Latest News

Sunday, August 19, 2018

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု လက်ရှိချန်ပီယံ ဒေဝ အနိုင်ရ

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု လက်ရှိချန်ပီယံ ဒေဝ အနိုင်ရ

ရန်ကုန်  သြဂုတ်  ၁၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် က ကြီးမှူး၍ မြန်မာမီဒီယာဂရု(ပ်)မှ စီစဉ်ကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲက  ရန်ကုန် မြို့ရှိ  သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ ယင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဒေဝခေါ် ဒေ့ဗ်(ကနေဒါနိုင်ငံသား  မြန်မာကိုယ်စားပြု)က ပြိုင်ဘက် ဒီစဲလက် (ထိုင်း)အား ပထမအချီမှာပင် အလဲထိုးအနိုင်ရခြင်းဖြစ်သည်။

ဒီစဲလက်မှာ  ပထမအချီ နှစ်မိနစ်တွင် ဒေဝ၏တံတောင်ရိုက်ချက်ကြောင့်    မေးရိုးထိမှန်ကာ နှစ်မိနစ် အနားတောင်းခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ရာ ၂၃ စက္ကန့်အကြာတွင်  ဒေဝ၏  ဒူးတိုက်ချက်ကြောင့်  ပြန်လည်ထိုးသတ်နိုင်ခြင်း မရှိသဖြင့် ဒေဝအား အရှုံးပေးလိုက်ရသည်။

(၈ဝ)ကီလိုတန်းတွင် ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒါရီလိုကုကု(ကွန်ဂို)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ထွန်းထွန်းမင်းက အတင်းဝင်ရောက်ထိုးသတ်ရာ ဒါရီလိုကုကုမှာ ပါးနပ်စွာရှောင်တိမ်းနိုင်ခဲ့ပြီး 
နောက်ဆုံးအချီတွင် ထွန်းထွန်းမင်း၏ခေါင်းတိုက်ချက်ကြောင့် ဒါရီလိုကုကုမှာ မေးရိုးထိပြီး အမှတ်စဉ်ရေတွက်ခြင်းခံရသော်လည်း ပူးတွဲသရေဖြင့်သာ အဆုံး သတ်ခဲ့သည်။

(၇၃)ကီလိုတန်းတွင် ရွှေရာမာန်(မြန်မာ)နှင့် ခိုဟီဟိုခဲရှီ(ဂျပန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ခိုဟီဟိုခဲရှီမှာ ဘယ်ညာလက်သီးတွဲလုံးများဖြင့် အတင်းဝင်ရောက် ထိုးသတ်သော်လည်း  ရွှေရာမာန်က    ပါးနပ်စွာ  ရှောင်တိမ်းထိုးသတ်နိုင်ခဲ့ပြီး ရွှေရာမာန်၏တန်ပြန်တိုက်စစ်ကြောင့် ခိုဟီဟိုခဲရှီမှာ နဖူးပေါက်ဒဏ်ရာကြောင့်  နှစ်ခါတိတိ  ဆေးစစ်ခြင်းခံရပြီး စတုတ္ထအချီ ၁ မိနစ် ၄၂ စက္ကန့်တွင် ထပ်မံ အနားတောင်းခဲ့ရသော်လည်း သရေပွဲဖြင့်သာ အဆုံးသတ်ခဲ့သည်။

(၅၇)ကီလိုတန်းပွဲစဉ်တွင် ရဲသွေးနီ(မြန်မာ)နှင့်  ယူတာဟာမာမိုတိုကတ် (ဂျပန်)ပွဲစဉ်တွင် ရဲသွေးနီ၏ ဘယ်ဝိုက်ညာဝိုက် လက်သီးချက်များကြောင့် ယူတာ ဟာမာမိုတိုကတ်၏ ဘယ်ဘက်မျက်လုံး  ဖူးရောင်ဒဏ်ရာများရရှိကာ စတုတ္ထအချီ ၂ မိနစ် စက္ကန့် ၄ဝ တွင် ဒိုင်ပွဲရပ်ဖြင့် ရဲသွေးနီအနိုင်ရရှိခဲ့သည်။

ထို့အပြင် (၆၅)ကီလိုတန်းပွဲစဉ်တွင် ထွန်းလွင်မိုး(မြန်မာ)က ပြိုင်ဘက် ခါရာတီဆာရီတီဒတ်(ထိုင်း)အား အသာစီးထိုးသတ်နိုင်ခဲ့သော်လည်း သရေ ရလဒ်ဖြင့်သာ  အဆုံးသတ်ခဲ့ပြီး   ၇ဝ ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ဖျံသွေး(ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် စောဂေါ်မူဒို(သတ္တိ)ပွဲစဉ်မှာလည်း သရေ ရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။   အမျိုးသမီးပွဲစဉ်ဖြစ်သည့်   ဘရောနီကာ (မြန်မာ)နှင့် အဟ်လီနာ မစ်ချပ်(ဘီလာရုစ်)တို့ပွဲစဉ်မှာလည်း သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ယင်းပွဲစဉ်တွင် ဘရောနီကာမှာ အသာစီး ရယူထိုးသတ်နိုင်ခဲ့ သည်။                 

သတင်းနှင့်ဓာတ်ပုံ - ဇာနည်မောင်၊ အေးမင်းသူ

No comments:

Post a Comment