတဲ့ ကိစ္စမှာ လုပ်ငန်းကို တင်ဒါမခေါ်ဘူး ။လုပ်တဲ့ ကုမ္မဏီကလည်း သတ်မှတ်အရည်အသွေးမပြည့်မှီဘူး ။ ဥပဒေက လွှတ်တော်ကို တင်ပြရမဲ့ ကိစ္စကို မတင်ပြပဲနဲ့ သူတို့သဘောနဲ့သူတို့ ပြည်သူ့ဘဏ္ဍာ သုံးတယ် ။ တင်ဒါမခေါ်ပဲ ပေးတယ် ။ လမ်းတွေက သတ်မှတ်အရည်အသွေးမမှီဘူး ။စုတ်ပြတ်သတ်နေတယ် ။ အဲဒီအချက် သုံးချက်ကို ပေါင်းကြည့်ရင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃(က) (၂) နဲ့ အကြုံးဝင်နေတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် အဂတိကို တိုင်ရခြင်း ဖြစ်တယ် " လို့ ဦးတင်ထွန်းသိန်းက ပြောပါတယ် ။

သူ့အနေနဲ့ အချိန်နဲ့ တပြေးညီ သိရှိနိုင်ဘို့အတွက် အွန်လိုင်းကနေ တိုင်တန်းခြင်းဖြစ်ပြီး တင်ဒါကာလ လည်း ဖြစ်တာကြောင့် အချိန်နဲ့တပြေးညီ ထိထိမိမိ တိုင်ကြားရတာ ဖြစ်တယ်လို့ ပြောပါတယ် ။ ယခုကိစ္စကို စိတ်ဝင်စားသူတွေ စုပေါင်းလက်မှတ်ထိုးကာ အသေးစိပ် စာရေးပြီး တိုင်ကြားသွားဘို့လည်း ပြင်ဆင်နေတယ်လို့လဲ ဆိုပါတယ် ။ ကျောဇောသတင်းနဲ့လည်း စစ်ဆေးအရေးယူနိုင်တယ်လို့ သမ္မတကြီးကိုယ်တိုင် ပြောဆိုခဲ့တာရှိသလို ဥပဒေမှာလည်းအတိအလင်း ဖော်ပြပါရှိတယ်လို့လည်း ၎င်း က ဆိုပါတယ် ။ ရန်ကုန်တိုင်း ဥပဒေချုပ်ကို အဂတိက အရေးယူဆောင်ရွက်တာကလည်း ကျော်ဇောမှုနဲ့ စတင်အရေးယူခဲ့ခြင်း ဖြစ်ပြီး ယခုကိစ္စကိုလည်း ကျော်ဇောသတင်းနဲ့ အရေးယူဆောင်ရွက်လို့ ရတယ်လို့လည်းပြောပါတယ် ။

ဗန်းမော် မြစ်ကြီးနား လမ်းပေါ်ရှိ ၂၃ မိုင် AC ကတ္တရာခင်းပျင်း တည်ဆောက်မှုကို ပါဝါဖိုက်စတား ကုမ္မဏီက တာဝန်ယူဆောင်ရွက်နေသည်ဟုလည်း ကချင်ပြည်နယ် လွှတ်တော်၏ အစီရင်ခံစာအရသိရပါသည် ။ ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် ဗန်းမော် မြစ်ကြီးနား လမ်းမကြီးပေါ်ရှိ ၂၃ မိုင် AC ကတ္တရာလမ်း ခင်းကျင်းနေမှုအား၂၇.၈.၂၀၁၈ ရက်နေ့တွင် မြေပြင်သို့ ကွင်းဆင်း စစ်ဆေးခဲ့သည်ဟု လွှတ်တော်၏ အစီရင်ခံစာအရသိရပါတယ် ။ လွှတ်တော်မှ စစ်ဆေးရေးအဖွဲ့၏ မြေပြင်တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြသောအစီရင်ခံစာတွင် ၊ ဗန်းမော် မြစ်ကြီးနား လမ်းမကြီးသည် ယခင်ပြောင်းဖူးကျောက်စီလမ်း ခင်းထားသည်ထက် ပိုမို အန္တရာယ်များနေခြင်း ၊ မူလလမ်းထက် လမ်း၏အကျယ်ပိုမိုကျဉ်းသွားခြင်း ၊ ဘိလပ်မြေ ငါးရာခိုင်နှုံးသာ ရောစပ်ပြီး ခင်းကျင်းထားသည့် လမ်း၏ မျက်နှာပြင်အနေအထား သည် ဒီဇိုင်းပါ ရေမဝတ် ၊ ရေမတင်အောင် Camber( လိပ်ခုံး) သုံးရာခိုင်နှုံး ဖြစ်ရမဲ့အစား ဇီးရိုးရာခိုင်နှုံး ဖြစ်နေခြင်းနှင့် ဒီဇိုင်းပါ အတိုင်းအတာထက် လျော့နည်းနေခြင်း ၊ AC ကတ္တရာအလွှာသည် ဒီဇိုင်းပါအတိုင်းအတာနဲ့ ကွဲလွဲနေခြင်း နှင့် လမ်းပခုံးသားဘောင် /လမ်းဘေးတုံးများသည် ဒီဇိုင်းမှာ အနည်းဆုံး အောက်ခြေ ခြောက်လက်မ ၊ မြေအတွင်းမြှုပ်ရမည်ဟု ပါသော်လည်း ပြောင်းဖူးစေ့ကျောက်များပေါ်တွင် တည်ထားခြင်း ၊ အတိုင်းအတာမပြည်ခြင်း ၊ လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းများ၏ အမြင့် အကျယ် အတိုင်းအတာများသည် ဒီဇိုင်းပါအတိုင်းအတာများအတိုင်း ပြုလုပ်ထားသော်လည်း အလွန်အရေးကြီးသည့် ရေမြောင်းကြမ်းပြင်ထုသည် ဒီဇိုင်းမှာ ခြောက်လက်မ ထုရှိရမည့်အစား နှစ်လက်မထုသာ ရှိနေခြင်း " စသည့် စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာတွင် ဖော်ပြထားပါတယ် ။

