Latest News

Thursday, August 2, 2018

လဝကရုံးသို႔ မွတ္ပုံတင္သြားလုပ္ရာ မွတ္ပုံတင္မရသျဖင့္ ဆယ္တန္းက်ာင္းသူတစ္ဦး အဆိပ္ေသာက္ေသဆုံး


လဝကရုံးသို႔မွတ္ပုံတင္သြားလုပ္ရာ မွတ္ပုံတင္လုပ္မေပးသျဖင္​့ က်ာင္းသူတစ္ဦးအဆိပ္ေသာက္ေသဆုံး

ဂန္႔ေဂါ ၊ဇူလိုင္ ၃၀

မေကြးတိုင္းေဒသၾကီး၊ဂန္႔ေဂါခရိုင္ထီးလင္းျမိဳ႕နယ္၊ကံသာေက်းရြာတြင္(၁၀)တန္းေက်ာင္းသူတစ္ဦးစာေမးပြဲနီးလာ၍ေဖာင္တင္ရန္ အေရးၾကီးေသာေၾကာင့္လဝကရုံးသို႔မွတ္ပုံတင္သြားလုပ္ရာမွတ္ပုံတင္လုပ္မေပးဘဲေငါက္ငမ္းလႊတ္ေသာေၾကာင့္အဆိပ္ေသာက္ေသဆုံးေၾကာင္းကံသာေက်းရြာေဒသခံမ်ားေျပာျပခ်က္အရသိရွိရပါသည္။

သမီးက(၁၆)ႏွစ္ပဲရွိပါေသးတယ္ကေလးကဒီႏွစ္(၁၀)တန္​းေျဖရမွာပါ။ေက်ာင္းအပ္တာကေမာင္ဦးျဖစ္ျပီးမွတ္ပုံတင္ထဲမွာကေဒြးလိႈင္ျဖစ္ေနတာ။

ေက်ာင္းေထာက္ခံခ်က္ကေမာင္ဦးျဖစ္ေနျပီးမွတ္ပုံတင္ထဲမွာကေဒြးလိႈင္ျဖစ္ေနတာ။ အဲဒါမရဘူးေက်ာင္းမွာျပန္ေျပာအုံးဆိုျပီးေျပာလႊတ္တယ္။

က်မတို႔ကေတာသူေတာင္သားေတြဆိုေတာ့ဘယ္လိုဘယ္လိုလုပ္ရမယ္ဆိုတာနားမလည္ဘူး။ အခ်က္အလက္ေတြအမ်ားၾကီးလိုတယ္။

က်မကိုယ္တိုင္ပါတယ္ပါရဲ႕သားနဲ႔လုပ္မေပးလိုက္ပါဘူး။အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံခ်က္ပါတယ္။ေထာက္ခံခ်က္ထဲမွာေဒြးလိႈင္(ေခၚ)ေမာင္ဦးဆိုျပီးလုပ္ေပးလိုက္တယ္။အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံခ်က္နဲ႔လည္းမဆိုင္ဘူးေျပာေသးတယ္။ပထမတစ္ၾကိမ္က(၆)လပိုင္းမွာသြားလုပ္တယ္။ဒုတိယအၾကိမ္ဇူလိုင္လ(၂၆)ရက္ေန႔မွာသြားလုပ္တယ္(၃)နာရီအခ်ိန္မွာသြားလုပ္တယ္။လုပ္မေပးလိုက္ေတာ့ကေလးကလဝကရုံးထဲကထြက္ကတဲ႔ကစာေမးပြဲေျဖဖို႔ေဖာင္တင္လို႔ရမွာမဟုတ္ေတာ့ဘူးေျပာျပီးငိုေနေတာ့တာ။ေက်ာင္းေနတာကဂန္႔ေဂါအထကေက်ာင္းမွာေနတာပါ။ေနာက္လူေတြက်မတို႔လို႔မျဖစ္ေစခ်င္ဘူး။

ေတာသူေတာင္သားေတြဟာနားမလည္ဘူးဒီလိုအျဖစ္မ်ိဳးနဲ႔မၾကံဳရပါေစနဲ႔လို႔ဘဲေျပာခ်င္ပါတယ္ဟုေသဆုံးသူ၏မိခင္ျဖစ္သူေဒၚျမင့္ျမင့္ခိုင္ကေျပာသည္။

က်​ေနာ္​ဆီကို​ေထာက္​ခံစာလာလုပ္​တဲ့အတြက္​ က်​ေနာ္​ကလုပ္​​ေပးလိုက္​ပါတယ္​။​ေရး​ေပးလိုက္​တာကို လ.ဝ.က ႐ုံးကမလိုဘူး​ေျပာလိုက္​တယ္​တဲ့ က်​ေနာ္​​ေရး​ေပးလိုက္​တာကိုသူတို႔ကမလိုဘူး​ေျပာလိုက္​တဲ့အတြက္​က်​ေနာ္​ အမ်ားႀကီးစိတ္​မ​ေကာင္​းျဖစ္​တာ​ေပါ့ဗ်ာ။ က်​ေနာ္​ကရ​ေစခ်င္​လို႔​ေရး​ေပးလိုက္​တာပၚ။ က​ေလးမက​ေဘးပတ္​ဝန္​းက်င္​နဲ႔စကားမ်ားရန္​ျဖစ္​တာလဲမ႐ွိဘူး။ အိမ္​သား​ေတြနဲ႔ ရနိျဖစ္​တာလဲမ႐ွိဘူး။ သူျဖစ္​တဲ့ကိစၥက ႏိုင္​ငံသားစီစစ္​​ေရးကတ္​ျပားမရရင္​ ၁၀ တန္​း​ေျဖလို႔မရ​ေတာ့ဘူးဆိုၿပီး

အဲဒီဟာတခ်က္​နဲ႔စိတ္​​ေသာက​ေရာက္​ၿပီး အဲလိုျဖစ္​တာလို႔ဘဲထင္​တယ္​။ ညပိုင္​းမွာလဲမိဘ​ေတြကိုမွတ္​ပုံတင္​မရလို႔စာ​ေမးပြဲ​ေျဖလို႔ရပါ့မလားဆိုၿပီး ​ေျပာတယ္​လို႔​ေျပာတယ္​။ သူကဒီႏွစ္​မွစ​ေျဖမယ္​့က​ေလးပါကံသာ​ေက်းရြာအုပ္​ခ်ဳပ္​​ေရးမွဴးဦးမင္​းဆန္​းက​ေျပာသည္​။

ဂန္႔ေဂါ သတင္း

#Unicode Version#

လဝကရုံးသို့မှတ်ပုံတင်သွားလုပ်ရာ မှတ်ပုံတင်လုပ်မပေးသဖြင့် ကျာင်းသူတစ်ဦးအဆိပ်သောက်သေဆုံး

ဂန့်ဂေါ ၊ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်ထီးလင်းမြို့နယ်၊ကံသာကျေးရွာတွင်(၁၀)တန်းကျောင်းသူတစ်ဦးစာမေးပွဲနီးလာ၍ဖောင်တင်ရန် အရေးကြီးသောကြောင့်လဝကရုံးသို့မှတ်ပုံတင်သွားလုပ်ရာမှတ်ပုံတင်လုပ်မပေးဘဲငေါက်ငမ်းလွှတ်သောကြောင့်အဆိပ်သောက်သေဆုံးကြောင်းကံသာကျေးရွာဒေသခံများပြောပြချက်အရသိရှိရပါသည်။

သမီးက(၁၆)နှစ်ပဲရှိပါသေးတယ်ကလေးကဒီနှစ်(၁၀)တန်းဖြေရမှာပါ။ကျောင်းအပ်တာကမောင်ဦးဖြစ်ပြီးမှတ်ပုံတင်ထဲမှာကဒွေးလှိုင်ဖြစ်နေတာ။

