နေပြည်တော် သြဂုတ် ၉
၂ဝ၁၈ ခုနှစ်အတွက် ပထမဦးဆုံး ကြိုးကြာခေါင်းနီ အကောင်ပေါက်ငယ်ကို မအူပင်မြို့အနီး ယမန်နေ့က မှတ်တမ်း တင်တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်း ရေးအ¸ (မြန်မာနိုင်ငံ အစီအစဉ်)မှ သိရသည်။
ကြိုးကြာခေါင်းနီများသည် မြန်မာ နိုင်ငံတွင်သာမက က္ဘာမှာလည်း မျိုးသုဉ်းရန် အ္တရာယ်ကျရောက်နေသော မျိုးစိတ်ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် အကောင် ၂ဝဝ မှ ၄ဝဝ ကြား ကျန်ရှိသည်ဟု ခန့်မှန်းထားသည်။
သစ်တောဦးစီးဌာန မိန်းမလှကျွန်း တောရိုင်းတိရ္ဆာန် ဘေးမဲ့တော၊ သားငှက်ထိန်းသိမ်းရေးအ¸ (မြန်မာနိုင်ငံ အစီအစဉ်)တို့ ပူးပေါင်း၍ ဇီဝမျိုးစုံ မျိုးကွဲ များ ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိ သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်သည့် ဝါးခယ်မ၊ မအူပင်၊ ပန်းတနော် နှင့် အိမ်မဲမြို့နယ်တို့တွင် ကြိုးကြာခေါင်းနီ သုတေသနလုပ်ငန်းများကို ဆောင်ရွက် နေခြင်းဖြစ်သည်။
၂ဝ၁၇ ခုနှစ်အတွင်း မအူပင်မြို့ တွင် ကျေးရွာ ၂ဝ၊ ဝါးခယ်မမြို့တွင် ၁၄ ရွာ၊ ပန်းတနော်မြို့တွင် ၁၁ ရွာနှင့် အိမ်မဲမြို့ တွင် ၁၈ ရွာ ပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မအူပင်မြို့ နယ် ၌၂၄ ရွာ၊ ဝါးခယ်မတွင်၂၂ ရွာ၊ ပန်းတနော် တွင် ၁၅ ရွာ၊ အိမ်မဲတွင် ၂၂ ရွာ ပြုလုပ် မည်ဖြစ်သည်။ ယင်းတို့၏ မိတ်လိုက် မျိုးပွားရာသီမှစတင်၍ ကြိုးကြာခေါင်းနီ အသိုက်နှင့် ဥများ စတင်သုတေသနပြု မှတ်တမ်းတင်လျက်ရှိကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီ အစဉ်)မှ သိရသည်။
အဆိုပါ ကြိုးကြာခေါင်းနီများ သုတေသနလုပ်ငန်းကို ၂ဝ၁၆ ခုနှစ်တွင် ဒေသခံအနည်းငယ်ကိုမေး၍ သုတေသန ပြုလုပ်ခဲ့ရာ ကြိုးကြာခေါင်းနီအသိုက် ၃၃ ခု၊ ၂ဝ၁၇ ခုနှစ်တွင် ဒေသခံများနှင့် ပူးပေါင်း၍ သုတေသနပြုလုပ်ခဲ့ရာ ကြိုးကြာခေါင်းနီအသိုက် ၁၃၈ ခုအထိ တွေ့ရှိထားကြောင်း သိရသည်။
ယခုနှစ်တွင်လည်း ဒေသခံများနှင့် ပူးပေါင်းပြီး သုတေသနပြုလုပ်ရာ ယခင် နှစ်များထက် ကြိုးကြာအသိုက်သတင်းပေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း များမှာ ပိုမိုပူးပေါင်းပါဝင်လာမည်ဟု ကြိုးကြာ ထိန်းသိမ်းရေးသမားများက ယုံကြည်လျက်ရှိသည်။
ထို့ကြောင့် ကြိုးကြာခေါင်းနီ ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကာ ကြိုးကြာခေါင်းနီငှက်သိုက်များ တွေ့ရှိပါက ဦးသက်ဇော်နိုင်(WCS) ဖုန်း ဝ၉-၈၆၁၆၉၈၁၊ ဦးပြည့်ဖြိုးအောင် (WCS) ဖုန်း- ဝ၉-၂၅ဝဝ၅၈၉၃၁ နှင့်WCS ရုံးဖုန်း- ဝ၁-၅၃၅၇၁၁ သို့ ဆက်သွယ်သတင်းပေးနိုင်ကြောင်း သိရ သည်။
ဇင်ဦး (မြန်မာ့အလင်း)ဓာတ်ပုံ - သက်ဇော်နိုင် (WCS)
No comments:
Post a Comment