မြန်မာအိုင်ဒေါ ဖိုင်နယ်လစ်ထဲပါသွားပြီဖြစ်တဲ့ မအူပင်သားဇော်ကြီး Voting နံပါတ် - 9 အားပေးကြရအောင်
မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ မအူပင်သားကြီး ဇော်ကြီး Voting နံပါတ် - 9 နဲ့ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
"9 ဂဏန်းနှင့်အကျိုးပေးတယ်ထင်တယ်
ကျနော်တို့ လေးယောက် group တုန်းက အဖွဲ့နံပါတ်စဉ်က 9 ပါပဲ.
Solo round သီချင်းရွေးဖို့ မဲနိုက်တော့လည်း နံပါတ် 9 ပါပဲ.
အခု finalist ထဲရောက်တော့ voting no မဲနိုက်တော့လည်း 9 ပါပဲ.ကျေးဇူးအထူးတင်ပါတယ် အားပေးသူအပေါင်းတို့ "ဆိုပြီး ဇော်ကြီးက သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားသည်။
• အသက် (၂၁)နှစ်ဖြစ်ပြီး မအူပင်ဇာတိဖြစ်ပါတယ်။ 1st Year (Geo) ကျောင်းသားဖြစ်ပါတယ်။
• ဘ၀တွင် မိဘ (၂)ပါးက အဓိကဖြစ်ပြီး၊ မွေးချင်း (၅)ယောက်တွင် အငယ်ဆုံးဖြစ်ပါတယ်။
• မိဘများမှ လယ်၊ ခြံ လုပ်ငန်း လုပ်ကိုင်ပြီး၊ မိဘလုပ်ငန်းတွင်လည်း ကူညီဆောင်ရွက်ပေးပါတယ်။
• ဂီတအလုပ်ပဲ လုပ်တတ်တာကြောင့် ဂီတလုပ်ရင်း အောင်မြင်လာလျှင် မိဘကို ကောင်းကောင်းမွန်မွန်ထားပြီး ကျေးဇူးဆပ်ချင်သော ရည်မှန်းချက်ရှိပါတယ်။
• မအူပင်မြို့မှ Studio တွင် Recording Engineer အဖြစ်လည်း လုပ်ကိုင်ပါတယ်။
• Myanmar Idol Season 3 ကို ရန်ကုန်မြို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Golden Ticket Winner ဖြစ်ခဲ့ပါတယ်။
• Myanmar Idol Season 3 တွင် အဆင့်ဆင့် ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး ရည်ရွယ်ရာ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန်အတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ရန် ဆုံးဖြတ်ထားပါတယ်။
တိုင်းဧရာအမျိုးတို့ အားပေးကြပါဦး.....
Sunday, June 10, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment