Latest News

Sunday, August 19, 2018

ငဝန်အိမ်မက်တံတားကြီး ပေါ်ပေါက်လာတော့မည်၊


မိဘများမရှိသည့်နောက် မိဘများကဲ့သို့ ရိုသေလေးစားရသော ဦးလေး ဒေါ်လေးတို့ရှိရာ လှော်ကထားရွာသို့၂၃.၁၀.၂၀၁၃ရက်က စက်လှေဖြင့်သွားရောက်ခဲ့ပြီးကန်တော့ခဲ့သည်။
ပီးနောက်ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ကျောင်းအုပ်(ငြိမ်း)ဆရာဦးမြစိုးထံဝင်ရောက် နှုတ်ဆက်ပီးငယ်ငယ်ကအကြောင်းတွေပြောရင်းက ယခင်လေးမျက်နှာမြို့ဟောင်းတွင် စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင် လာရောက်၍ စာပေဟောပြောခဲ့စဉ်က လေးမျက်နှာမြို့သို့ရထားတစ်တန် ကားတစ်တန် စက်လှေတစ်တန်ဖြင့်နယ်စပ်မြို့ကဲ့သို့ ခက်ခက်ခဲခဲ အဆင့်ဆင့်သွားခဲ့ရတာကိုအကြောင်းပြုပီး ဆရာကြီးရေးသားခဲ့သည့် "သာ၍ဝေးရာဆီသို့" ဝတ္ထုတွင်လေးမျက်နှာမြို့ကို ဧရာဝတီတိုင်းဒေသကြီး၏ မဲဇာဟု တင်စားရေးသားခဲ့သည်များ ပြောဖြစ်ခဲ့ကြပီး ဆရာကြီးလေးမျက်နှာလောက်တင်လာ၍ မဲဇာဟု ပြောခြင်းဖြစ်ပီး နောက်ထပ်တစ်ရွာသာခေါ်သွားပါမူ "သွားလေရော့လဟယ်"ဟုပင်ရေးတော့မည်ထင် သည်။

ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတခရိုင်လေးမျက်နှာမြို့နှင့်မြို့၏ငဝန်မြစ် အနောက်ဖက်ခြမ်းရှိကျေးရွာများလမ်းပန်း ဆက်သွယ်ရေး နှင့်လုံခြုံရေး အထူးအားဖြင့် ရောင်စုံသူပုန်များရှိစဉ်ကအတော်ကြီးဒုက္ခရောက်ခဲ့ရသောဒေသများဖြစ်ခဲ့ကြသည်။ ကောင်းကောင်း မအိပ်ရ မစားရ ကိုယ့်ရှိလို့တောင်ထုတ် မဝတ်ရဲကြ ညဖက်ရှောင်ပုန်းအိပ်ကြရပီး လေးမျက်နှာမြို့ပေါ်မှာပင် တနှစ်၂ကြိမ်လောက် တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

လေးမျက်နှာမြို့သို့လာလိုကနံနက်၎နာရီလောက် ကတည်းက ခြေကျင် ထလာကြရသည်။ အပြန်တွက်ဓာတ်မီးများဆောင်လာရသည်အထိ ခက်ခဲသည်။ ပြည်သူ့ကောင်စီလက်ထက်က ရပ်ကျေးဥက္ကဌများအန္တရာယ်နှင့်သွားလာရေးဒုက္ခတွေအပေါ်တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ကြရသည်။
ဌာနဆိုင်ရာရုံးလုပ်ငန်းများနှင့်ဈေးရောင်းဈေးဝယ် ကိစ္စများကိုမိုးတွင်းဖက်တွင် လှေများဖြင့် လာရောက်ကြသကဲ့သို့နွေဘက်တွင်လှည်းများဖြင့် သို့မဟုတ် ခြေလျှင် လာရောက်ကြရသည်။

စပါးဒိုင်များဖွင့်သည့်ရာသီတွင်စပါးချလှည်းများဖြင့် အကြုံလိုက်လာသူများရှိသည်။ လှေမပေါက်လှည်းမပေါက် သီတင်းကျွတ်!တန်ဆောင်မုန်းလများတွင်များစွာ ဒုက္ခ ရောက်ကြရသည်။ အဆိုးဆုံးမှာကျန်းမာရေးအရ မသေသင့်ဘဲ သေကြရသည်မှာအများဆုံးဖြစ်ပီးလမ်းပန်း ဆက်သွယ်ရေးမကောင်း ခြင်းကြောင့်ကျန်းမာရေး ပညာရေး လူမှူရေး စီးပွားရေးများအတော်နောက်ကျခဲ့ရသည်။
၁၉၉၃ခုနှစ် ငဝန်မြစ်ရေ တိုက်စားမှူကြောင့် လေးမျက်နှာမြို့ကိုငဝန်မြစ်အနောက်ဖက်ခြမ်းမှ အရှေ့ဖက်ခြမ်းရေကာတာအတွင်းပိုင်းတစ်မိုင် ကျော်ခန့်ပြောင်းရွှေ့ခဲ့ရသည်။ပြောင်းရွှေ့ရသည့် အတွက်မြို့သစ်အနေဖြင့်မြို့ဟောင်းမှာထက်စာလျှင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသော်လည်း အနောက်ဖက်ခြမ်းဒေသ ကျေးရွာအုပ်စုများနှင့် ပိုမို ဝေးကွာသွားခဲ့သည်။ယခင်လမ်းပန်းဆက်သွယ်ရေးအတိုင်းမကောင်းသည့်အပြင် ငဝန်မြစ်ကို လှေ စက်လှေများဖြင့် ကူးရသည့်အခက်အခဲများပါရှိနေသည်။

ပုသိမ် မုံရွာ ရေဦး လမ်းမကြီးပေါက်သွားပီးနောက် အနောက်ဖက်ကျေးရွာများ လေးမျက်မြို့သို့မလာတော့။
ငါးသိုင်းချောင်းမြို့နယ်ခွဲနှင့်အင်္ဂပူမြို့နယ် ကွင်းကေါက်ရွာကြီးသို့သာဈေးရောင်းဈေးဝယ် ကုန်ရောင်းကုန်ဝယ် ပြုလုပ်ကြသည့်အပြင် အရှေ့ဖက်ခြမ်းအုပ်စုများမှလည်းဟသ်ာတမြို့နှင့် ငါးသိုင်းချောင်းမြို့နယ်ခွဲများသို့သာသွားရောပ်ကြပီးမလွှဲ မရှောင်သာ အစိုးရရုံးကိစ္စများဖြင့် သာလာရောက်ကြသည့်အတွက် မြို့မှာပိုမို ခြောက်ကပ်သွားခဲ့သည်။
လှေမပေါက်ကုန်းမပေါက်အချိန် များတွင် လေးမျက်နှာမြို့သို့လာလိုပါကအထူးသဖြင့် တောင်သူလယ်သမားများ|ဆရာ ဆရာမများ| ဝန်ထမ်းများမှာ ကား|ထော်လာဂျီတို့ဖြင့် ကွင်းကေါက် တလုတ္ထော်လေးမျက်နှာလမ်းနှင့် ငါးသိုင်းချောင်း အိုင်သပြု လေးမျက်နှာလမ်းတို့ဖြင့် လာရောက်ကြရသည်။
အချိန်ကုန် ငွေကုန် လူပန်း၍ပင်စင်စားသက်ကြီး ရွယ်အိုများ ပိုမိုဒုက္ခရောက်ကြရသည်။
သို့အခက်အခဲများကြောင့်လေးမျက်နှာမြို့သို့လာရန် ဝန်လေးကြသည်။

အထက်ပါဖြစ်စဉ်များအပေါ်မြို့အရှေ့ဘက်ခြမ်း ပြောင်းပြီးသည့်နောက် အနောက်ဖက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အနောက်ဖက်ခြမ်းနေပြည်သူလူထုများ ကျန်းမာရေး ပညာရေး အုပ်ချုပ်ရေးစီးပွားရေးမှအစ အထွေထွေ အရပ်ရပ် ကောင်းမွန်အဆင်ပြေစေရန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရအဖွဲ့ လက်ထက်တွင်ဖွံ့ဖြိုးတိုးတက်လျှက်ရှိသော လှော်ကထားရွာကြီးကိုမြို့နယ်ခွဲအဖြစ် တိုးမြှင့် သတ်မှတ်ပေးရန် အထက်အဆင့်ဆင့်သို့ တင်ပြခဲ့သည်များလည်းရှိခဲ့သည်။ ယနေ့တိုင်ပြည်ကိုဘက်စုံထောင့်စုံမှဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတော်အကြီးအကဲများ တိုင်းဒေသကြီးအကြီးအကဲများအပြင်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်တိုင်းဒေသအသီးသီးသို့ သွားရောက်၍ပြည်သူတို့၏လိုအပ်ချက်များနှင့် ဆန္ဒအမှန်တို့ကိုတွေ့ဆုံဆွေးနွေးဖြေရှင်းပေးလျှက် ရှိနေပါပြီ။ စစ်မှန်သောဒီမိုကရေစီစနစ်သို့ ကူးပြောင်း ချီတက်ရာတွင်ယခုကဲ့သို့အစိုးရဝန်ကြီးများ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ တစ်နိုင်ငံလုံးဒေသဖွံ့ဖြိုးရေး ကျေးလက်နှင့် မြို့ပြ ကွာဟမှူမရှိရေး ဆင်းရဲနွမ်းပါးမှူလျော့ချရေးများကိုဦးစားပေး ဆောင်ရွက်နေကြသည်ကိုမြင်ရကြားရသဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ယခင်ကာလများကဝန်ကြီးတစ်ဦးနှင့်တွေ့ရန် ခက်ခဲသလောက် ယခုအခါပြည်သူအတွင်းသို့ ထဲထဲဝင်ဝင်ရောက်ရှိနေပြီ။
တခေတ်တစ်ခါက လေးမျက်နှာ|အင်္ဂပူ|သာပေါင်း မြို့များသည်ဧရာဝတီ၏အားအနည်းဆုံးမြို့များ ဖွံ့ဖြိုးမှူအညံ့ဆုံးမြို့များဖြစ်ခဲ့ကြသော်လည်း ယနေ့ကာလတွင် လေးမျက်နှာမြို့သည်ဧရာဝတီ၏ အားအနည်းဆုံးမြို့ဖြစ်လျှက်ရှိနေသေးသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှ လေးမျက်နှာမြို့၏ အားနည်းမှူဖွံ့ဖြိုးမှူနောက်ကျနေမှူ ကိုစောင့်ရှောက်သောအားဖြင့် အစစကူညီပံ့ပိုးစောင့်ရှောက်ခဲ့သည့်အပြင်
လေးမျက်နှာမြို့သား ဝန်ကြီးဦးကျော်ဝင်းနိုင်မှ စွမ်းအားရှိသမျှ ဘက်စုံတိုးတက်စေရန် အချိန်နှင့်အမျှ ဆောင်ရွက်ပေးလျှက်ရှိသည်။
ထို့အတူ ရန်ကုန်မြို့မှ အောင်ဆန်းဆရာတော်(ပြည်တွင်းပြည်ပကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာ့သာသနာပြု)နှင့် ရန်ကုန်ရောက်လေးမျက်နှာမြို့နယ်ဇာတိသားများ (လေးမျက်နှာမြို့နယ်အသင်းရန်ကုန်)မှလည်းအထူး အလေးပေးလျှက် ဘာသာရေး ကျန်းမာရေး ပညာရေးတို့ကို ဆောင်ရွက်လျှက်ရှိသည်။
သို့သော်ငဝန်မြစ်ပိုင်းခြားခွဲခြားနေခြင်းကြောင့် ယနေ့တိုင် အရှေ့ အနောက် ကွာလျှက်ပင်ရှိနေသည်။
ဖွံ့ဖြိုးတိုးတကိမှူလမ်းပန်းဆက်သွယ်ရေးများလည်းယခင်ကထက်စာလျှင်အထိုက်အလျှောက်သာ တိုးတက်သည်။
အနောက်ဖက်ခြမ်းမှမြို့နယ်သူ မြို့နယ်သားများ အပါအဝင် အရှေ့ဖက်ခြမ်းမှမြို့နယ်သူ မြို့နယ်သားများ၏ ပြင်းပြသောဆန္ဒအမှန်မှာ လေးမျက်နှာမြို့၏ ငဝန်မြစ်ကူးတံတားကြီးအမြန်ဆုံးပေါ်ထွန်းရန်မျှော်လင့်ချက်အိမ်မက်ပင် ဖြစ်သည်။
အဆိုပါငဝန်မြစ်ကူးတံတားကြီးပေါ်ထွန်းလာပါက ယခင်ကရှိနေခဲ့သည့်ယခုရှိနေဆဲဖြစ်သော လမ်းပန်း ဆက်သွယ်ရေး စီးပွားရေး လူမှူရေးမှအစ ဘက်စုံ လျှင်လျှင်မြန်မြန် ပြောင်းလဲ တိုးတက်သွားမည်အမှန်ပင်ဖြစ်သည်။
ယခင်အရှေ့ဘက်သို့ အနောက်ဖက်သို့အပြန်အလှန် သွားရောက်လိုက အချိန်ကုန်လူပန်းငွေကုန်၍ သုံးလေးနာရီသွားခဲ့ရသည်များ။ နာရီဝက်ဖြင့် သွားလာနိုင်သကဲ့သို့ အထူးအားဖြင့် ရခိုင်ပြည်နယ် ဂွဖက်မှလာသောကားများ ဧရာဝတီရေနံ့သာဂိတ်ရောက်ပြီးတစ်နာရီအတွင်း ဟသ်ာတမြို့သို့ရောက်နိုင်သည်အထိလျှင်မြန် သွားမည်ဖြစ်သည်။
ယခုအခါ အနောက်ဖက်ခြမ်း ပုသိမ်-မုံရွာ-ရေဦးလမ်းမကြီးဘေးရှိပန်းတောကြီးရွာမှ လေးမျက်နှာမြို့ဟောင်းထူပါရုံစေတီတော်မြတ်ကြီးသို့နွေမိုးဆောင်းသွားလာနိုင်သည့် လမ်းဖောက်လျှက်ရှိရာ ကွန်ကရစ်တံတားနှစ်စင်းခန့် သာကျန်တော့ပီး လမ်းပိုင်းမှာလည်းပြီးစီးရန် အနည်းငယ်သာလိုတော့သည်။
အဆိုပါပန်းတောကြီး ထူပါရုံလမ်းပြီးပါကငဝန်မြစ်ကူး တံတားကြီးသည်တည်ဆောက်ဖြစ်ပေါ်လာရန်အလွန် နီးကပ်သွားပီဖြစ်သည်။
ကျွန်တော်တို့သူငယ်ချင်းများအသက်(၆၀)ကျော်ကုန် ကြပါပီ။
ခေတ်အမျိုးမျိုး ဘဝအဖုံဖုံကျော်လွှားခဲ့ဖူးပြီ။
ယနေ့အဆိုပါ ငဝန်မြစ်ကူးတံတား လေးမျက်နှာတံတားကြီး ကိုမြင်သွားချင်ကြသည်။
တံတားကြီးပေါ်မှဖြတ်သန်းကျော်လွှားသွားကြည့်ချင် ကြသည်။
ယခုတော့ ဧရာဝတီ မဲဇာ၏ငဝန်မြစ်ကူးအိမ်မက် တံတားကြီး လက်တွေ့ပေါ်ပေါက်လာမည်ကိုမျှော်လျှက်
တောင့်တလျှက်ရှိနေပါတော့သည်။
လှိုင်အေး(လေးမျက်နှာ)

No comments:

Post a Comment