Latest News

Wednesday, August 29, 2018

နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှ … တ ရား စီ ရင် ပြစ် ဒဏ် ချ မှတ် သည့် စစ် ခေါင်း ဆောင် များ


Democratic Republic of the Congo နိုင်ငံက Thomas Lubanga ရဲ့အမှုဖြစ်ပါတယ်။ သူ့ကို “အသက် ၁၅ နှစ်အောက်ရှိတဲ့ ကလေးတွေကို စစ်သားအဖြစ်စုဆောင်းမှု၊ ကလေးစစ်သားများကို သေကြေပျက်ဆီးစေသည့် စစ်မက်ဖြစ်ပွားရာ၌ ပါဝင် စေမှု၊ အသုံးပြုမှု” တွေနဲ့ စွဲချက်ခဲ့တာ ဖြစ်ပါတယ်။ အိုင်စီစီက စုံစမ်းစစ်ဆေးမှုကို ၂၀ဝ၉ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၄ နှစ်ချမှတ်ပါတယ်။
..
DRC နိုင်ငံက သူပုန်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ Germain Katanga and Mathieu Ngudjolo Chui တို့ကိုလဲ ၂၀ဝ၉ မှာ ICC က စတင် စုံစမ်းစစ်ဆေးတယ်။ Katanga ကို ၂၀ဝ၃ ခုနှစ်မှာ Bogoro ကျေးရွာအားတိုက်ခိုက်ခဲ့မှု (လူသတ်မှု၊ အရပ်သားများအား တိုက်ခိုက်မှု၊ အဆောက်အအုံများအားဖျက်ဆီးမှု၊ လုယက်မှု)၊ လူသားမျိုးနွယ်အားဆန့်ကျင်သည့် စစ်ရာဇဝတ်မှု (လူသတ်မှု) တွေနဲ့ စွဲချက်တင်ပါတယ်။ Ngudjolo Chui လဲ “စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အားဆန့်ကျင်သည့် စစ်ရာဇဝတ်မှု” တွေနဲ့ စွဲချက်တင် ခံရပါတယ်။ ၂၀၁၄ မှာ Katanga ကို ထောင်ဒဏ် ၁၄ နှစ်ပြစ်ဒဏ်ချမှတ်ပါတယ်။ ၂၀၁၆ မှာ ပြစ်ဒဏ်လျော့ပေါ့ဖို့ တောင်းခံခဲ့ပြီး ICC က သူ့အမှုကို ပြီးဆုံးခဲ့တယ်။ Katanga ကို သူ့နိုင်ငံမှာပဲ ဖမ်းဆီးထိမ်းသိမ်းထားပြီး အခြားအမှုတွေကို ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။
..
DRC နိုင်ငံက Jean-Pierre Bemba (ဒုသမ္မတ ၂၀ဝ၃-၂၀ဝ၆) လဲ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့်စစ်ရာဇဝတ်မှု (သူ့အမိန့်ပေးမှုအောက်မှာရှိတဲ့ စစ်သားများရဲ့အရပ်သားများကို သတ်ဖြတ်ခြင်း၊ မဒိမ်းကျင့်ခြင်း) စတာတွေနဲ့ စွဲချက်တင်ခံရပါတယ်။ သူ့ကို ၂၀ဝ၈ မှာ ဘယ်ဂျီယံနိုင်ငံ Brussels မှာ ICC က ထုတ်ထားတဲ့ဝရမ်းနဲ့ ဖမ်းဆီးခဲ့ပါတယ်။ သူ့အမှုကို ICC က ၂၀၁၀ မှာ စုံစမ်း စစ်ဆေးပြီး ၂၀၁၆ မှာ သူ့ကို ထောင်ဒဏ် ၁၈ နှစ်ပြစ်ဒဏ်ချမှတ်ပါတယ်။ Jean-Pierre Bemba ရဲ့အမှုမှာတော့ သူ့ကြောင့် ဓါးစာခံ ဖြစ်ခဲ့ရသူတွေ ၅၂၀ဝ ကျော်ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ မှာ သူ့အမှုကို အိုင်စီစီရဲ့ အယူခံတင် ပြန်လည်စစ်ဆေးတဲ့ တရားလွှတ်တော်က ကွာဟချက်ကြီးမားတာကြောင့် အမှုကို ပလပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူ့ကို အခြားအမှုတွေ ဆက်လက်ရက်ဆိုင်ဖို့ ထိမ်းသိမ်း ထားဆဲဖြစ်ပါတယ်။
..
DRC နိုင်ငံက Bosco Ntaganda ရဲ့ အမှု တရားရင်ဆိုင်ရေးကို စက်တင်ဘာ ၂၊ ၂၀၁၅ မှာ စပါတယ်။ သူ့ကို စစ်ရာဇဝတ်မှု (၁၃) မှု၊ လူသားမျိုးနွယ်အားဆန့်ကျင့်သည့်ရာဇဝတ်မှု (၅) မှုနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ DRC နိုင်ငံ ‘Ituri’ ဒေသမှာ ၂၀ဝ၂-၂၀ဝ၃ အတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
..
Ivory Coast နိုင်ငံက ဒုသမ္မတ Laurent Gbagbo နဲ့ နိုင်ငံရေးသမား Charles Ble’ Goude’ တို့အမှုကို ဇန်နဝါရီ ၂၀၁၆ မှာ တရားရင် ဆိုင်ဖို့ စပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ အတွင်း ဖြစ်ပွားခဲ့တဲ့ ကျူးလွန်ခဲ့တဲ့/တာဝန်ခံရမယ့် အမှုတွေက လူသတ်မှု၊ မဒိမ်းမှုတို့အပါအဝင် လူသားမျိုးနွယ်အားဆန့်ကျင့်သည့်ရာဇဝတ်မှု (၅) မှုတို့ ဖြစ်ပါတယ်။
..
နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ရှေ့ဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို ဖျက်ဆီးတာကိုလဲ စစ်ရာဇဝတ်မှုလို့ သတ်မှတ်ပြီး တရားစီရင်ပါတယ်။ အစ္စလမ်မစ်တပ်ဖွဲ့က Ahmad al-Faqi al-Mahdi နိုင်ငံ၊ ရှေ့ဟောင်းမြို့တော် Timbuktu မှာရှိတဲ့ ဘာသာရေး ဆိုင်ရာနဲ့ သမိုင်းဆိုင်ရာ အထိမ်းအမှတ်အဆောက်အအုံတွေကို ဖျက်ဆီးခဲ့မှုနဲ့ ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ်ပေးခဲ့ပါတယ်။
..
Ref:
CNN. “International Criminal Court Fast Facts.” CNN Library. 27 March, 2018. Retrieved 8 August, 2018 from https://www.cnn.com/…/international-criminal-cou…/index.html.
..
ကိုချမ်းမှိုင်း
သြဂုတ် ၂၀၁၈

No comments:

Post a Comment