Latest News

Sunday, September 30, 2018

(၁၀)နှစ်ပြည့် အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအတွက် ဆိုင်ခန်း လေလံကြော်ငြာ


၃၀-၉-၂၀၁၈
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ကျက်သရေဆောင်
"သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး"
(၁၀)နှစ်ပြည့် အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး လေလံကြော်ငြာ"
…………………………………………………………………………………………………………………………………
သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး၏ (၁၀)နှစ်ပြည့် အထိမ်း အမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခမ်းနား သိုက်မြှိုက်စွာ အထူးအစီအစဉ်များဖြင့် ၁၃၈၀ပြည့်နှစ် တပိုတွဲလဆန်း(၉)ရက်နေ့မှ တပိုတွဲလပြည့်ကျော်(၄)ရက်နေ့အထိ (၁၃-၂-၂၀၁၉)မှ(၂၃-၂-၂၀၁၉)ရက်အထိ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ| မြတ်ဘုရားအနေကဇာတင်ပွဲ | ဆွမ်းတော်ကြီးလောင်း လှူပွဲ| စတုဒီသာကျွေးမွေးလှူဒါန်းပွဲ | နိဗ္ဗာန် ဈေးပွဲ | ကြည့်ချင်ဖွယ်ရာအစုံအလင်| ဇာတ်သဘင်များကို ယခင်နှစ်များနှင့်မတူ ထူးခြားစွာ အောင်မြင်စည်ကား သိုက်မြှိုက်စေရန် စီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။
ပွဲတော်ရက်များအတွင်း ဇာတ်သဘင် | ကြည့်ချင်ဖွယ်ရာများ ပွဲတော်ဈေးဆိုင်ခန်းများ ယဉ်ရပ်နားစခန်း | ရေ | မီး | မိလ္လာအစရှိသော လုပ်ငန်းများကို ၁၃၈၀ပြည့်နှစ် သီတင်းကျွတ်လဆန်း(၁၁)ရက် | {၂၀-၁၀-၂၀၁၈) စနေနေ့နံနက် (၉)နာရီတွင် စေတီတော်မြတ်ကြီး ဂေါပကရုံးခန်းမ၌ လေလံဆွဲဝယ်ယူလုပ်ကိုင်နိုင်ပါကြောင်း ကြေ ငြာအပ်ပါသည်။
ဖုန်း-၀၉ ၄၂၂၄၆၉၈၁၄
၀၉၄၂၂၅၂၃၁၂၈
၀၉၇၈၀၀၈၈၅၂၈
၀၉ ၄၂၂၄၉၂၈၉၇
၀၉ ၂၅၀၄၂၈၇၇၁

#စေတီတော်မြတ်ကြီးဂေါပကအဖွဲ့



No comments:

Post a Comment