Latest News

Wednesday, August 29, 2018

ဂျူဗင်တပ်နဲ့အတူ စီးရီးအေသွင်းဂိုးတစ်ဂိုးရှာဖွေသွားမယ်ဆိုတဲ့ စီရိုနယ်လ်ဒို

ဂျူဗင်တပ်နဲ့အတူ စီးရီးအေသွင်းဂိုးတစ်ဂိုးရှာဖွေသွားမယ်ဆိုတဲ့ စီရိုနယ်လ်ဒို

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၈ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်အထိ ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးပါဘူး။

စီရိုနယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ အတူ စီးရီးအေနှစ်ပွဲအထိ ပွဲထွက်ကစားပေးထားပြီး   ဂိုးမသွင်းယူနိုင်သေးတာကြောင့် စက်တင်ဘာ ၁ ရက်မှာ ကစားမယ့် ပါးမားအသင်းနဲ့ ပွဲစဉ်မှာ စီးရီးအေ သွင်းဂိုးတစ်ဂိုးရှာဖွေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

လာဇီယိုအသင်းကို ဂျူဗင်တပ်အသင်းက နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း စီရိုနယ်လ်ဒိုဟာ သွင်းဂိုးတစ်ဂိုးရနိုင်တဲ့အခွင့်အရေး ရှိခဲ့ပေမယ့် အကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။ စီရိုနယ်လ်ဒိုဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းဟာ နှစ်ပွဲစလုံးအနိုင်ရရှိခဲ့တာကြောင့် ရမှတ်ခြောက်မှတ်အပြည့်ရယူထားနိုင်ခဲ့ပါတယ်။

နိုင်လင်းကြည်

No comments:

Post a Comment