ကျောင်းထောက်ခံချက်ကမောင်ဦးဖြစ်နေပြီးမှတ်ပုံတင်ထဲမှာကဒွေးလှိုင်ဖြစ်နေတာ။ အဲဒါမရဘူးကျောင်းမှာပြန်ပြောအုံးဆိုပြီးပြောလွှတ်တယ်။

ကျမတို့ကတောသူတောင်သားတွေဆိုတော့ဘယ်လိုဘယ်လိုလုပ်ရမယ်ဆိုတာနားမလည်ဘူး။ အချက်အလက်တွေအများကြီးလိုတယ်။

ကျမကိုယ်တိုင်ပါတယ်ပါရဲ့သားနဲ့လုပ်မပေးလိုက်ပါဘူး။အုပ်ချုပ်ရေးမှူးထောက်ခံချက်ပါတယ်။ထောက်ခံချက်ထဲမှာဒွေးလှိုင်(ခေါ်)မောင်ဦးဆိုပြီးလုပ်ပေးလိုက်တယ်။အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့လည်းမဆိုင်ဘူးပြောသေးတယ်။ပထမတစ်ကြိမ်က(၆)လပိုင်းမှာသွားလုပ်တယ်။ဒုတိယအကြိမ်ဇူလိုင်လ(၂၆)ရက်နေ့မှာသွားလုပ်တယ်(၃)နာရီအချိန်မှာသွားလုပ်တယ်။လုပ်မပေးလိုက်တော့ကလေးကလဝကရုံးထဲကထွက်ကတဲ့ကစာမေးပွဲဖြေဖို့ဖောင်တင်လို့ရမှာမဟုတ်တော့ဘူးပြောပြီးငိုနေတော့တာ။ကျောင်းနေတာကဂန့်ဂေါအထကကျောင်းမှာနေတာပါ။နောက်လူတွေကျမတို့လို့မဖြစ်စေချင်ဘူး။

တောသူတောင်သားတွေဟာနားမလည်ဘူးဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေနဲ့လို့ဘဲပြောချင်ပါတယ်ဟုသေဆုံးသူ၏မိခင်ဖြစ်သူဒေါ်မြင့်မြင့်ခိုင်ကပြောသည်။

ကျနော်ဆီကိုထောက်ခံစာလာလုပ်တဲ့အတွက် ကျနော်ကလုပ်ပေးလိုက်ပါတယ်။ရေးပေးလိုက်တာကို လ.ဝ.က ရုံးကမလိုဘူးပြောလိုက်တယ်တဲ့ ကျနော်ရေးပေးလိုက်တာကိုသူတို့ကမလိုဘူးပြောလိုက်တဲ့အတွက်ကျနော် အများကြီးစိတ်မကောင်းဖြစ်တာပေါ့ဗျာ။ ကျနော်ကရစေချင်လို့ရေးပေးလိုက်တာပါ်။ ကလေးမကဘေးပတ်ဝန်းကျင်နဲ့စကားများရန်ဖြစ်တာလဲမရှိဘူး။ အိမ်သားတွေနဲ့ ရနိဖြစ်တာလဲမရှိဘူး။ သူဖြစ်တဲ့ကိစ္စက နိုင်ငံသားစီစစ်ရေးကတ်ပြားမရရင် ၁၀ တန်းဖြေလို့မရတော့ဘူးဆိုပြီး

အဲဒီဟာတချက်နဲ့စိတ်သောကရောက်ပြီး အဲလိုဖြစ်တာလို့ဘဲထင်တယ်။ ညပိုင်းမှာလဲမိဘတွေကိုမှတ်ပုံတင်မရလို့စာမေးပွဲဖြေလို့ရပါ့မလားဆိုပြီး ပြောတယ်လို့ပြောတယ်။ သူကဒီနှစ်မှစဖြေမယ့်ကလေးပါကံသာကျေးရွာအုပ်ချုပ်ရေးမှူးဦးမင်းဆန်းကပြောသည်။

ဂန့်ဂေါ သတင်း

No comments:

Post a Comment