ဗန်းမော်-မြစ်ကြီးနား လမ်းမကြီးပေါ်ရှိ ၂၃ မိုင် AC ကတ္တရာလမ်းခင်းသည့် ကိစ္စဟာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်မှုမျိုး ဖြစ်နေတယ်လို့လဲ သိရပါတယ် ။ “ သူက အဲဒီခေါင်းစဉ်ရယ်လို့တော့မပါဘူး ၊ ဒါပေမဲ့ ဘတ်ဂျက်ထဲမှာ ပါတဲ့ဟာတွေကို သူတို့ဖြေတာပဲ ။တခြားဦးစားမပေးသင့်တဲ့ဟာတွေကို လျှော့လိုက်တာပေါ့ ၊ အဲဒီအခါ ငွေပိုလာတယ် ။ အဲဒီငွေကို သူတို့ ကက်ဘိနက် ဆုံးဖြတ်ချက်နဲ့ လုပ်တယ် လို့ဖြေတာပဲ ။ ဘတ်ဂျတ်ထဲမှာ မပါတဲ့ဟာကို လုပ်ဘို့တော့မရှိဘူးလေ ။ငွေစာရင်းခေါင်းစဉ်ပြောင်းပြီး လုပ်တဲ့သဘောပေါ့ ။ဒါပေမဲ့ လွှတ်တော်ကို အသိပေးရမှာ အသိမပေးဘူး ။ ဆိုလိုတာက ကျနော်တို့ စီစစ်မှပဲ ပေါ်တာ ။ လုပ်ပိုင်ခွင့်ထက်ကျော်လွန်တာပေါ့သူတို့အလုပ် လုပ်တာ ။ နောက်မလုပ်ဘို့တော့ သတိပေးရတာပေါ့ " ဟု ကချင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးဒိန်ခန်ဖုန်( ခေါ် ) ဦးခန်လင်က ပြောပါတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးက ပြည်နယ်လွှတ်တော်မှာ လာရောက်ဖြေရှင်းဘို့ စီစဉ်နေတယ်လို့လဲ ပြည်နယ်လွှတ်တော်ဒုဥက္ကဌက ဆက်လက်ပြောဆိုခဲ့ပါတယ် ။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် အစိုရ သက်ဆိုင်ရာဝန်ကြီးများကို ဖုန်းခေါ်ဆို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး ။ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေကြေး (၁၁) ဘီလျံ သုံးစွဲမှုနှင့် ပတ်သက်ပြီး အဂတိကော်မရှင်သို့ ပထမဆုံးအကြိမ် တိုင်ကြားမှုဖြစ်သည် ။ ရန်ကုန်တိုင်းမှာ ပြည်သူ့ဘဏ္ဍာငွေကျပ် ၅၈ ဘီလီယံနီးပါး ဆုံးရှုံးနေမှုနဲ့ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံ ဒေါက်တာဒေါ်ညိုညိုသင်းမှ တိုင်ကြားထားသည်ဟု သိရသည် ။

ဇော်မိုးထက် ( ဖားကန့် )





No comments:

Post a Comment