Latest News

Sunday, August 19, 2018

သပိတ်ကျင်းမြို့ နယ်၌ မှုခင်းရှုထောင့်သတင်းမီဒီယာအဖွဲ့ မှ အမျိုးသားသုံးဦးက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သဖြင့် အမှုဖွင့်အရေးယူထား


နေပြည်တော် သြဂုတ် ၁၈

မ္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ကြာညှပ်ကျေးရွာနေ ကိုဆန်းမျိုး လွင်(ခ) ဆန်းမျိုးသည် သြဂုတ် ၁၅ ရက် ညနေ ၄ နာရီခန့်တွင် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ မိခင်ဖြစ်သူ ဒေါ်စိန်မြင့် ရောက်ရှိလာပြီး သြဂုတ် ၁၄ ရက် ည ၁ဝ နာရီခန့်တွင် ၄င်းသည် ထီးချိုင့်မြို့နယ် မဲဟင်းကျေးရွာမှ စက်လှေဖြင့် လိုက်ပါ လာရာ ကြာညှပ်ဆိပ်ကမ်းနားမရောက်မီ အခြား စက်လှေတစ်စင်းနှင့် စက်လှေချင်း ကပ်ချိန်တွင် အဆိုပါ စက်လှေပေါ်ရှိ လူတစ်ဦးက မျက်နှာကို ဓာတ်မီးဖြင့် ထိုးသဖြင့် စကားများခဲ့ကြောင်း ပြောပြ သိရှိရသည်။

ကိုဆန်းမျိုးလွင် (ခ) ဆန်းမျိုးက ထိုလူအား စုံစမ်းရာ မှုခင်းရှုထောင့် သတင်းမီဒီယာအဖွဲ့မှ ကိုသိန်းနိုင်ဝင်း ဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် ဖုန်းဆက် ပြီး မိခင်ဒေါ်စိန်မြင့်နှင့် စကားများသည့် ကိစ္စအပေါ် လာရောက်တွေ့ဆုံရှင်းလင်း ရန်နှင့် မတွေ့ဆုံပါက တိုင်တန်းမည်ဖြစ် ကြောင်း ပြောကြားခဲ့ပြီး သြဂုတ် ၁၅ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်က ကြာညှပ် ကျေးရွာရှိ ရွှေလက်ရာလက်ဖက်ရည်ဆိုင် တွင် ကိုသိန်းနိုင်ဦး (ခ)ကိုမောင်နိုင် နှင့်အတူ ထိုင်နေစဉ် မှုခင်းရှုထောင့် သတင်းမီဒီယာအဖွဲ့မှ သိန်းနိုင်ဝင်း၊ ထွန်းနွယ်နှင့် မောင်ငယ်တို့သုံးဦး ရောက်ရှိလာကာ ''မင်းက ဘာကြောင့် တိုင်ချင်တာလဲ'' ဟု ပြောဆိုပြီး ထွန်းနွယ် က လည်ကုပ်အားဖိ၍ လက်သီးနှင့် ထိုးသဖြင့် ဝဲဘက်နားထင် ဖူးရောင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ¤င်း၏ဘယ်ဘက် လက်အား သိန်းနိုင်ဝင်းက နောက်မှ ဆွဲကာ ညစ်ညမ်းစွာဆဲဆို၍ သတ်ပစ်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊

ထို့ပြင် သိန်းနိုင်ဝင်း၊ ထွန်းနွယ်နှင့် မောင်ငယ် တို့သုံးဦးသည် ကိုသိန်းနိုင်ဦး (ခ)ကိုမောင်နိုင်၏ နေအိမ်ခြံဝင်းအတွင်း ကျူးကျော်ဝင်ရောက်ကာ ကိုသိန်းနိုင်ဦး (ခ) ကိုမောင်နိုင်အား လက်သီးနှင့် ထိုးမည်ဟု ပြောဆို၍ နေအိမ်အတွင်း သို့ဝင်ရန် ပြုလုပ်နေသဖြင့် ကိုသိန်းနိုင်ဦး (ခ) ကိုမောင်နိုင်၏ဇနီး မရီရီခိုင်က တားမြစ်သောကြောင့် ပြန်လည်ထွက်ခွာ သွားကြောင်း၊ တိုင်တန်း ထားမှုများအား သပိတ်ကျင်း မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment